Posts

သိတော့သိတယ် ဒါပေမယ့်

သူနဲ့ကျွန်တော်မဖြစ်နိုင်တော့မှန်လဲသိတယ် ချစ်နေဆဲပါပဲ ကျွန်တော် ရူးခဲ့မှန်းလိုက်သိတယ် ဆက်ရူးချင်တုန်းပဲ သူကိုဆက်ချစ်နေတုန်းပဲ သူနဲ့ပက်သက်တဲ့မျော်လင့်ခြင်းတွေရှိနေဆဲပဲ

အမှားကို​ကြောက်​ခြင်း

အလုပ်နဲ့ပက်သက်ပြီး​​​အမှားကျူး လွန်​ရမှာကိုလုံးဝမ​ကြောက်​ပါနဲ။့ ငါလုပ်​ရင်​မှားများမှားသွားမလားလုံးဝမစိုးရိမ်​ပါနဲ့။ မှားတာဟာမ​ကောင်းဘူး မှားရင်​ဘ၀ပျက်​သွားနိုင်​တယ်​လို့တစ်​ချို့ကဆိုကြပါတယ်။ အဲဒါဟာအမှားမလုပ်​ဘဲသာမန်​ဘ၀မှာကိုယ်​​ယောက်​​ပျောက်​​နေကြတဲ့ လူ​တွေရဲ့စကားပါ။ နားမ၀င်​ပါနဲ့။ မှားသွားမှာမ​ကြောက်​ပါနဲ့။ များများမှားပါ။ မှားကသင်​ခန်းစာယူပါ။ ​ကျောင်းကသင်​​ပေးလိုက်​တဲ့မှားတာမ​ကောင်းဘူးဆိုတဲ့အသိ ​တွေ​ဝေ​နေတဲ့စိတ်​​တွေထုပ်​ပြစ်​လိုက်​ပါ။ ကိုက​ကောင်းတယ်​ထင်​​ရွေးချယ်​ထားတဲ့အလုပ်​ကိုမှားမှားမှန်​မှန်​မရှက်​မ​ကြောက်​လုပ်​ပါ။ ​အောင်​မြင်​​နေတဲ့လူ​တွေဟာအမှားများဆုံးလုပ်​တဲ့လူ​တွေပါ ။ မ​အောင်​မြင်​တဲ့သူ​တွေဟာ မှားမှာ​ကြောက်​တာနဲ့အမှန်​ကိုမ​ရောက်​နိုင်​သူ​တွေပါ။ ဘယ်​သူဘာ​ပြော​ပြောအ​ရေးကိုမစိုက်​ပါနဲ့။ သင့်​ဘ၀ကိုသူ့ပါးစပ်​ထဲလမ်းမဆုံးပါ​စေနဲ့။ ဒီလိုအမှား​ကြောက်​လို့ ကဲ့ရဲ့ခံရလို့ ​ပျောက်​သွားမယ်​ဆိုရင်​။ သင်​မ​ပေါ်နိုင်​​တော့ပါဘူး မြန်​မြန်​လုပ်​ များများမှား မှန်​မှန်​ပြင်​ မြန်​မြန်​​အောင်မြင်ကြပါ​​စေ။

ပဲပုတ်ချက်

Image
ပဲပုတ်ချက် City Hall ကနေ ပဲပုတ်တွေ့လို့ ပဲပုတ်ချက်စားရအောင် ၀ယ်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ညက်နေအောင်ထောင်းပြီးဆီသတ်ပါတယ်။ အရောင်လှချင်တယ်ဆိုရင်တော့ အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးပါးပါးလှီးပြီး ထည့်ပါ။ ခရမ်းချည် သီးကြေပြီ ဆိုလျင် ပဲပုတ်ထည့်၊ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီး ထည့်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ဆီပြန်လာရင် ရပါပြီ။ အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

ပဲပုတ်ပန်ထွေဖျော်

Image
ပဲပုတ်ပန်ထွေဖျော် ပါဝင်တာကတော့ (နှစ်ယောက်စာ) (၁) ပဲပုတ်  ၂ ချပ် ( ဒဲအိုးနဲ့ထည့်ပြီး အနံ့မွှေးအောင် ကင်ပေးပါ ) (၂) ငရုတ်သီးစိမ်း စားနိုင်သလောက် ( ဒဲအိုးနဲ့ထည့်ပြီး လှော်ထားပေးပါ) (၃) ကြက်သွန် အသေး တစ်လုံး (၄) ကြက်သွန်ဖြူ နှစ်တက် (၅) နံနံပင် (၆) ခရမ်းချဉ်သီး နှစ်လုံး (၇) ဆား၊ အချိုမှုန့်၊ ငံပြာရည် # ပထမဦးစွာ.. ခရမ်းချဉ်သီး နှစ်လုံးကို အိုးထဲတွင် ရေအနည်းငယ်ထည့်ပြီး.. ရေခန်းပြုတ်ပေးပါ။ # ရေခန်းပြီးခရမ်းချဉ်သီး အပြင်ခွံများ ကွဲအက်ပြီး.. အတွင်းဘက်ကလည်း ပျော့လာပြီဆိုလျှင်    အအေးခံထားပါ။ # ခရမ်းချဉ်သီး အေးလျှင် အပြင်အခွံများကို ခွာပေးပါ။ # ထို့နောက် ကြိတ်စက် ထဲတွင် ခရမ်းချဉ်သီး အခွံခွာထားတာရယ်၊ ပဲပုပ် ကင်ထားကို အပိုင်းလေးများ    ပိုင်းထားတာရယ်၊ ငရုတ်သီးစိမ်းလှော်ထားတာရယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တို့ကို ထည့်ပြီး    မကျေတကျေလေး ကြိတ်ပေးပါ။ # အားလုံး သမသွားလျှင် အပေါ့အငံမြည်းပြီး... ဆား၊ အချိုမှုန့်၊ ငံပြာရည်ကို လိုသလိုထည့်ပြီး မွှေပေးပါ။ # အပေါ်က နံနံပင်လေးဖြူးပြီး သုံးဆောင်လို့ရပါပြီရှင်..

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော် ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော် *********************** ပဲပုတ်အပါး......................၁၀ ချပ် ဂျူးမြစ်............................၂၀ ကျပ်သား မြေပဲလှော်........................၁၀ကျပ်သား ကြက်သွန်နီ......................၄ လုံး ကြက်သွန်ဖြူ.....................၁၀တက် ငရုတ်ကြန်းမှုန်. ................၁ ဇွန်း( ထမင်းစားဇွန်း) ဆား၊ အချိုမှုန်. ................သင့်ရုံ ပဲပုတ်တွေကို အလျားလက်မ၀က် အနံ၁စင်တီမီတာအပိုင်းများဖြစ်အောင်ကပ်ကြေးနဲ.ညှပ်ပါ။ ဂျူးမြစ်တွေကို လက်မ၀လောက်လှီးဖြတ်ပြီးရေဆေး..စစ်ထားပါ။(ဖြစ်နိုင်ပါက နေပူမှာ ၁နာရီလောက်လှန်းထားပါ) မြေပဲလှော်တွေကို လုံးခြမ်းကွဲလောက်သာထောင်းပါ။ ကြက်သွန်နီ၊ အဖြူတွေကိုအရွယ်ညီပါးပါးလေးတွေလှီးပါ...။ ဒယ်အိုးတစ်လုံးမှာဆီများများဖြင့် ကြက်သွန်နီ ၊ ဖြူတွေကို ကြွပ်နေအောင် သီးသန်.စီကြော်ပြီး.ဆီစစ်အအေးခံထားပါ။ နေလှန်းထားသောဂျူးမြစ်တွေကိုလည်း..ဆီပူပူမှာ..ကြွပ်အောင်ကြော်ပြီးဆီ စစ်ထားပါ...။ ပိုလျှံနေသောဆီများကို စစ်ထုတ်ယူထားပြီး..လက်ကျန်ဆီအနည်းငယ်မှာ ပဲပုတ်တွေကိုလည်း..ကြွပ်အောင်ကြော်ပါ။ (သတိပြုရမှာက ပဲပုတ်ြေ

အိမ်​ပြန်​​တွေး

အိမ်​ပြန်​​တွေး အားတင်းကာလုပ်​လိုက်​မဟဲ့ ကြိုးစားချင်​ စိတ်​ပဲရှိတဲ့လူ လက်​​တွေ့နဲ့​ဝေး နာဂတ်​အတွက်​ရင်​တကယ်​​လေးတယ်​ မိသားစုမင်းတာဝန်​ ပြုမြဲအမှား အကုသိုလ်​​တွေပဲ ​ကောင်းတာတစ်​ကွက်​မရှိ လန်​ပြန်​​အောင်​လိမ်​ ယုံကြည့်​သူစိတ်​ကိုရိုက်​ချိုး ယုံကြည်​ရာမဲ့သူမို့ တစ်​​ယောက်​ထဲအား​တွေငယ်​ လမ်း​တွေပါပဲ့​ကြွေဆဲ ​ရှေ့မှာ​ချောက်​ ကဲဘယ်​လို​လျှောက်​မလဲ

Bus ကား​ပေါ်က သမင်​မ​လေး

Image
အသားကဖြူ ၀င်းနု​နေငုဝါးရှုံး ဆံပင်​သန်​နက်​ ကြက်​​တောင်​စဉ်း အားနွဲတဲ့မူယာ လူတစ်​ကာဆွဲ​ဆောင်​​နေမြဲ ၀တ်​စားတာ မြန်​မာဆန်​ဆန်​နဲ့ ကတိပါ ​ရောင်​ ချိတ်​ရင်​ဖုံးကိုလ မြန်းကာတဲ့ဝတ်​ဆင်​ ဆံပင်​နီလိုက်​ဖက်​ညီစွာဖြင့်​ ဆိုးထားတဲ့ ကြိုးပြာ ဒီလူအသည်း ရင်​ကိုချီလိမ့်​ မျက်​နှာဝိုင်းစက်​ထင်​ နားကကား ချစ်​စဖွယ်​​ကောင်းပါအိ ရင်​ကို​ခြွေသည့်​ ​ခြေလှမ်းသန်း ကု​ဋေ လက်​သည်းကို မတိုမရှည်​ညှပ်​ထား ရဲ့ရင့်​တဲ့ကျားရဲအသွင်​ ​ပျော့​ပြောင်းကာမူယာ​နောင်​ လက်​စွတ်​ဖြူ ခလယ်​မှာဝတ်​ပါလို့ မျက်​နှာမမြင်​ ကြင်​နာမိချင်​တဲ့ Bus ကား​ပေါ်က သမင်​မ​လေး

အေးမြတဲ့အချစ်

ခံယူ​သောအချစ်​ လူများစု​ပြောကြတယ်​ အချစ်​ကပူ​လောင်​တယ်​တဲ့ ကျွန်​​တော်​ က​တော့မထင်​ဘူး ချစ်​က​အေးမြတယ်​လို့ ပူ​လောင်​တာက လူ့အတ္တ​တွေပါ ကျွန်​​တော်​ ချစ်​သူကိုကျွန်​​တော်​​ပြော​နေကျ စကားလုံး​တွေရှိတယ်​ ချစ်​ ကို့ကိုချစ်​ရင်​မလွမ်းပါနဲ့မ​ဆွေးပါနဲ့​ပေါ့ လွမ်းတယ်​​ဆွေးတယ်​ဆိုတာပူ​လောင်​တဲ့မီးစ​လေးပဲ ချစ်​သူကိုမြူတစ်​မှုန့်​မျှမပူ​လောင်​​စေချင်​ပါဘူး တစ်​ချို့က​ပြောလိမ့်​မယ်​ အချစ်​က မလွမ်းဘူးမ​ဆွေးဘူးဆိုတာရှိမလား​ပေါ့ ရူး​နေလား​ပေါ့ အဲကျွန်​​တော်​ခံစားမိတာက အချစ်​ကိုချစ်​​နေပါ ​ပျော်​ရွှင်​မှု​တွေသာသတိရ​နေပါလို့ လွမ်းတယ်​ဆိုတဲ့​ဆွေးတယ်​ဆိုတာ မ​ကောင်းဘူးဗျ ခံစားရတာရင်​တနင့်​နင့်​နဲ့ အဲအဲလိုခံစားချက်​မျိုးအစား အချစ်​ကို​ပျော်​ရွှင်​စရာသတိရမှုနဲ့တည်​​ဆောက်​ကြမယ်​ဆိုရင် ရ​င်​တနင့်​နင့်​ ခံစားရတဲ့အလွမ်းအ​ဆွေးအစား ​ပျော်​ရွှင်​စရာသတိရမှု​လေးများဖြင့်​စားထိုးနိုင်​ပါ​စေ....

သိလာ​သောခါဝယ်

ငယ်​ငယ်​ကစစ်​သားကြီးဖြစ်​ချင်​ခဲ့ ကြီးလာ​တော့အမှန်​​တွေမြင်​လာ​တော့​တော်​ပီ ငယ်​ငယ်​က ဘုန်းကြီးရူးရူးခဲ့ ကျမ်းစာတစ်​ကိုင်​ကိုင်​နဲ့ အမှန်​​တွေမြင်​လာ​တော့ ​တော်​ပြီ ငယ်​ငယ်​ကလူကြီး​တွေကိုအားကျခဲ့ အမှန်​တရားသိလာ​တော့​တော်​ပြီ ​တော်​ပြီ​တော်​ပြီ ဘုန်း တာ တအားကြီး​နေတဲ့ ဘုန်းကြီးလဲမဖြစ်​ချင်​ဘူး စစ်​သားလဲဖြစ်​ချင်​ဘူး လူကြီးလဲဖြစ်​ချင်​ဘူး ဒီ​နေ့ ဒီချိန်​က အစ ခ​လေး​တွေး ခ​လေးစကား နဲ့ အမှန်​​တွေမြင်​​အောင်​ကြည့်​ မှန်​​တွေပဲ​ပြော​နေ​တော့မယ်

မူတည်​ခြင်း

၁ လား ? င လား ? c လား ? ဂ လား ? ဆိုတာ ကြည့်​တဲ့သူနဲ့တည်​​နေရာ​ပေါ်မူတည်​တယ်​ မှားလား ? မှန်​လား ? ဆိုးလား ? ​ကောင်းလား ? ဆိုတာကလဲ လုပ်​တဲ့လူနဲ့ အ​ကြောင်းရင်း​ပေါ်မူတည်​တယ်

Company Counter

Image

အပတ်​စဉ်​ Meeting

Meeting ကို တနင်္ဂ​နွေ ​နေ့ ​နေ့လည်​ ၁ နာရီတိုင်း ပြုလုပ်​​ပေးပါသည်​ အခွင့်​လမ်းရယူလိုသူများ ဖုန်း 09421060605 ကိုကြိုတင်​ဆက်​သွယ်​စာရင်း​ပေးတက်​​ရောက်​နိုင်​ပါသည်

လုပ်​ရှာ​နေသူများ ၀င်​​ငွေမလုံ​လောက်​သူများတွက်​သတင်း​ကောင်း

တစ်​ပတ်​မှာတစ်​ရက်​သာအချိန်​​ပေးပြီးတစ်​လကိုသိန်းနှစ်​ဆယ်​ရနိုင်​​သောလုပ်​ငန်း စုံစမ်းပါ 09421060605

မ​ကြောက်​ပါနဲ့

တစ်ခုခုလုပ်လိုက်လို့ မှားသွားမှာကို မကြောက်ပါနဲ့ ဘာမှမလုပ်လိုက်ရပဲ အချိန်တွေကုန်သွားမှာကိုပဲကြောက်ပါ လူတွေကဲ့ရဲ့ဝေဖန်သံတွေကိုမကြောက်ပါနဲ့ ဘယ်သူမှ သင့်ကို ဝေဖန်ခြင်းမပြုတော့မှာကိုသာကြောက်ပါ ဆင်းရဲဒုက္ခတွေ ကြုံတွေ့လာရမှာကို မကြောက်ပါနဲ့ သင့်မှာ စွန့်စားရမယ့် အခွင့်အရေးမရှိတော့မှာကိုသာကြောက်ပါ ကြားဖူးတဲ့စကားတစ်ခွန်းက " နေ့တိုင်းနေ့တိုင်းဟာ သင့်အတွက် ဒုတိယအခွင့်အရေးပါပဲ " တဲ့ ။

Comment Photo

Image