Posts

Showing posts with the label စက်ပြင်နည်း

မဖတ်ချင် မရေးချင်ဖြစ်နေတဲ့ CD/DVD Drive တွေကို ဘယ်လို ပြင်မလဲ

Image
CD/DVD Drive တွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ  အခွေရွေးတာ၊ သိပ်မရေး သိပ် မဖတ်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ တခါတရံ CD/DVD Drawer မထွက်ချင်ထွက်ချင်ဖြစ်လို့ ပင်နဲ့ထိုးပြီး ဆွဲထုတ်ရတာမျိုးလည်း ရှိပါတယ်။ ဒီလို ဖြစ်ရတာဟာ အများအားဖြင့် ဖုန်တွေစုပြီး ဖြစ်လာတဲ့အညစ်အကြေးတွေကြောင့် ဖြစ်တာများပါတယ်။ တတ်နိုင်သူတွေကတော့ အလုပ်ရှုပ်မခံချင် အသစ်ဝယ်ကြပေါ့လေ.. ပေါ လွန်းလို့။ ဒါပေမယ့် လုံးဝပျက်စီးသွားတယ်ဆို ဟုတ်သေး။ ဒီလောက်လေးနဲ့ အသစ်ဝယ်ဖို့ဆိုတာက မဟုတ်သေးပါဘူး။ ဆိုင်ပို့ပြီးလည်း မပြင်ချင်ဘူး.. ကိုယ်တိုင် ပြင်ချင်တယ်.. ပြင်နိုင်မယ်ဆို ပိုမကောင်းဘူးလား။  လွယ်ပါတယ်.. အောက်မှာ လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်း (၁) Cleaning Disk ကို သုံးပါ သိပ်အဆိုးကြီးလည်းမဟုတ်တော့ ဖြုတ်ရ တပ်ရမှာ အဆင်မပြေသေးဘူးလား။ ကွန်ပျူတာ အရောင်းဆိုင်တွေမှာ Cleaning Disk ၀ယ်ပြီးသုံးပေါ့။ တော်ရုံတန်ရုံပဲဆို Drive ကို ဖြုတ်ရ တပ်ရ အလုပ်မရှုပ်ဘူးပေါ့။ Cleaning Disk တွေကလည်း အစားစားရှိပါတယ်။  သူ့မှာ cleaning ဆေးရည်ဘူးလေးပါပါတယ်။ (သူ့ညွှန်ကြားချက်ကို သေချာ...