Posts

Showing posts with the label ထူးထူးဆန်းဆန်း

ဝှက်ပြီပဟေဠိ

Image

ဒီလင့်လေးထဲမှာသင့်ကိုထူးထူးခြားခြားလေးတစ်ခုထည့်ပေးထားပါတယ် ဘယ်သူ ဘာဖြစ်မယ်ထင်လဲ

Image

ထိပ်ပြားနေသောကမ္ဘာ့အကြီးဆုံးတောင်

Image
ထိပ်ပိုင်းပြားနေတဲ့တောင်တွေထဲမှာတော့ ဒီတောင်ကအကြီးဆုံးပါ... ဒီRoraima တောင်ကိုတော့ ဗင်နီဇွဲလား နိုင်ငံမှာ တည်ရှိပါတယ်။ ၁၅၉၆ ခုမှာအင်္ဂလိပ်လူမျိုး Sir Walter Raleigh ကစတင်တွေ့ ရှိခဲ့ပါတယ်။ ဗင်နီဇွဲလား ၊ ဘရာဇီး နဲ့ ဂူရာနာနိုင်ငံကြားမှာပါ။     တောင်ပေါ်ကနေ ရေကျနေပုံလေးကိုက တစ်မျိုးလှပ ပါတယ်။ ကဲ သူငယ်ချင်းတို့ သွားရောက်လည်ပတ်နိုင်ကြပါစေ...................နေခရမ်း မူရင်း......... နေခရမ်း(ထူးဆန်းထွေလာ)   တွင်လည်းကြည့်နိုင်ပါသည်။

ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်

Image
ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံ ဟွမ်လောင်းယောင်ရွာမှ ယောင်နီအမည်ရှိ လူမျိုးစုတစ်စုမှ အမျိုးသမီးများသည် တစ်ရွာလုံး ဆံပင်ရှည်ထားကြရာ အမျိုး သမီးအားလုံး(၁၂၀)၏ပျမ်းမျှ ဆံပင်အရှည်သည် ၅ဒသမ၅ပေရှိသည်။ ဆံပင်အရှည်ဆုံး အမျိုးသမီးမှာ ၆ဒသမ၈ပေ ကျော်သည် ။ ၎င်းတို့၏ ရိုးရာဓလေ့အရ အမျိုးသမီးများသည် တစ်သက်တွင် တစ်ခါသာ ဆံပင်ညှပ်ကြရသည်။ ဆံပင်ညှပ်သည့် အရွယ်မှာ ၎င်းတို့အနေဖြင့် အိမ်ထောင်ဖက်ရှာရမည့် ၁၆ နှစ်အရွယ်ဖြစ်သည်။ ယောင်နီလူမျိုးများက အမျိုးသမီးများ ဆံပင်အရှည်ထားခြင်းသည် အသက်ရှည်ခြင်း ချမ်းသာကြွယ်ဝခြင်းနှင့် ကံကောင်းခြင်းတို့ကို ဆောင်ကြဉ်းပေးသည် ဟုယုံကြည်ကြသည်။

ထူးထူးခြားခြား အသက်ရှင်နေတဲ့ လူ....^^

Image
တရုတ်နိုင်ငံက ဒီလူကတော့ ခေါင်းမှာ အပေါက်ကြီးဖြစ်နေတာတောင် အသက်ရှင်လျှက် နေထိုင်နိုင်ပါသတဲ့။ ၂၀၀၆ ခုနှစ်မှာ မတော်တဆ ထိခိုက်မှု့ကြောင့် ဒီလိုမျိုး ခေါင်းမှာ အပေါက်ကြီးဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဦးနှောက်တွေရော ရှိသေးရဲ့လား စိတ်ကရော ပုံမှန်ရှိရဲ့လား မသိတော့ပါဘူး။ http://blog-aunghtut.blogspot.com