Posts

Showing posts with the label ကျန်းမာရေးသုတ

ပိန်သွယ်စေဖို့ ဒီအချက်လေးတွေ ကြိုးစားကြည့်စို့

ခန္ဓာကိုယ်က အချိုးအစား မကျတော့တဲ့အပြင် စားချင်တာတွေစား၊ အိပ်ချင်တဲ့အချိန်မှ အိပ်ဖြစ်နေတာမို့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်ဖို့ တစ်နေ့တာဖြတ်သန်းမှုပုံစံတွေ ပြင်ဆင်ရတော့မှာပေါ့။ ဒါ့ကြောင့် လူကိုလည်း အဆီမတက်ပဲ ပိန်သွယ်ပြီး ကြည့်ကောင်းစေမယ့်အပြင် နေ့တစ်နေ့ရဲ့အဆုံးထိ ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်စေမယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။မနက်နိုးနိုးချင်း သံပုရာရည်အပူကို သောက်ပေးပါ။ အိပ်ယာနိုးတာနဲ့ ရေနွေးနဲ့ဖျော်ထားတဲ့ သံပုရာရည်အပူကို သောက်ပေးပါ။ ဒါဟာ အစာခြေစနစ်ကို ကောင်းမွန်အောင် ကူညီပေးနိုင်တာကြောင့်ပါ။ သံပုရာရည်အပူကို မကြိုက်ဘူးဆိုရင်တော့ Green Tea ကို သံပုရာသီးညှစ်ပြီး သောက်ပေးနိုင်ပါတယ်။ ၂။ယောဂကျင့်ပါ။ အချိန်ပေးနိုင်တယ်ဆိုရင်တော့ ယောဂကျင့်တာဟာ လူတစ်ယောက်ရဲ့ စိတ်အတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ တကယ်ကို သင့်တော်ပါတယ်။ ၃။ရာသီစာတွေ စားပေးပါ။ အသီးဖျော်ရည် သောက်ပေးပါ။ ဖရဲသီးပေါ်ချိန် ဖရဲသီး၊ သရက်သီးပေါ်ချိန် သရက်သီး စသဖြင့် စားပေးလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ အသီးအနှံတွေ အများဆုံး စားပေးပါ။ အသီးဖျော်ရည်တွေကိုလည်း သောက်ပေးဖို့ လိုပါတယ်။ ၄။အစားအသောက် စားတဲ့အခါ အစာကို ...

ခြေဖ၀ါးနဲ့ကျန်းမာရေး

Image
International news for myanmar Like This Page · March 13 ကျန်းမာရေးအတွက် အဘယ်ကြောင့် လမ်းလျှောက်ရန် လိုသနည်း               လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့   Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေ တယ်လို့ သိရပါတယ်။           ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပြီး ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။     အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။  ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် အကျိုးပေးမှုတယ်လို့ လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။  (ဥပမာ-လမ်းလျှောက်ခြင်းဖြင့်...

သင့်ကျန်းမာရေးအတွက်အဆိုးဆုံးရန်သူမျိုး(၅)ပါး

အသားအရေနဲ့ပတ်သက်ပြီး လူတွေပြောကြတာတစ်ခုရှိပါတယ်။အသက်နှစ်ဆယ်အရွယ်မှာအမွေရထားတဲ့ အသားအရေ ၊ အသက်(၄၀)အရွယ်မှာ ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေ ၊ အသက် (၆၀)မှာ ကြိုးစားရယူထားတဲ့အသားအရေကို လူတွေပိုင်ဆိုင်ကြတယ်လို့ဆိုပါတယ်။ အကောင်းဆုံးအသားအရေနဲ့ မွေးဖွားခဲ့လာပေမဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံက ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေနဲ့ ကြိုးစားရယူထားတဲ့ အသားအရေဆိုတာ ဘယ်လိုလည်းဆိုပြီး ဆုံးဖြတ်ပေးပါတယ်။ အများစုဟာ ကိုယ့်ထိန်းချူပ်မှု အောက်မှာပဲရှိတာမို့ သတိပြုသင့်ပါတယ်။ ရန်သူနံပါတ်(၁)နေရောင်ခြည်  နေရောင်ခြည်ဟာအကာအကွယ်ယူမထားတဲ့ အရေးပြားအတွက် အကြီးမားဆုံးရန်သူပါပဲ။  အရေပြားတွန့်တာ၊ အသားအရေညိုမည်းတာ၊ နေလောင်ကွက်ဖြစ်သွားတာတွေဟာ နေရောင်ခြည်ကြောင့်ပါ ဗိုက်တာမင်ဒီရဖို့လိုပေမယ့် လိုတာထက်ပိုများတဲ့ နေရောင်ခြည်က အရေပြားကိုဖျက်စီးနိုင်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေးပြားထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး  အရေပြားဆဲလ်တွေ တစ်ခုကိုတစ်ခု ချော့ချော့မွေ့မွေ့နဲ့ ကပ်နေအောင် တွဲကပ်ပေးထားတဲ့ ပရိုတင်း(ကိုလတ်ဂျင် Collagen)ကို ပျက်စီးစေပါတယ်။ အကောင်းဆုံးနည်းကတော့နေပူမမိအောင်နေဖို့၊ ...

အိပ်မပျော်ရင်

Image
အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်) အိပ်ခြင်းသည် လူတိုင်း အသက်ရှင်ရပ်တည်နေနိုင်ရန် အတွက် မရှိမဖြစ်လိုအပ်သော အနားယူမှု၊အားမွေးမှု တစ်ခုဖြစ်သော်လည်း လူတစ်ယောက် ကျန်းမာစွာ နေနိုင်ရန် လိုအပ်သည့် အိပ်ပျော်မှု အချိန်ပမာဏသည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူုနိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ အိပ်ပျော်ခြင်းနှင့် ပတ်သက်၍ တစ်နေ့လျှင် မည်မျှအိပ်သင့်သည်၊ မည်သို့မည်ပုံ  အိပ်သင့် သည် တို့ကို အကြမ်းအားဖြင့်သာ ပြောဆိုနိုင်ပြီး ပုံသေသတ်မှတ် ပြောဆို၍ မရနိုင်ပေ။ လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီမှ (၉)နာရီ အထါ အိပ်ပျော်မှ အိပ်ရေးဝပြီး ကိုယ်စိတ်နှစ်ပါး ကြည်လင်လန်းဆန်း ကျန်းမာကာ အလုပ်ကို အားအင်အပြည့်ဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်သော်လည်း နောက်တစ်ဦးအဖို့ တစ်နေ့လျှင် (၅)နာရီမျှလောက် ပြည့်ပြည့်၀၀ အိပ်ပျော်ရုံဖြင့် သူ့အတွက် ကျန်းမာရေးနှင့် ပြည့်စုံလုံလောက် နိုင်ပေသည်။ ဥပမာအားဖြင့် နပိုလီယန်သည် တစ်နေ့လျှင် (၄)နာရီသာ အိပ်လေ့ရှိပြီး စီစဉ်ညွှန်ကြား စရာများ၊ အလုပ်များကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကာ ဥရောပ တစ်တိုက်လုံး နီးပါးကို   အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သူ တစ်ဦြး...

ဗိုက်ဆီကျစေမဲ့ထောပတ်သီး

Image
အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံး သင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။ ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင် ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ထောက်ပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ၀မ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။ နောက်ထပ် လုပ်နိုင်တာတွေလည်းရှိပါတယ်။ နေလောင်ထားတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့ ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းက...

သွေးအားကောင်းစေရန်

Image
မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. . ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. . ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၄င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၄င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. . မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်. နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထ...

ဖရဲသီကြောင်း

  ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။   မှတ်ဉာဏ်ကောင်းစေတယ် မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင် စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်တာကာကွယ် ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ က...

ဘီယာဖောဖောခြင်းကြောင်း

Image
သင်ဟာ ဘီယာကို နှစ်ပေါင်းများစွာ သောက်သုံးခဲ့လို့ ယခုတော့ သင့်ရဲ့ ဗိုက်ဟာ စည်ပိုင်းလေးလို ပူနေပြီလား။ သင်ဟာ ဒီလို “ဘီယာဗိုက်” ပိုင်ရှင် ဖြစ်နေခဲ့ပြီ ဆိုရင် သေချာတာ တစ်ခုက သင်တစ်ယောက်တည်း မဟုတ်ပါဘူး ဆိုတာပါပဲ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘီယာ စွဲစွဲမြဲမြဲ သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဗိုက်ရွှဲလာဖို့ သေချာပါတယ်။ အထူးသဖြင့် ယောက်ျားတွေက ဘီယာသောက်တာချင်း အတူတူ မိန်းမတွေထက် ပိုဗိုက်ရွှဲကြကြောင်း သိရပါတယ်။ ဘီယာဗိုက်လို ဗိုက်ရွှဲရွှဲဟာ ဘီယာကြောင့်ပဲ ဖြစ်ရတာလား ??? ဘီယာသောက်သူတိုင်းမှာ ဘီယာဗိုက် မရှိကြသလို တချို့ အားကစားသမားတွေဟာလဲ အသက်အရွယ် နည်းနည်းလေး ရလာရုံနဲ့ အရမ်းဗိုက်ပူ တတ်ကြပါတယ်။ ဒါဆို ဘယ်အရာက အမျိုးသားအများစုနဲ့ အမျိုးသမီးအချို့ကို ဗိုက်ရွှဲစေတာ ပါလိမ့်။ အဖြေက ရှင်းပါတယ်။ သင့်ရဲ့ သေသပ်ချပ်ရပ်တဲ့ ခါးကို ဘောင်းဘီရှေ့မှာ ပူထွက်လာစေတာ ဘီယာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကယ်လိုရီတွေ များများ စားလို့ ဖြစ်ပါတယ်။ နေ့စဉ်စားလိုက်တဲ့ အစားအသောက်တွေထဲမှာ ပါတဲ့ ကယ်လိုရီ ဆိုတဲ့ စွမ်းအင်ပမာဏထက် အဆမတန် လှုပ်ရှားမှုနည်းရင် ဗိုက်မှာ အဆီစုလာမှာ သေချာပ...

ကိုယ်အလေးချိန် လျှော့ချဖို့ လိုအပ်ချက် ၅ချက်

Image
လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီ စားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလို ၀ိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွားသည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။ ကဲ၊ ဒီလိုဆို diet လုပ်လိုက် ၀ိတ်လျှော့လိုက်၊ ရပ်လိုက် ပြန်ဝလိုက် သံသယာတော့ လည်နေပြီ။ ဒါကြောင့် နောက်တစ်နည်းအနေနဲ့ Diet လိုခဏတာပဲ စားတဲ့နည်းမဟုတ်ပဲ၊ အမြဲလည်း စားလို့ရ၊ တကယ်လည်း ပိန်စေမယ့် နည်းရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင် အလေ့အကျင့်ဟောင်းတွေကို ပြောင်းလည်းလိုက်တာနဲ့ ပိန်လည်းပိန်၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းသွားမှာ သေချာပါတယ်။ ဥပမာ အရင်က မနက်စာကို မစားတဲ့သူက မနက်စာ များများ စားပေးရမယ်၊ အရင်က ညစာ...