Posts

Showing posts with the label မှတ်သားစရာ

အိမ်ထောင်ပြုတော့မယ်ဆိုရင်

Image
ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ဆိုလျှင်  သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပါပြီ။ မိရိုးဖလာ ယုံကြည်မှု ဓလေ့ထုံးစံအရ ၀ါတွင်းကာလအတွင်း အိမ်ထောင်ပြုခြင်းကို ရှောင်ကြဉ်ခဲ့ကြရတယ် ။ထို့ကြောင့် ၀ါကျွတ် ကာလရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး များအကြားတွင် ဘယ်သူတွေ မင်္ဂလာဆောင်ကြတော့မည် ဆိုသည်ကို စိတ်ဝင်စားကြသည်က ရိုးရာဓလေ့တစ်ခုလို ဖြစ်ခဲ့သည်။ ထို့အတူပင် ၀ါကျွတ်သည်နှင့် လက်ထပ်ထိမ်းမြားရန် အရွယ် ရောက်ပြီဟု သတ်မှတ်ခြင်းခံထားရသူများ အကြား ဘယ်တော့မင်္ဂလာဆောင်မလဲ ဆိုသည်က လည်း စချင်စရာ၊ နောက်ချင်စရာ စကားတစ်ခုဖြစ်လာခဲ့သလို ချစ်စရာလည်းကောင်းသည့် ၀ါ ကျွတ်ကာလ ၏စကားတစ်ရပ် ဖြစ်လာခဲ့သည်။ဒါကြောင့်  ၀ါကျွတ်ပြီ သီတင်းကျွတ်ရောက်ပြီဆို တာနဲ့  ထိမ်းမြား လက် ထပ်ပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း မင်္ဂလာသတင်းများ ဝေေ၀ဆာဆာ တွေ့ကြရတယ် ။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာ ဆောင် စံပယ်ပန်း ကုံး ချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ၀တ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေး ပို့ ခြင်း၊ တက်ရောက် ချီးမြှင့်ခြင်း စသည်တို့ အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တ ခမ်း တ...

သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀).ရဲ့.၈.ကြိမ်မြောက်

ဗြိတိသျှရဲ့ လက်အောက်ခံ ဘယ်နိုင်ငံတွေဖြစ်ခဲ့ဖူးသလဲ . ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အင်အားငယ်နိုင်ငံများကို အကွက်ချောင်းလျက် မည်ကဲ့သို့သိုက်တူးရမည်ကို စဉ်းစားလျက်ရှိ၏။ ၎င်းအတွက် အကျိုးကျေးဇူးရှိမည်ဆိုလျှင် မင်းသားဟန်ဆောင်ထားသော မျက်နှာဖုံးသည် ကွာကျလျက် အစွယ်ငေါငေါနှင့် ဘီလူးရုပ်သွင်သာ ပေါ်လာတတ်စမြဲတည်း။ အင်အားငယ်၍ အနိုင်ကျင့်ခြင်းဖြင့် ရရှိလာသော နိုင်ငံငယ်တို့ကို လက်အောက်ခံအဖြစ် ထားရှိ၏။ ထိုနိုင်ငံငယ်များမှ မြေပေါ် မြေအောက် သယံဇာတများကို ထုတ်ယူ၏။ အင်အားကြီးနိုင်ငံအဖြစ် ချဲ့ထွင်၏။ ကမ္ဘာ့အင်အားကြီး နိုင်ငံများအနက် အတိတ်သမိုင်းကို ပြန်ပြောင်း သုံးသပ်သည်ရှိသော် ဗြိတိသျှ အင်္ဂလိပ်တို့သည် နယ်ချဲ့စနစ်ကို စွဲကိုင်ခဲ့ရာတွင် ထိပ်ဆုံးမှဖြစ်သည်။ အင်အားနည်း နိုင်ငံကလေးများကို ကိုလိုနီ ကျွန်ပြုခဲ့၏။ ပြန်လည်၍ တွန်းလှန်မှုမပြုနိုင်ရန်လည်း စစ်လက်နက် အင်အားများသုံးကာ ဖိနှိပ်ထား၏။ နိုင်ငံငယ်ကလေးများအား ညှစ်ထုတ်၍ရလာသော အဆီအနှစ်များကို ဝါးမြိုလျက် အရင်းရှင်ကြီးများအဖြစ်သို့ ကူးပြောင်းခဲ့ကြ၏။ သို့ရာတွင် လောကနိယာမအရ ဖိလွန်းက ကြွလာသည့်သဘောရှိ၏။ မည်သည့် နိုင်ငံသူ နိုင်င...

`မှတ်သားစရာ....များ´(ဗဟုသုတ)

ပညာအရှိဆုံးပုဂ္ဂိုလ်သည် ........................... ဘုရား         Greatest knowledge ..................................     God         အကောင်းမွန်ဆုံး နေ့ထူးနေ့မြတ်သည်........... ယနေ့ The best day .............................................. Today အကြီးမားဆုံး အမှားသည် .............လက်လျှော့လိုက်ခြင်း The greatest mistake ............................ Giving up အကောင်းဆုံးလက်ဆောင်သည် .................. ခွင့်လွှတ်ခြင်း Best gift .....................................       ......... Forgiveness အကြီးမားဆုံးသော ပျက်ဆီးမှုကို ပေးတာ ...... စိုးရိမ်ပူပန်ခြင်း The most destructive habit ........    ........... Worry အမြင့်မားဆုံး ကျေနပ်ပျော်ရွှင်မှုသည် ........... ပေးကမ်းခြင်း The greatest joy .................       ................ Giving အဆိုးဆုံးသော ဆုံးရှုံးရခြင်း အကြောင်းအရင်းသည် ...... မျက်စိစုံမှိတ် ယုံ...

မြန်မာ့ထုံးတမ်းစဉ်လာ လက်ထပ်ထိမ်းမြားခြင်း (၁၀) ပါး

မြန်မာနိုင်ငံတွင် သမားရိုးကျအစဉ်အလာအားဖြင့် မြန်မာထုံးတမ်းစဉ်လာ (၁၀)မျိုးဖြင့် လက်ထပ်ထိမ်းမြား ဆောင်ရွက်လေ့ ရှိကြပေသည်။ မိမိအဆင့်အတန်းအလိုက် ကြိုက်နှစ်သက်ရာ (၁)ပါးဖြစ်စေ၊ (၂)ပါးတွဲ၍ဖြစ်စေ၊ (၅)ပါးတွဲ၍ဖြစ်စေ၊ (၆)ပါးတွဲ၍ဖြစ်စေ ဆောင်ရွက်ခြင်းဖြင့် လက်ထပ်မင်္ဂလာမှုပြုလုပ်ကြပေသည်။ ထိုလက်ထပ်ခြင်း (၁၀)မျိုးတို့မှာ ၁။ ပုဆိုးတန်းတင်လက်ထပ်ခြင်း ကုန်ကျငွေနည်းနည်းနှင့် လိုရင်းထိရောက်စေသော လက်ထပ်ခြင်းဖြစ်သည်။ သတို့သားဝတ်ဆင်သော ပုဆိုးအင်္ကျီတို့ကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်အရ သတို့သမီးနေထိုင်သော အခန်းအတွင်း၌ရှိသော ကြိုးတန်းပေါ်တွင် လွှားတင်ခြင်းဖြင့် ထိမ်းမြားခြင်း မင်္ဂလာကိစ္စအောင်မြင်စေသည်။ ၂။ ထမင်းလက်ဆုံစားလက်ထပ်ခြင်း ကုန်ကျငွေနည်းသော လက်ထပ်ခြင်းဖြစ်သည်။ သက်ဆိုင်သူ၊ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်အရ ထိုအကြိးအကဲတို့ ရှေ့မှောက်တွင် ထမင်း(သို့)ချိုချဉ်အာဟာရဖြစ်စေသော အစားအစာတစ်ခုခုတို့ကို မင်္ဂလာသတို့သားနှင့် မင်္ဂလာသတို့သမီးတို့ အတူတကွ လက်ဆုံစားခြင်းဖြင့် ထိမ်းမြားခြင်းမင်္ဂလာကိစ္စ အောင်မြင်စေသည်။ ၃။ လက်စွပ်ချင်းလဲလက်ထပ်ခြင်း မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်အရ ...

ဗဟုသုတ

၁ ) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။ (Edison) ၂ ) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။ (ပြင်သစ်စကားပုံ) ၃ ) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှူတတ်ရမယ်။ ၄ ) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။ ၅ ) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။ (ရှိတ်စပီးယား) ၆ ) ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။ ၇ ) ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်းစာကို သင်နားလည်မယ်။ ၈ ) အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။ ၉ ) ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။ ၁ဝ ) ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။ ၁၁ ) ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီ...

ကွန်ပြူတာနှင့် ပတ်သက်သော ဗဟုသုတများ

ှယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေး အတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်း တစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။ ၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။ ၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။ ၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။ ၄။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။ ၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။ ၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်...

ဥာဏ်စမ်း.ဂဏန်းလေးလုံးဖြင့် အသက်ကိုသိစေနည်း

ဂဏန်းလေးလုံးဖြင့် အသက်ကိုသိစေနည်း ဒီတခါတော့ ဖတ်မိတဲ့ သချာင်္ ပဟေဠိ အကြောင်းလေးကိုပြောပြပါ့မယ်။ သူက တော့  gtalk မှာဖြစ်ဖြစ် ဖုန်းထဲမှာဖြစ်ဖြစ် အသက်ကိုမပြောပြချင်သူအတွက် ဒီနည်းလေးကိုသုံးပြီး မေးကြည့်နော်။ သိတဲ့သူအတွက်တော့  ရီစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မသိသေးသောသူအတွက်တော့ ဗဟုသုတလည်းရတယ်  ။ အပျင်းလည်းပြေပါတယ်။ ဂဏန်းလေးလုံးမှ မဟုတ်ပါဘူး ဒီထက်လည်းပိုလို့ရ နိုင်ပါတယ်။ လုပ်နည်းအဆင့်ဆင့်က ဒီလိုပါ။ ၁။ မိမိသိချင်သောသူကို ဂဏန်းလေးလုံး (သူ့စိတ်ကြိုက်) ရေးပါစေ။  ၂။ အဲဒီဂဏန်း လေးလုံးကို စိတ်ကြိုက်နေရာ ပြောင်းလဲပါစေ ။ ၃။ ကြီးသောကိန်းမှ ငယ်သောကိန်းကို နုတ်ပါစေ။ နုတ်လို့ရသော ဂဏန်းအားလုံးကိုပေါင်းပါစေ။  ၄။ ပေါင်းလို့ရတဲ့ကိန်းသည် ဂဏန်း ၂ လုံး (သို့) ၃ လုံးထက်ပိုပါက တစ်လုံးတည်း ရသည်အထိပေါင်းပါစေ။ ၅။ အဖြေကို (၇) ပေါင်းထည့်ပါစေ။  ၆။ ပေါင်းရကိန်းကို သူမွေးသောနှစ်ရဲ့ နောက်ဆုံးဂဏန်း ၂ လုံးနဲ့ ပေါင်းထည့်ပါစေ။  ၇။ အဖြေကိုပြောပါစေ။ မိမိလုပ်ဆောင်ရမှာက နောက်ဆုံးအဖြေမှ (၁၆) ကိုနုတ်ပါ။ သင့်မိတ်ဆွေမွေးသောခုနှစ်ကို ရပါလိမ့်မည်။ ခုနှစ်ကို ရေ...

မှတ်သားသင့်သော ရတုများ

Image
မှတ်သားသင့်သော ရတုများ ရတုဟုဆိုလျှင်အများစုမှာ ၂၅နှစ်ပြည့် မြောက်သောနှစ်ပတ်လည်နေ့ကို ငွေရတု..နှစ်၅၀ပြည့်မြောက်သောနေ့ကို ရွှေရတုဆိုပြီးသိထားကြပါလိမ့်မည်... တကယ်တမ်းမှာတော့ နှစ်အလိုက်လိုလိုရတုဟူသောအသုံးနှုန်းများရှိပါတယ်...(သိထားသောသူများလည်းရှိနိုင်ပါ လိမ့်မည်...) နှစ်အလိုက်ရတုအသုံးနှုန်းများမှာအောက်ပါအတိုင်းသာဖြစ်ပါတယ်....... ၁နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - စက္ကူရတု ( Paper Anniversary ) ၂နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - ချည်ထည်ရတု ( Cotton Anniversary ) ၃နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - သားရေရတု ( Leather Anniversary ) ၄နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - သစ်သီးပန်းမန်ရတု ( Flowers & Fruits Anniversary ) ၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - သစ်သားရတု ( Wood Anniversary ) ၆နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - အချိုရတု ( Sugar & Sweety Anniversary ) ၇နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - ကြေးနီရတု ( Copper Anniversary ) ၈နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - ရော်ဘာရတု ( Rubber Anniversary ) ၉နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - အိ...