Posts

Showing posts with the label ချက်နည်းပြုတ်နည်း

ပဲပုတ်ချက်

Image
ပဲပုတ်ချက် City Hall ကနေ ပဲပုတ်တွေ့လို့ ပဲပုတ်ချက်စားရအောင် ၀ယ်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ညက်နေအောင်ထောင်းပြီးဆီသတ်ပါတယ်။ အရောင်...

ပဲပုတ်ပန်ထွေဖျော်

Image
ပဲပုတ်ပန်ထွေဖျော် ပါဝင်တာကတော့ (နှစ်ယောက်စာ) (၁) ပဲပုတ်  ၂ ချပ် ( ဒဲအိုးနဲ့ထည့်ပြီး အနံ့မွှေးအောင် ကင်ပေးပါ ) (၂) ငရုတ်သီးစိမ်း စားနိုင်သလောက် ( ဒဲအိုးနဲ့ထည့်ပြီး လှေ...

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော် ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော် *********************** ပဲပုတ်အပါး......................၁၀ ချပ် ဂျူးမြစ်............................၂၀ ကျပ်သား မြေပဲလှော်........................၁၀ကျပ်သား ကြက်သွန်နီ...

California Roll

Image
ပါဝင်ပစ္စည်းများ ရေညှိအပြားကြီး၊ ဆူရှီထမင်း၊ ပုစွန်ဥ၊ ပုစွန်၊ ကဏန်းချောင်း၊ ဂျပန်သခွားသီး၊ ထောပတ်သီး၊ ဆလတ်ရွက်၊ တရုတ်မျှစ်၊ မယောနိစ်၊ ရှလကာရည်။ ပြုလုပ်နည်း ဆူရှီထမင်းရဖို့ ထိုင်းဆန်ကို ရှလကာရည် အနည်းငယ်နဲ့နှပ်ပြီး ချက်ပါ။ ရလာတဲ့ ထမင်းကို ရေညှိပြားပေါ်မှာ ဖြန့်တင်ပြီး ကပ်သွားအောင် လက်နဲ့ တဖြည်းဖြည်းနှိပ်ပေးပါ။ ပြီးရင် ထမင်းပေါ်ကို အချောင်းသေးသေးလေး ဖြတ်ထားတဲ့ တရုတ်မျှစ်၊ သခွားသီး၊ ကဏန်းချောင်း၊ ဆလတ်ရွက်၊ ပုစွန်နဲ့ ထောပတ်သီးတို့တင်ပြီး လိပ်ပါ။ ရလာတဲ့ ထမင်းလိပ်ကို ပုစွန်ဥတွေနဲ့ရောမွေပြီး ခြောက်တုံး၊ ခုနစ်တုံးခန့် လှီးလိုက်ပါ။ တည်ခင်းဖို့အတွက် ပန်းကန်ထဲသို့ လှလှပပ စီထည့်ပြီး မယောနိစ်နဲ့ ပုစွန်ဥကို အပေါ်က ထပ်တင် ပြီးပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။ ပုစွန်ဥကျွတ်ကျွတ်လေးနဲ့ အရမ်းကိုနူးညံ့ပြီး ခပ်စိမ့်စိမ့်အရသာရှိတဲ့ ထမင်း၊ ပြီးတော့ ထည့်ထားတဲ့ အသားနဲ့ အသီးအရွက် တွေအားလုံးဟာ စားရတာ တကယ်ပဲအစပ်အဟပ် တည့်လှပါတယ်။

ဝက်ပုစွန် ဖက်ထုပ်ပြုတ်

Image
ပါဝင်ပစ္စည်းများ အသင့်လုပ်ပြီး ဖက်ထုပ်ဂျုံရွက် - ၃၅ရွက် ကြက်ပြုတ်ရည် - ၁.၂လီတာ ကြက်သွန်မြိတ်ပါးပါးလှီး - သုံးပင်။ အစာသွတ်ရန် အဆီမပါဝက်သား - ၂၀ကျပ်သား(နုပ်နုပ်စဉ်းပါ) အခွံနွှာပြီးပုစွန် - ၁၀ ကျပ်သား (နုပ်နုပ်စဉ်းပါ) ကြွက်နားရွက်မှိုခြောက် - တစ်ကျပ်သား (ရေစိမ်ပြီးပျော့လျှင်နုပ်နုပ်စဉ်းထားပါ) ကြက်သွန်မြိတ်ပါးပါးလှီး - နှစ်ကျပ်ခွဲသား ကြက်သွန်ဖြူမြိတ်ပါးပါးလှီး - နှစ်ကျပ်ခွဲသား တရုတ်နံနံပင်ပါးပါးလှီး - နှစ်ကျပ်ခွဲသား ဆား - အနည်းငယ် နှမ်းဆီ - အနည်းငယ် ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ် ချက်ပြုတ်နည်း ၁။ အစာသွတ်ရန် ပစ္စည်းများကို ဆား၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့် သင့်ရုံတို့ကို ရောနှော၍နယ်ပါ။ ၂။ ပြီးလျှင် ဖက်ထုပ်ရွက်များဖြင့်ထုပ်ပါ။ ၃။ အားလုံးထုပ်ပြီးလျှင် ရေနွေးဆူဆူဖြင့် သုံးမိနစ်ခန့်ပြုတ်၍ ဆယ်ယူထားပါ။ ၄။ ပြုတ်ပြီးဖက်ထုပ်များကို ကြက်ပြုတ်ရည်ထဲထည့်ကာ ဆူအောင်တည်ပါ။ နောက်ထပ် နှစ်မိနစ်ခန့်ချက်ပါ။ ၅။ ပြီးလျှင် ကြက်သွန်မြိတ်ဖြူးကာ ပူပူနွေးနွေး သုံးဆောင်ပါ။ မှတ်ချက် အကယ်၍ ဖက်ထုပ်ကို စွတ်ပြုတ်အရည်သောက်အစား အခြောက်စားချင်လျှင်တော့ ရေနွေးဖြင့် ပြုတ်၍ ဖက်ထုပ်များကို ရေစစ်ကာ ဆယ်ယူပါ ...