ပဲပုတ်ပန်ထွေဖျော်

ပဲပုတ်ပန်ထွေဖျော်

ပါဝင်တာကတော့ (နှစ်ယောက်စာ)
(၁) ပဲပုတ်  ၂ ချပ် ( ဒဲအိုးနဲ့ထည့်ပြီး အနံ့မွှေးအောင် ကင်ပေးပါ )
(၂) ငရုတ်သီးစိမ်း စားနိုင်သလောက် ( ဒဲအိုးနဲ့ထည့်ပြီး လှော်ထားပေးပါ)
(၃) ကြက်သွန် အသေး တစ်လုံး
(၄) ကြက်သွန်ဖြူ နှစ်တက်
(၅) နံနံပင်
(၆) ခရမ်းချဉ်သီး နှစ်လုံး
(၇) ဆား၊ အချိုမှုန့်၊ ငံပြာရည်

# ပထမဦးစွာ.. ခရမ်းချဉ်သီး နှစ်လုံးကို အိုးထဲတွင် ရေအနည်းငယ်ထည့်ပြီး.. ရေခန်းပြုတ်ပေးပါ။
# ရေခန်းပြီးခရမ်းချဉ်သီး အပြင်ခွံများ ကွဲအက်ပြီး.. အတွင်းဘက်ကလည်း ပျော့လာပြီဆိုလျှင်
   အအေးခံထားပါ။
# ခရမ်းချဉ်သီး အေးလျှင် အပြင်အခွံများကို ခွာပေးပါ။
# ထို့နောက် ကြိတ်စက် ထဲတွင် ခရမ်းချဉ်သီး အခွံခွာထားတာရယ်၊ ပဲပုပ် ကင်ထားကို အပိုင်းလေးများ
   ပိုင်းထားတာရယ်၊ ငရုတ်သီးစိမ်းလှော်ထားတာရယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တို့ကို ထည့်ပြီး
   မကျေတကျေလေး ကြိတ်ပေးပါ။
# အားလုံး သမသွားလျှင် အပေါ့အငံမြည်းပြီး... ဆား၊ အချိုမှုန့်၊ ငံပြာရည်ကို လိုသလိုထည့်ပြီး မွှေပေးပါ။
# အပေါ်က နံနံပင်လေးဖြူးပြီး သုံးဆောင်လို့ရပါပြီရှင်..

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်