ကျန်းမာရေး အတွက် ခန္ဓာကိုယ် လှုပ်ရှားမှု သည် စိတ်ကျန်းမာရေး ကို ပိုမိုကောင်းမွန် စေနိုင်
ခန္ဓာကိုယ် လှုပ်ရှားမှု၊ အားကစား လိုက်စားမှုတို့သည် သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေ လည်ပတ်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အတွက် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်ခြင်း၊ နှစ်သက်ရာ အားကစား တစ်မျိုးမျိုးကို ကစားခြင်း၊ အားကစား ရုံတွင် ပုံမှန် ကစားခြင်းတို့ကို ဆောင်ရွက် လေ့ရှိပါတယ်။ ခန္ဓာကိုယ်နှင့် တစ်ပါတည်း ယှဉ်တွဲနေတဲ့ စိတ်ဟာလည်း ခန္ဓာကိုယ် ကျန်းမာ နေမှ၊ အလုပ်တွေကို ကောင်းကောင်းမွန်မွန် လုပ်နေနိုင်မှ စိတ်ဟာလည်း ကောင်းမွန်မှန်ကန် နေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဟာလည်း ခန္ဓာကိုယ် လှုပ်ရှားမှု အပေါ်မှာ အကျိုးသက် ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်၊ စိတ်ရှုပ်ထွေး နေတယ်ဆိုရင် လုပ်ငန်း ဆောင်ရွက်မှုတွေမှာ တက်တက် ကြွကြွမရှိ နိုင်တော့ ပါဘူး။ နေ့စဉ် လုပ် နေကျအလုပ်တွေကို လုပ်ရာမှာ အဆင်ပြေ ချောမွေ့မှု မရှိနိုင်တော့ပါဘူး။ နေရထိုင် ရတာလည်း လန်းလန်းဆန်းဆန်း မရှိတော့တဲ့ အတွက် အဲဒီလို အခြေအနေမျိုးဟာ အန္တရာယ် ရှိတယ်လို့ ပြောနိုင် ပါတယ်။ နေ့စဉ်လုပ်ငန်း ခွင်မှာလည်း အရင်တုန်းကဆိုရင် လက်နှိပ်စက်နှင့် လူကိုယ်တိုင် လှု...