ကျန်းမာရေး အတွက် ခန္ဓာကိုယ် လှုပ်ရှားမှု သည် စိတ်ကျန်းမာရေး ကို ပိုမိုကောင်းမွန် စေနိုင်




ခန္ဓာကိုယ် လှုပ်ရှားမှု၊ အားကစား လိုက်စားမှုတို့သည် သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေ လည်ပတ်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အတွက် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်ခြင်း၊ နှစ်သက်ရာ အားကစား တစ်မျိုးမျိုးကို ကစားခြင်း၊ အားကစား ရုံတွင် ပုံမှန် ကစားခြင်းတို့ကို
ဆောင်ရွက် လေ့ရှိပါတယ်။

ခန္ဓာကိုယ်နှင့် တစ်ပါတည်း ယှဉ်တွဲနေတဲ့ စိတ်ဟာလည်း ခန္ဓာကိုယ် ကျန်းမာ နေမှ၊ အလုပ်တွေကို ကောင်းကောင်းမွန်မွန် လုပ်နေနိုင်မှ စိတ်ဟာလည်း ကောင်းမွန်မှန်ကန် နေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဟာလည်း ခန္ဓာကိုယ် လှုပ်ရှားမှု အပေါ်မှာ အကျိုးသက် ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်၊ စိတ်ရှုပ်ထွေး နေတယ်ဆိုရင် လုပ်ငန်း ဆောင်ရွက်မှုတွေမှာ တက်တက်
ကြွကြွမရှိ နိုင်တော့ ပါဘူး။ နေ့စဉ် လုပ် နေကျအလုပ်တွေကို လုပ်ရာမှာ အဆင်ပြေ ချောမွေ့မှု မရှိနိုင်တော့ပါဘူး။ နေရထိုင် ရတာလည်း လန်းလန်းဆန်းဆန်း မရှိတော့တဲ့ အတွက် အဲဒီလို အခြေအနေမျိုးဟာ အန္တရာယ် ရှိတယ်လို့ ပြောနိုင် ပါတယ်။ နေ့စဉ်လုပ်ငန်း ခွင်မှာလည်း အရင်တုန်းကဆိုရင် လက်နှိပ်စက်နှင့် လူကိုယ်တိုင် လှုပ်ရှားသွားလာ
ဆောင်ရွက်ကြတာ ဖြစ်ပေမယ့် ယနေ့ခေတ် အချိန်အခါမှာတော့ သွားလာတာလည်း ဟိုနားဒီနားက အစ ကားလေးနဲ့ သွားလာကြရုံ သာမက ရုံးလုပ်ငန်းတွေမှာလည်း ဖက်စ်၊ အင်တာနက်၊ အီးမေးလ်၊ ကွန်ရက်ချိတ်
ဆက်မှု တွေနဲ့ အလုပ်လုပ် လာကြတာများကြောင်း တွေ့လာရပါတယ်။

ဒါ့အပြင် မိသားစု စားဝတ်နေရေး အတွက် လူတိုင်းနီးပါး အလုပ်လုပ်ကြ
ရတဲ့ ခေတ်ဆိုတာ မျိုးဖြစ်လို့ နေ့စဉ် အားကစား လုပ်ဖို့၊ ခန္ဓာကိုယ် လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ဖို့ ပျက်ကွက် လာကြတာများပါ တယ်။ ကျောင်းတွေမှာတောင် ကာယ လေ့ကျင့်ခန်းနဲ့ အားကစားကို ထိရောက်အောင် လုပ်ဆောင်မှု အားနည်းလာတာ တွေ့ရပါတယ်။ ဒါ့အပြင် အစားအသောက် စားသုံးမှုမှာလည်း ယဉ်ကျေးမှု စီးဝင်ပြောင်းလဲ လာမှုနှင့် အတူ ကယ်လိုရီအများ အပြား ပါဝင်တဲ့ အစားအစာတွေကို ခေတ်မီအောင် လိုက်စားလာကြတာ တွေ့ရပါတယ်။ အဲဒီရဲ့ အကျိုးဆက် အဖြစ် ခန္ဓာကိုယ် အလေးချိန် တက်လာတာ တွေ့ရပါတယ်။ ကိုယ်လက် လှုပ်ရှားမှုကပါ နည်းပါးလာတော့ လူမှာရောဂါက တစ်မျိုးပြီး တစ်မျိုး ဝင်လာတာတွေ့ ရပါတယ်။

မြန်မာပြည်သူ လူထုအများစု အနေဖြင့် ကျန်းမာရေး လေ့ကျင့်ခန်း အနေနဲ့ ကိုယ်လက် လှုပ်ရှားမှုကို အားကစားကွင်း၊ အားကစားရုံမှာ လုပ်မှရတယ်
ထင် နေတာလည်း ဆိုးတယ် ပြောရမှာ ဖြစ်ပါတယ်။

နေ့စဉ်ကိုယ် လက်လှုပ်ရှားမှု ဆိုရာမှာ လမ်းလျှောက်သွားလို့ အပန်းမကြီးရင် ကားမစီးဘဲ လမ်းလျှောက်လိုက်၊ ဓာတ်လှေကားနဲ့ နေ့စဉ်တက် နေတဲ့နေ
ရာမှာ ရိုးရိုးလှေကားနဲ့ ပြောင်းတက် ကြည့်တာမျိုး လုပ်ဖို့ မစဉ်းစားဘဲ လူသက်သာရာ လမ်းကိုသာ ရွေးပြီး လုပ်နေကြတာများကြောင်း တွေ့နေရ
ပါတယ်။ ဒါ့ကြောင့် အသက် ငယ်ငယ်လေးနဲ့ ဝဖိုင့်ပြီး၊ ရောဂါများပြီး လူအိုပေါက်စလေး တွေပုံတွေ့ နေကြရပါတယ်။ ဒါ့အပြင် အလွယ်တကူ ဝယ်ယူသုံးစွဲ နိုင်သောအရက်၊ ဆေးလိပ် သောက်သုံးမှုများကြောင့် အချိန်မတိုင်ခင် အရွယ်ကျ လာကြပါတယ်။

ခန္ဓာကိုယ် လှုပ်ရှားမှု မရှိတဲ့အတွက် ရောဂါမျိုးစုံ တစ်မျိုးစီ အလှည့်ကျ စနစ်နဲ့ ချဉ်းကပ် လာတာကနေ တစ်ဆင့် ကိုယ်လ က်လှုပ်ရှားမှု နည်းပါးတဲ့ အတွက် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှု တွေကနေမှ စိတ်ဓာတ်ကျတာတွေ ခံစားဖြစ်ပေါ် လာနိုင်ပါတယ်။ အဲဒီလိုအခြေ အနေမျိုးတွေ ကနေ လွတ်မြောက်အောင်လို့ ကိုယ်လက်လှုပ်ရှားမှု အဖြစ် ကိုယ့်အိမ်ခြံဝင်း အတွင်းမှာ သစ်ပင်စိုက်တာ၊ ရေလောင်းတာ အပါအဝင် အိမ်တွင်း သန့်ရှင်းရေး လုပ်တာအထိ တဖြည်းဖြည်းနဲ့ စပြီးစိတ်ပါလက်ပါ ဖြစ်လာ
တဲ့အထိ လုပ်ဆောင်ပေးမယ် ဆိုရင် နေထိုင်မှု ဘဝမှာပါ လှုပ်ရှား ဆောင်
ရွက်မှုတွေ သွက်လက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း တွေ၊ လှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းဖြင့် ဦးနှောက် အတွင်းမှ ဒိုပါမင်၊ ဆီရိုတိုနင်တို့လို ဓာတ်မျိုးတွေ ထွက်ရှိတဲ့ အတွက် စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေ ကနေ လွတ်ကင်းစေနိုင် ပါတယ်။ ကိုယ်နဲ့ သင့်လျော်တဲ့
လေ့ကျင့်ခန်းတွေကို မိမိဘာသာ ရွေးချယ်ပြီး တစ်နေ့ကို နာရီဝက် (မိနစ် ၃ဝ) နီးပါး ခပ်မှန်မှန်လေး လုပ်ပေးသွားရင် ကိုယ်ခန္ဓာအတွက် များစွာ အထောက်အကူ ရှိစေမှာ ဖြစ်ပါတယ်။

သင့်တင့်တဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းဟာ
နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါနဲ့ ကင်ဆာရောဂါ တွေဖြစ်ဖို့ အခွင့်
အလမ်းတွေ နည်းပါးသွား စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ Depression ဝင်နေတဲ့ လူမျိုးတွေကိုလည်း သက်သာလျော့ပါး စေနိုင်ပါတယ်။ ဘယ်လို အချိန်မျိုးမှာ လေ့ကျင့်ခန်းတွေ လုပ်သင့်သလဲ ဆိုရင်တော့ ပတ်ဝန်းကျင်မှာ ဖုန်မှုန့် တွေ၊ လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ တွေအနည်း
ဆုံးနှင့် အေးအေးချမ်းချမ်း ရှိတဲ့ နံနက်စောစော ပိုင်းမှာ လူတိုင်းနီးပါး လမ်းလျှောက်ခြင်းနဲ့ ကိုယ်လက် လှုပ်ရှားမှုတွေကို လုပ်ဆောင်ကြပါတယ်။ ဒါမှလေ့ကျင့်ခန်း လုပ်စဉ် အသက်ရှူချိန်မှာ အဆုတ်ထဲကို လေကောင်း
လေသန့်တွေ အများဆုံး ရောက်ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

တချို့အားကစား လေ့ကျင့်မှုတွေ ကိုတော့ ပုံမှန်ညနေခင်း ဘက်တွေမှာ ကစားကြပါတယ်။ သိပ်ပင်ပန်း နွမ်းနယ်နေတယ် ဆိုပေမယ့် ပုံမှန်အချိန်
ရောက်လို့ လေ့ကျင့်ခန်းလေး လုပ်လိုက်တယ်ဆိုရင် လန်းဆန်းပေါ့ပါး သွားမှာဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှု ပြုနေတဲ့ သူတွေအဖို့ မိမိကိုယ်ကို ကျန်းမာနေတယ် ဆိုတဲ့ ခံစားမှု၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း Self control တွေရှိလာတဲ့အပြင် ပတ်ဝန်းကျင် ဆက်ဆံရေးပါ တိုးတက် ကောင်းမွန်လာ နိုင်တာတွေ့ ရပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ခြင်း အားဖြင့် ခန္ဓာကိုယ်လည်း ကျန်းမာလာသလို စိတ်လည်း ကျန်းမာရွှင်လန်း လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရော စိတ်ပါကျန်းမာဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ မှန်မှန်လုပ် ကြပါစို့ဟု ရေးသား အပ်ပါသည်။

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်