Payment card တွေအကြောင်း

Payment card တွေအကြောင်း


Payment card မှာ Debit card နဲ့ Credit card နှစ်မျိုးရှိပါတယ်။ ဒီနေရာမှာ Credit card နဲ့ Debit card ကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။

Debit card

Debit card ဆိုတာက ဘဏ်မှာ ဘဏ်အကောင့်(current account) တစ်ခုဖွင့်ပြီး ငွေသွင်းပြီးတာနဲ့ ဘဏ်ကနေပြီး အလွယ်တကူ ထုတ်ပေးတဲ့ Payment card ပါ။ ATM စက်တွေမှာ ကိုယ့်ပိုက်ဆံကို ထုတ်ဖို့ပဲဖြစ်ဖြစ်၊ ဈေးဆိုင်တွေမှာ Card ကိုပေးပြီးတော့ ငွေချေဖို့ပဲဖြစ်ဖြစ် စတာတွေကို လုပ်နိုင်ပါတယ်။ ပြီးတော့ ဘဏ်မှာ Payment card ကို Visa, Master, Mastro စသည်ဖြင့် ကိုယ်ကြိုက်တဲ့ ကဒ်ကို ရွေးချယ်နိုင်ပါသေးတယ်။

Credit card

ဘဏ်တွေ တော်တော်များများက Credit card ကိုတော့ လွယ်လွယ်နဲ့ ထုတ်မပေးတတ်ကြပါဘူး။ အနည်းဆုံးတော့ သူတို့ဘဏ်မှာ ဘဏ်အကောင့် တစ်ခုရှိရပါတယ်။ (တခါတလေတော့လည်း ခြွင်းချက်အနေနဲ့ ဘဏ်အကောင့်မရှိလဲ ထုတ်ပေးတတ်ပါတယ်။) ပြီးရင် ကိုယ့်မှာ ပုံမှန်ဝင်ငွေရှိဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်းကရတဲ့ လစာ(၀င်ငွေ) ကို ပြဖို့လိုပါတယ်။ အဲဒီအတွက် (ကုမ္မဏီမှာ အလုပ်လုပ်တယ် ဆိုပါစို့) ကိုယ့်အထက်လူကြီးရဲ့ ထောက်ခံချက်ပေးဖို့ လိုပါတယ်။ ဘဏ်က အထက်လူကြီးရဲ့ ထောက်ခံချက်ကိုကြည့်ပြီး သုံးလစာဝင်ငွေက မှန်မမှန်ဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က နိုင်ငံခြားမှာရောက်နေတယ်ဆိုရင် long tem stay ဖြစ်ဖို့လဲ လိုပါတယ်။ အဲဒါတွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ဘဏ်ကနေ Credit card ကို ထုတ်ပေးမှာဖြစ်ပါတယ်။

သူတို့နှစ်ခုရဲ့ ကွာခြားချက်

ကဒ်နှစ်မျိုးလုံးကတော့ Payment card တွေချည်းပါပဲ။

Debit card က ကိုယ်က ဘဏ်မှာ အရင်ကြိုပြီးတော့ ပိုက်ဆံသွင်းရပါတယ်။ ကိုယ်သွင်းထားတဲ့ ငွေပမာဏကိုပဲ ကိုယ်က ထုတ်ယူသုံးစွဲနိုင်ပါတယ်။

Credit card ကတော့ ဘဏ်ကနေပြီး ကိုယ့်ကို ငွေပမာဏအတိုင်းအတာတစ်ခုထိ ချေးပေးထားတာပါ။ အဲဒီပမာဏကို ကိုယ်က ထုတ်ယူသုံးစွဲနိုင်ပါတယ်။ ကျွန်တော်တို့က Credit card ကို သုံးပြီးတော့ ပစ္စည်းတွေဝယ်ပြီး ငွေပေးချေလို့ရပါတယ်။ အဲဒါက ဘဏ်ကနေပြီးတော့ ကိုယ့်ကိုချေးထားတဲ့ ပိုက်ဆံပါ။ ပြီးရင် ကိုယ်က ဘဏ်ကို အဲဒီချေးငွေအတွက် ပြန်ဆပ်ရပါတယ်။ ချေးငွေကို အကုန်ပြန်ပြီး မဆပ်နိုင်ရင်လဲ တစ်လကို ငွေဘယ်လောက် ပြန်ဆပ်ပါမယ်ဆိုတဲ့ ပမာဏကို ဘဏ်ကို ပြန်သွင်းပေးရပါတယ်။ အဲဒါတွေအပြင် ကိုယ်ထုတ်ပြီးသုံးစွဲလိုက်တဲ့ ချေးငွေကို အကုန်မဆပ်နိုင်ခင်မှာ ဘဏ်က အတိုးနှုန်းတစ်ခုနဲ့ လစဉ်တိုးပြီး ယူနေဦးမှာပါ။

မှတ်ချက်။    ။ Paypal တို့မှာ အကောင့်ကို Verify ဖြစ်ဖို့အတွက်ဆိုရင် Credit card ရှိမှမဟုတ်ပါဘူး။ Debit card နဲ့လည်း Verify ဖြစ်အောင် လုပ်လို့ ရပါတယ်။

**Note ထဲကနေ ပြန်တွေ့လို့ ကူးပြီးတင်လိုက်တာပါ။ ဖိုရမ်တစ်ခုမှာဆွေးနွေးထားတဲ့ ဆွေးနွေးချက်ထဲကပါ။ လင့်သိရင် ပြောခဲ့ပေးကြပါဦး။**

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်