User Lock (Pattern Lock, Pin Lock, Password Lock, Email Lock) ကျလာသော Phone များအတွက်ဖြေရှင်းနည်း




=>ဒီတစ်ပါတ်အတွက်တော့ ပေးချင်တဲ့ Message က Service သမားတွေ အတွက်ဆိုပိုမှန်ပါလိမ့်မယ်။
=>ဆိုင်တွေမှာတွေ့ရမယ့် User Lock ပြဿနာအတွက်ဖြေရှင်းနည်းလေးပါ။
=>User Lock (Pattern Lock, Pin Lock, Password Lock, Email Lock) ကျလာသော Phone များအတွက်ဖြေရှင်းရာတွင်
(1). User Data အပျက်ဖြေရှင်းရသော နည်း (Hard Reset)
(2). User Data မပျက်ပဲ ရှင်းနိုင်သောနည်း ဆိုပြီး 2 မျိုးကို Service ပေးနေကြတာ အားလုံးကြုံဖူးကြမှာပါ။

=>နံပါတ် (1). နည်းအတွက်ကတော့အထွေအထူး ပြောစရာမရှိပါဘူး။ သူနဲ့ဖျက်ရင်တော့ Customer Data အားလုံးပျက်မှာပါ။
Service ကြေးလည်းသိပ်တောင်းလို့ မရပါဘူး။

=>အခုပြောမှာက နံပါတ် (2). နည်းပါ။
- Data အကျန်လိုချင်ရင် Phone မှာ အခြေခံ အချက် 2 ချက်တော့ မဖြစ်မနေလိုပါလိမ့်မယ်။
- Root ဖောက်ထားဖို့နဲ့ USB Debugging On ထားဖို့ပါ။ ဒါလည်း သိပြီးသားနေမှာပါ။
- ပိုအရေးကြီးတဲ့အချက်ကတော့ USB Debugging On ထားဖို့ပါ၊ ဘာဖြစ်လို့လဲဆိုတော့ Data မပျက်အောင် Lock ဖျက်ပေးနိုင်တဲ့ Software တွေဟာ PC နှင့်ချိတ်ဆက်ပြီးအသုံး ပြုရတာများလို့ပါ။ Lock ကျနေတဲ့ Phone ကို Root ပေါက်ပြီးလား မပေါက်သေးဘူးလား ဆိုတာ လည်းအတူတူပါပဲ၊ PC ကနေစစ်ရမှာပါ။

=>USB Debugging On ထားပြီး Root မဖောက်ရသေးရင်တော့ လုပ်ရတာပိုလွယ်ပါတယ်။

***a. Phone ကို Normal Mode မှာထား PC နဲ့ ချိတ်ဆက်
***b. Driver သိပြီဆိုတာနဲ့ ကြိုက်ရာ One Click Root များနှင့် Root လိုက်ပါက အချက် 1 နှင့် 2 နှစ်ချက်လုံးပြည့်စုံပြီမို့ ကြိုက်ရာ Lock ဖျက်သော Software များကိုအသုံး ပြုပြီးဖျက်နိုင်ပါပြီ။

=>USB Debugging လည်း On မထား ၊ Root လည်းဖောက် မထား သော Phone များအတွက်ကတော့

***a. Phone ကို Normal Mode / USB Debugging On ပြီး PC တွင်ကြိုးထိုး သောအခြေအနေနှင့် Phone ကို Recovery Mode ဝင်ပြီး PC နှင့်ကြိုးသောအခြေအနေ မှာအတူတူဖြစ်နေတဲ့အတွက် Service ပေးမည့် Phone ကို Recovery Mode ဝင် / PC နှင့်ကြိုးထိုး / ကြိုက်ရာ Root နှင့်ဖောက်ပါက Root ပေါက်သွားပါလိမ့်မည်။ (Root ရပြီ)

***b. Phone ကို Recovery Mode ထပ်ဝင် / PC နှင့်ကြိုးထိုး / ကြိုက်ရာ Lock ဖျက်သည့် Software နှင့် User Lock များကိုဖျက်နိုင်ပါပြီ။


***အားလုံးခြုံကြည့်လျှင် အဓိကအချက်မှာ "Normal Mode > USB Debugging On = Recovery Mode" တူနေတဲ့အတွက်.....
***Recovery က Original ဖြစ်နေဖို့တော့လိုပါတယ်
***Huawei Phone တော်တော်များများမှာ စမ်းပြီးပါပြီ

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်