Posts

Showing posts with the label သတင်း

Google မှ Email ပို့သည်ပုံစံအားပြောင်းလဲ

Image
Google မှ Email ပို့သည်ပုံစံအားပြောင်းလဲ Google သည် သူတို့၏ အီးမေးလ်ပို့သည်ပုံစံအား ပြောင်းလဲလိုက်ကြောင်း သိရပါသည် ယခင်က ပုံစံမဟုတ်တော့ဘဲ ယခုပြောင်းလဲလိုက်သည့်ပုံစံတွင် အီးမေးလ်ပို့ရန် Compose ကိုနှိပ်လိုက်သောအခါ Pop Up တစ်ခုထွက်လာမည် ဖြစ်ပြီး ထို Pop up လေးကိုအသုံးပြုပြီး အီးမေးလ် ပို့ရမည်ဖြစ်ပါသည် Window မှ မိမိပို့လိုသည့် Message အနည်းအများကို လိုက်ပြီး ထို Pop Up ၏အရွယ်အစားအား အော်တို ထိန်းချုပ် ပေးမည်ဖြစ်ပါသည် ထို Pop Up မှာ Chat Box ဖြင့်ဆင်တူပါသည် ယခု ပုံစံအသစ်တွင် ပါဝင်လာသည့် Feature အသစ်များမှာ (၁) အီးမေးလ်ပို့နေစဉ်အတွင်း တွင် မိမိ၏တခြားအီးမေးလ်အ၀င်အထွက်အား စစ်ဆေးနိုင်မည်ဖြစ်ပါသည် (၂) မိမိပို့မည့် လူ၏ Email တွင်အသုံးပြုထားသော ဓာတ်ပုံအား မြင်တွေ့နိုင်မည် ဖြစ်ပါသည် (၃) -မိမိပို့လိုသည့် အီးမေးလ်အား To,CC,BCC တွင်လိုသလို ရွေ့ပြောင်းနိုင်မည် ဖြစ်ပါသည် ယခု အီးမေးလ်ပို့သည့်ပုံစံအသစ်အား အသုံးမပြုချင်ဘူးဆိုလျှင်လည်း (Switch back to old compose) အားနှိပ်ပြီး ယခင် ပို့နေကြ ပုံစံအဟောင်း ကိုပင်ဆက်လက်အသုံးပြုပြီး အီးမေးလ်ပို့နိုင်ပါသည် အဘယ်ကြောင့်ဆိုသော် ယခုပြော...

လက်ကိုင်ဖုန်း သေနတ် ပေါ်ပေါက်နေ သဖြင့် တင်းကြပ်စွာ စစ်ဆေးနေ

Image
လက်ကိုင် ဖုန်းသေနတ် များ ပေါ်ပေါက်နေ သဖြင့် လေ ဆိပ်နှင့် သင်္ဘော ဆိပ်များတွင် စနစ်တကျ စစ်ဆေး အရေး ယူ ဆောင်ရွက်သွား ရန် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရ အဖွဲ့မှ ညွှန်ကြားထားကြောင်းသိရ သည်။ ပြီးခဲ့သည့် ဧပြီလမှစ၍ လက် ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်း သတင်းရရှိသဖြင့် လေ ဆိပ် နှင့်သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ် တကျရှာဖွေစစ်ဆေးရန်လေကြောင်း ဦးစီး ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။”ပြည်ပ အဝင် အ ထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့ လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်း မိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။ နည်းပညာရော ပစ္စည်းပါ တိုးတက်လာ တဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန် စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက် မလာနိုင်ပါဘူး”ဟု လေဆိပ်ရှိ စစ် ဆေးရေးအရာရှိတစ်ဦး ကဆိုသည်။ ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တွင် လေဆိပ်၊ ရေဆိပ်များသာ မက မြို့တွင်း ကား လမ်းကြောများ တွင်လည်း ရှောင်တခင် ရှာဖွေစစ် ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဓား၊ စကေ ဘာ၊ နံချပ်ကူစသည့် လူကိုအန္တ ရာယ်...

မလေးရှားနိုင်ငံ မှ မြန်မာပြည်သားလုပ်သားများအတွက် သက်ဆိုင်သူများသိစေရန် SHARE ပေးကြပါ

Image
အများသိစေရန် SHARE ပေးကြပါ.... ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ... မလေးရှားနိုင်ငံ၊ ကူးလင်းမြို့တွင် ၄-၈-၂၀၁၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မြန်မာပြည်သားများ လုပ်ကိုင် နေ သည့် စက်ရုံ တွင်ပေါက်ကွဲမူ့ တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။   စက်ရုံ မှာ (ဂတ်စ်)ဖြည့်သည့် လုပ်ငန်း ဖြစ်ပါတယ်။ ဖြစ်ပွားချိန်တွင် မြန်မာပြည်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူများမှာ ဇော်မျိုးခိုင် - မကွေးတိုင်၊ ရေစကြိုမြို့နယ်၊ အောင်သာရွာ မှဖြစ်ပြီး ကိုဇော်လင်း မှာ ပုဂံ ညောင်ဦးခရိုင်၊ ငါးသရောက်မြို့နယ်၊ ထန်းငယ်တော ရွာကလိုသိရပါတယ်။   ကိုကရင်၊ မိုးလွင်၊ ကိုထွန်း ဆိုသူ ၃ ဦးမှာ ဘယ်နယ်က ဆိုတာ စုံစမ်း နေတုန်းပါ။     ကိုဇော်လင်း ဆိုသူမှာ ၈-၈-၂၀၁၂ ရက်နေ့တွင် ပီနန်း ဆေးရုံးကြီးတွင် သေဆုံး သွားပါတယ်။   ၁၁-၈-၂၀၁၂ ရက်နေ့တွင် ဇော်မျိုးခိုင် ဆိုသူမှာလဲ အလော့စတား ဆေးရုံတွင် သေဆုံး သွားပြန်ပါတယ်။   ၁၂ - ၈ -၂၀၁၂ ရက်နေ့တွင် ကူးလင်းဆေးရုံ တွင် ကိုကရင် နှင့် မိုးလွင် တို ထပ်မံသေဆုံး သွားပြန်ပါတယ်။     သေဆုံးသွားသူ (၄) ဦးအား နာရေးကူညီမူ့ အသင်း (ပီနန်း - မလေးရှား)မှ တာဝန်ယူဆောင် ရွက်ပေးမှာ ဖြစ် ပါတယ...

GSMဖုန်းများ ကျပ်တစ်သိန်းဝန်းကျင်ဖြင့် လာမည့်နှစ်ဦးပိုင်းတွင် ရောင်းမည်

Image
လာမည့် ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတည်ပြု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဖုန်းဈေးနှုန်းများ လျှော့ချပါက အလုံးရေ အများအပြားရောင်းရမည် ဖြစ်သောကြောင့် လိုအပ်သည့် လိုင်းအင်အား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဈေးနှုန်းနည်းသွားရင် ဝယ်မယ့် အင်အားက များလာမယ်။ ဒါကြောင့် လက်ရှိမှာ လိုအပ်တဲ့ လိုင်းအင်အားတွေ ပြင်ဆင်နေတယ်။ လာမယ့် ဘတ်ဂျက် နှစ်စမှာတော့ ဈေးနှုန်းတွေ လျှော့ပေးဖို့ရှိတယ်။ ကျပ်တစ်သိန်းခွဲနဲ့ တစ်သိန်းဝန်းကျင် ဖြစ်မှာပါပဲ”ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါဖုန်းများ ရောင်းချရာတွင် ဝယ်ယူလိုသည့် ပမာဏအတိုင်း ရောင်းချပေးနိုင်ရန် အစီအစဉ်များဆောင်ရွက်လျက်ရှိပြီး ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချစဉ်က ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုကြောင့် ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းတွေဈေးကျရင် လက်ရှိ ဖုန်းကိုင်နိုင်မယ့် လူဦးရေထက် ထက်ဝက်ကျော် ဖြစ...

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင် အမည်စာရင်း ထုတ်ပြန် တဲ့... :)

Image
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ဖို့ ရန်ကုန် ကမာရွတ်မြို့နယ်က ကိုကျောက်ခဲနဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုကျော်ကျော်မျိုးတို့ကို ရွေးချယ်လိုက်သလို ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ ပုသိမ်မြို့က မဇာခြည်လင်းနဲ့ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က မသင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးအဆင့် ရွေးချယ်လိုက်ပါတယ်။ အခု ရွေးချယ်လိုက်သူတွေကို မကြာခင်မှာ သရုပ်ဆောင် လေ့ကျင့်ပေးဖို့ စတင်တော့မှာ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ အဆင့်ဆင့် ရွေးချယ်ခဲ့ရမှာ ဆန်ခါတင် (၇) ဦးရရှိခဲ့ပြီး ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားသူ (၄၆) ဦးထဲက ဆန်ခါတင် (၄) ဦးရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီထဲကမှ အ...

လယ်သမား (၇) ဦးကို စစ်တပ်က ဖမ်းဆီး

 စစ်တပ်မှ သိမ်းထားသည့် လယ်ယာမြေများကို ပန်းတောင်းမြို့နယ်မှ လယ်သမားများက ပြန်လည်ထွန်ယက်နေကြစဉ်။ RFA ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လယ်သမား (၇) ဦးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ပစ္စည်းစက်ရုံ ကပစ (၃) စစ်တပ်က ဒီကနေ့ မနက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။  ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှားသူများအဖွဲ့က ကိုရဲထင်ကျော်က RFA ကို အခုလို ပြောပါတယ်။  "ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို သွားမယ်ဆိုတဲ့ လယ်သမား (၇) ယောက်ကို စစ်တပ်ကနေပြီးတော့ ဖမ်းလိုက်တယ်။ အဖမ်းခံလိုက်ရတဲ့ လူတွေရဲ့နာမည်က ဦးတင်အောင် အသက် ၆၅ နှစ်၊ ဦးအောင်ကြည် ၅၆ နှစ်၊ ဦးထွန်းဟန် ၅၆ နှစ်၊ ဦးကျော်ကျော်လွင် ၂၅ နှစ်၊ ဦးမင်းနိုင် ၃၀ နှစ်ခန့်၊ ဦးဟန်ဝင်း ၃၈ နှစ်ခန့်၊ ဦးစံမင်း ၃၀ နှစ်ခန့် အဲဒီလူ ၇ ယောက်ကို ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ အခုညနေ ၃ နာရီလောက်မှာလည်း လယ်တောတွေထဲမှာ နွားကျောင်းနေတဲ့ လယ်သမားတွေကို စစ်တပ်က လိုက်ဖမ်းနေတယ်လို့ ကျွန်တော်တို့ သိရတယ်"  ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာနဲ့ ပုတီးေ...