လက်ကိုင်ဖုန်း သေနတ် ပေါ်ပေါက်နေ သဖြင့် တင်းကြပ်စွာ စစ်ဆေးနေ

လက်ကိုင် ဖုန်းသေနတ် များ ပေါ်ပေါက်နေ သဖြင့် လေ ဆိပ်နှင့် သင်္ဘော ဆိပ်များတွင် စနစ်တကျ စစ်ဆေး အရေး ယူ ဆောင်ရွက်သွား ရန် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရ အဖွဲ့မှ ညွှန်ကြားထားကြောင်းသိရ သည်။
ပြီးခဲ့သည့် ဧပြီလမှစ၍ လက် ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်း သတင်းရရှိသဖြင့် လေ ဆိပ် နှင့်သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ် တကျရှာဖွေစစ်ဆေးရန်လေကြောင်း ဦးစီး ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။”ပြည်ပ အဝင် အ ထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့ လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်း မိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။ နည်းပညာရော ပစ္စည်းပါ တိုးတက်လာ တဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန် စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက် မလာနိုင်ပါဘူး”ဟု လေဆိပ်ရှိ စစ် ဆေးရေးအရာရှိတစ်ဦး ကဆိုသည်။
ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တွင် လေဆိပ်၊ ရေဆိပ်များသာ မက မြို့တွင်း ကား လမ်းကြောများ တွင်လည်း ရှောင်တခင် ရှာဖွေစစ် ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဓား၊ စကေ ဘာ၊ နံချပ်ကူစသည့် လူကိုအန္တ ရာယ် ဖြစ်စေ နိုင်သော ကိရိယာများ ကိုင်ဆောင်ခြင်းရှိ၊ မရှိအသေးစိတ် စစ်ဆေးလျက်ရှိ ကြောင်း၊ ယင်းကဲ့ သို့ ပစ္စည်းများ တွေ့ရှိပါက လက် နက်ဥပဒေအရ ထိရောက်စွာအရေး ယူရန်စီမံချက် ချထားကြောင်း သိရ သည်။

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

Bus ကား​ပေါ်က သမင်​မ​လေး

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်