စစ်ကိုင်းဆရာတော်၏သြ၀ါဒများ

၁။ သွား၊ရပ်၊ထိုင်၊လျောင်း၊ ဣရိယာပုတ်လေးပါးတို့၌ အကုသိုလ် မဖြစ်ရ။ ကုသိုလ်တရားသာ
ဖြစ်အောင် နုလုံးသွင်းရမည်။
၂။ အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ၊ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကိုလွန်စေ
ရမည်။
၃။ ကောင်းမကောင်းဖြစ်သော ကံဟောင်းကို မမျှော်လင့်ရ။ ကောင်းသောကံသစ်ကိုသာ ဖြစ်ပွားအောင် အားထုတ်ရမည်။
၎။ အကျိုးကို အားမထုတ်ရ၊မကျင့်ရ ။ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ်ကျင့်ကြံရ
မည်။
၅။ အကျင့် အတုအယောင်ကို မဖြစ်စေရ။ အကျင့်အစစ်အမှန်ကို ကျင့်ရမည်။
၆။ ကိုယ်၏အကျင့်ကို တစ်ပါးသူမသိစေရ။ ကိုယ့်အကျင့်မှန်မမှန်ကို ကိုယ်တိုင်သိအောင် ဆင်
ခြင်ရမည်။
၇။ သူတစ်ပါးကိုအားမကိုးရ။ မိမိကိုယ်သာအားကိုး၍ ကျင့်ရမည်။
၈။ မိမိကမကျင့်မှု၍ သူတစ်ပါးအား မဆုံးမရ၊ ကိုယ့်ကိုယ်ကိုသာ ယဉ်ကျေးအောင်ဆုံးမရမည်။
၉။ သူတစ်ပါး၏အပြစ်ကိုမရှုရ၊ ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်အောင် ရှု၍ အပြစ်လွတ်အောင်
ပြုရမည်။
၁၀။ သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သော
သမ္မာဆန္ဒကို ဖြစ်စေရမည်။
၁၁။ ပစ္စည်းရအောင်မကျင့်ရ။ တရားကောင်းအစစ်ကိုရအောင်ကျင့်ရမည်။(ဓမ္မဒါယာဒ)
၁၂။ အပေါင်းအဖော်နှင့်ပျော်၍ သူများနှင့် သင့်အောင်မနေရ။ ရုပ်နာမ်တရားတို့နှင့် သုံးသပ်မွေ့လျော် သင့်တော်အောင်နေရမည်။
၁၃။ ကြောက်လန့်အောင်မနေရ။ ကြောက်လန့်မှုမရှိအောင်နေရမည်။
၁၄။ စာပေကျမ်းဂန် တတ်သိခြင်းမမှားစေရ၊ တတ်သိခြင်းအမှန်ကျအောင် သတိသမ္ပဇဉ်
ရှိရမည်။
၁၅။ စာပေကျမ်းဂန် တတ်သိရုံမျှနှင့်ရောင့်ရဲမနေရ။ တရားတတ်သိအောင်အားထုတ်ကျင့်ကြံ
ရမည်။
၁၆။ သံသရာ၍ အသက်ရှည်ရန်မလိုအပ် ။ သံသရာသက်တိုရန်သာ လိုအပ်သည်။
၁၇။ ရှည်လျားသော တဏှာက်ုဖြတ်၍ တိုသေးသောပါရမီကို ဆက်ပေးရမည်။
၁၈။ မေ့၍နေလျှင် အဖန်တလဲလဲ သေရလိမ့်မည်။ မမေ့လျှင်နောက်ထပ် မသေရပြီ။
၁၉။ အသက်မပြတ်ရှင်လျက်ရှိသော အ၀ိဇာတဏှာကို သေအောင်သတ်။ အမြဲသေ၍သာနေ
သောအသင်္ခတနိဗာန်သို့ရောက်အောင် ကပ်ရမည်။
၂၀။ သင်္ခါရ အလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ်၊ သင်္ခါရဟူသမျှကို စွန့်လွှတ်နိုင်မှ အနုပါဒိသေသ နိဗ္ဗာန်သို့ရောက်မည်။
ဓမ္မစရိယ ဦးဌေးလှိုင် ရေးသားပြုစုသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ(ပထမတွဲ)မှ

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်