သူငယ်ချင်းလေး ရေ

အမှောင်ရဲ့  ချောင်လေးထဲမှာ
နောက်ကျောက ဒဏ်ရာ ကုစားရင်း
လဲပြို အဓိပ္ပါယ်မဲ့ နေတဲ့ ငါ .........။
" လဲနေသူအတွက် တစ်ချက်လောက် ရပ်နိုင်ရင်
အနာဂတ် ရှိတယ် "
စကားသံနဲ့  ကမ်းပေးလာတဲ့ လက်ကလေး
ငါ..ငေးနေမိခဲ့တယ် ၊
တစိမ့်စိမ့် စီးမျောသွားတဲ့ ရင်ထဲမှာ
အရာတိုင်းကို မျှော်လင့် ချင်လာတယ်
ကမ်းလက်ကလေးကို ဆုပ်ကိုင်ရင်း
ယိုင်လဲသွားတဲ့ ငါ့..မျက်ရည်
ပျော်လို့ ပါ ..ကောင်မလေးရယ် ၊
ဘယ်လောက် ပျော်သွားလဲဆိုရင်
မျက်ရည်တွေကို မေးကြည့်လိုက်ပါ
ပြောပြနိုင်မှာပါကွာ ၊
" ပထမခြေလှမ်းထက် ပိုအရေးကြီးတဲ့
ခြေလှမ်း ဆိုတာမရှိဘူး အဲဒိအတွက်
ဖိနပ်ဆိုတဲ့ အဖော်လည်း ရှိရမယ် "
ကောင်မလေးရေ
မင်းပြောတဲ့စကားတွေ
မင်းကိုယ်တိုင် စီးပေးလိုက်တဲ့
ဖိနပ် ကိုစီးနင်းရင်း
ခြေတစ်လှမ်း လှမ်းတိုင်း မင်းနဲ့ ငါ
ဝေးသွားနိုင်တာ တွေးမိရဲ့ လား
" သတိရတိုင်း လှည့်ကြည့်နေရင်
နောက်ကျနေလိမ့်မယ် လေ "
ကျေးဇူးပါ ကောင်မလေး ရေ
ငါ လျှောက်လှမ်းပါ့မယ်
ယုံကြည်မှု့  ကင်းမဲ့ခဲ့တဲ့ လောကကြီးကို
မင်းရဲ့ အားပေးခြင်း တွေနဲ့  ရင်ဆိုင်မယ်
တစ်ခုလောက် မှာ ခဲ့ပါရစေ ကောင်မလေးရယ်
မင်းရဲ့ ပါးပြင်မှာ မျက်ရည်တွေ စီးဆင်းလာခဲ့ရင်
ငါ့ကို အော်ဟစ်ခေါ်လိုက်ပါနော်
" မင်းရဲ့  မနက်ဖြန် တိုင်း အတွက်
မင်းကို ထမ်းပိုးထားပေးချင်လို့ ပါ ကွာ "
ငရဲ (ငရဲပြည်) 16.9.2012

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်