ချစ်သူလေးရေ..... ♥♥


ချစ်သူလေးရေ.....
တိမ်ပြာပြာတွေ ရွေ့လျားနေတာ
လှလိုက်တာ.....
အလွမ်းတွေကိုသာ တိမ်တွေသယ်ဆောင်သွားနိုင်ရင်
ချစ်သူလေးအတွက်ပို့ပေးချင်တယ်...
ယူမှာလား ????
ချစ်သူလေးရေ....
စိမ်းဖန့်ဖန့်သစ်ရွက်တွေလှုပ်ခတ်နေတာ
လှလိုက်တာ.....
အလွမ်းတွေကိုသာ သစ်ရွက်လေးတွေသိရင်
ချစ်သူလေးကိုပြန်ပြောကြမယ်ထင်တယ်..
ယုံမှာလား  ????
ချစ်သူလေးရေ....
မိုးစက်မိုးပေါက်တွေ ကြွေကျနေတာ
လှလိုက်တာ.....
အလွမ်းတွေသာ မိုးစက်မိုးပေါက်ကလေးတွေဖြစ်ခဲ့ရင်
ချစ်သူလေးကို စကားနာထိုးကြလိမ့်မယ်...
လက်ခံမှာလား ????
ချစ်သူလေးရေ...
အလွမ်းတွေကို လေပြေတွေကသယ်ဆောင်ပေးမယ်ဆိုရင်
မိုးမင်းကြီးကို ခေတ္တရပ်ဆိုင်းပေးဖို့တောင်းပန်မယ်..
အဲ့ဒီအချိန်မှာ တိမ်တွေလဲ လွင့်ပျောက်ကုန်ပြီပေါ့..
သစ်ရွက်စိမ်းလေးတွေ မငိုခင်ပြန်ဆုံခွင့်ရချင်တယ်..
ချစ်သူလေးရေ.....  လွမ်းတယ်.... ♥♥


ငှက်ကလေးရဲ့(ရင်တွင်းဖြစ်)

Comments

Popular posts from this blog

Bus ကား​ပေါ်က သမင်​မ​လေး

သရဲပစ်ဂိမ်း

Android မှာ ကျားထိုးမယ် ( Checkers Game for Android )