လေလွင့်ရွက်ကြွေ

ပျော်စရာစစ်ပွဲတစ်ခုတဲ့
အလိမ်အညာမာယာတွေ လက်နက်ပြည့်တပ်ဆင်ပြီး
ဆင်နွှဲလိုက်ကြတာ
ငါလှမ်းပစ်လိုက်တဲ့ စကားလုံးတွေနဲ့အတူ
ငါ့နှလုံးသား လက်ပစ်ဗုံးလိုပါသွားတာ
နင်မသိခဲ့ဘူး
ငါစိုက်ပျိုးမွေးမြူခဲ့တဲ့ ယုံကြည်မှုသစ်ပင်
အသီးအပွင့်တွေဝေခါနီးမှ
နင်လေ....မုသား acid ပြင်းပြင်းတွေလောင်း
သံသယပေါင်းတွေကိုမွေးမြူခဲ့တယ်
ညှိုးခြောက်သွားတဲ့အပင်ဘေးမှာ
ငါ့မျက်ရည်ပူတွေ သွန်းလောင်းရင်း
ပြန်လည်ရှင်သန်ဖို့ ငါတောင့်တနေမိပြန်တယ်
အစကတည်းက နင်မပေးခဲ့တာပဲဖြစ်ဖြစ်
ငါမရခဲ့တာပဲဖြစ်ဖြစ်
စိတ္တဇနမ် ဒီအချစ်ကို
ရှိတယ်လို့ထင်နေတာကိုက ငါ့မိုက်မဲမှုပါ
မရေရာမှုတွေများတဲ့လောကမှာ
သေချာမှုနဲနဲတော့ ငါ့ကိုစွန့်ကြဲပါ
နင့်ရဲ့ အနာဂတ်စိတ်ကူးတွေထဲမှာ
ဘယ်တုန်းကမှ ငါမပါဝင်ခဲ့ဘူးဆိုတာလေး
သိခွင့်ရရုံနဲ့
လေ
ငါကျန်နေခဲ့ဖို့ ခွန်အားတွေလုံလောက်သွားပြီ
နေ၀င်ချိန်တွေနဲ့အတူ
ရင်ခွင်ဗလာနဲ့ဒီလူလည်း
နှလုံးသားရှိရာအရပ် မှန်းမျှော်လို့နေရင်း
တိတ်တိတ်လေး.......ကြွေ

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်