သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀).ရဲ့.၈.ကြိမ်မြောက်

ဗြိတိသျှရဲ့ လက်အောက်ခံ ဘယ်နိုင်ငံတွေဖြစ်ခဲ့ဖူးသလဲ
.
ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အင်အားငယ်နိုင်ငံများကို အကွက်ချောင်းလျက် မည်ကဲ့သို့သိုက်တူးရမည်ကို စဉ်းစားလျက်ရှိ၏။ ၎င်းအတွက် အကျိုးကျေးဇူးရှိမည်ဆိုလျှင် မင်းသားဟန်ဆောင်ထားသော
မျက်နှာဖုံးသည် ကွာကျလျက် အစွယ်ငေါငေါနှင့် ဘီလူးရုပ်သွင်သာ ပေါ်လာတတ်စမြဲတည်း။ အင်အားငယ်၍
အနိုင်ကျင့်ခြင်းဖြင့် ရရှိလာသော နိုင်ငံငယ်တို့ကို လက်အောက်ခံအဖြစ် ထားရှိ၏။ ထိုနိုင်ငံငယ်များမှ မြေပေါ်
မြေအောက် သယံဇာတများကို ထုတ်ယူ၏။ အင်အားကြီးနိုင်ငံအဖြစ် ချဲ့ထွင်၏။
ကမ္ဘာ့အင်အားကြီး နိုင်ငံများအနက် အတိတ်သမိုင်းကို ပြန်ပြောင်း သုံးသပ်သည်ရှိသော် ဗြိတိသျှ
အင်္ဂလိပ်တို့သည် နယ်ချဲ့စနစ်ကို စွဲကိုင်ခဲ့ရာတွင် ထိပ်ဆုံးမှဖြစ်သည်။ အင်အားနည်း နိုင်ငံကလေးများကို
ကိုလိုနီ ကျွန်ပြုခဲ့၏။ ပြန်လည်၍ တွန်းလှန်မှုမပြုနိုင်ရန်လည်း စစ်လက်နက် အင်အားများသုံးကာ ဖိနှိပ်ထား၏။
နိုင်ငံငယ်ကလေးများအား ညှစ်ထုတ်၍ရလာသော အဆီအနှစ်များကို ဝါးမြိုလျက် အရင်းရှင်ကြီးများအဖြစ်သို့
ကူးပြောင်းခဲ့ကြ၏။ သို့ရာတွင် လောကနိယာမအရ ဖိလွန်းက ကြွလာသည့်သဘောရှိ၏။ မည်သည့် နိုင်ငံသူ
နိုင်ငံသားမဆို မိမိတို့နိုင်ငံအား တိုင်းတစ်ပါးသား နယ်ချဲ့တို့ လာရောက်အနိုင်ယူ အုပ်ချုပ်ကြသည်ကို
မလိုလားကြပေ။ စိတ်ထဲ၊ နှလုံးသားထဲ၌မူ နယ်ချဲ့တို့အား မုန်းတီးနေကြသည်သာ ဖြစ်၏။ သည့်အတွက် ကိုယ့်
အမျိုးသားချင်း သွေးစည်းရိုင်းပင်းလျက် တစ်ပါးသောကျွန်အဖြစ်မှ ကင်းလွန်ရန် ကြိုးပမ်းမှုဖြစ်စဉ်များ ပေါ်ထွက်
လာခဲ့ခြင်း ဖြစ်ပေသည်။
ဤ၌ တစ်ချိန်တစ်ခါက နယ်ချဲ့အင်္ဂလိပ် ဗြိတိသျှတို့၏လက်အောက်သို့ ကျရောက်ခဲ့ရသည့် လက်အောက်ခံနိုင်ငံတို့ကို ဖော်ပြရလျှင်
၁။ သီဟိုဠ် (သီရိလင်္ကာ)နိုင်ငံ
၂။ မြန်မာနိုင်ငံ
၃။ အိန္ဒိယနိုင်ငံ
၎။ ဂါနာနိုင်ငံ
၅။ မာလာယုနိုင်ငံ
၆။ ဘယ်လ်ဂျီယံနိုင်ငံ
၇။ ဒိန်းမတ်နိုင်ငံ
၈။ ဖင်လန်နိုင်ငံ
၉။ ပြင်သစ်နိုင်ငံ
၁၀။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ
၁၁။ သြစတြေးလျနိုင်ငံ
၁၂။ ဘူဂေးရီးယားနိုင်ငံ
၁၃။ နော်ဝေးနိုင်ငံ
၁၄။ ဆွတ်ဇလန်နိုင်ငံ
၁၅။ ရူမေးနီးယားနိုင်ငံ စသည့် နိုင်ငံပေါင်း (၁၅)နိုင်ငံ ဖြစ်ကြပါသည်။
.
.
.
ဘယ်သတ္တဝါတွေဟာ ရက်ဘယ်လောက် သန္ဓေဆောင်ကြရသလဲ
.
ဤ၌ သတ္တဝါတို့ မျိုးဆက်ပီပြင်စွာ ဖြစ်ပေါ်လာရန် သန္ဓေဆောင်ရသော အနီးစပ်ဆုံးရက်တို့ကို လေ့လာ
တင်ပြ လိုက်ပါသည်။
၁။ ကြံသူတော်သည် ရက်ပေါင်း (၃၃၀) ဖြစ်၏။
၂။ ရေမြင်းသည် ရက်ပေါင်း (၂၄၀) ဖြစ်၏။
၃။ ဝံပုလွေသည် ရက်ပေါင်း (၆၃) ဖြစ်၏။
၎။ ဝေလငါးသည် ရက်ပေါင်း (၃၃၀) ဖြစ်၏။
၅။ ကုလားအုတ်သည် ရက်ပေါင်း (၃၀၅) ဖြစ်၏။
၆။ ခြင်္သေ့သည် ရက်ပေါင်း (၃၉၀) ဖြစ်၏။
၇။ မြေခွေးသည် ရက်ပေါင်း (၆၃) ဖြစ်၏။
၈။ ကြောင်သည် ရက်ပေါင်း (၆၃) ဖြစ်၏။
၉။ သားပိုက်ကောင်သည် ရက်ပေါင်း (၃၉) ဖြစ်၏။
၁၀။ သစ်ကုလားအုတ်သည် ရက်ပေါင်း (၄၂၀) ဖြစ်၏။
၁၁။ အိန္ဒိယဆင်သည် ရက်ပေါင်း (၆၂၁) ဖြစ်၏။
၁၂။ ကျားသည် ရက်ပေါင်း (၁၀၆) ဖြစ်၏။
၁၃။ ကြံ့သည် ရက်ပေါင်း (၅၄၈) ဖြစ်၏။
၁၄။ ခွေးသည် ရက်ပေါင်း (၆၃) ဖြစ်၏။
၁၅။ ကျွဲသည် ရက်ပေါင်း (၃၁၁) ဖြစ်၏။
၁၆။ မြင်းသည် ရက်ပေါင်း (၃၃၀) ဖြစ်၏။
၁၇။ ရှဥ့်သည် ရက်ပေါင်း (၃၀) ဖြစ်၏။
၁၈။ ယုန်သည် ရက်ပေါင်း (၃၂) ဖြစ်၏။
၁၉။ လူသည် ရက်ပေါင်း (၂၇၀) ဖြစ်၏။
၂၀။ လူဝံသည် ရက်ပေါင်း (၂၃၆) ဖြစ်၏။
၂၁။ အာဖရိကဆင်သည် ရက်ပေါင်း (၆၃၈) ဖြစ်၏။
၂၂။ ဆိတ်သည် ရက်ပေါင်း (၁၅၀) ဖြစ်၏။
၂၃။ နွားသည် ရက်ပေါင်း (၂၈၀) ဖြစ်၏။
၂၄။ ပူးသည် ရက်ပေါင်း (၆၂) ဖြစ်၏။
၂၅။ ပွေးသည် ရက်ပေါင်း (၃၀) ဖြစ်၏။
၂၆။ ဝက်သည် ရက်ပေါင်း (၁၁၅) ဖြစ်၏။
၂၇။ သမင်သည် ရက်ပေါင်း (၂၃၀) ဖြစ်၏။
၂၈။ ဖားသည် ရက်ပေါင်း (၁၅၀) ဖြစ်၏။
၂၉။ ဝက်ဝံသည် ရက်ပေါင်း (၂၁၀) ဖြစ်၏။
၃၀။ ကြက်သည် ရက်ပေါင်း (၂၀) ဖြစ်၏။
(အဆိုပါ ရက်များသည် ခန့်မှန်းကာလ ဖြစ်ပါကြောင်း)
စာရေးဆရာနန္ဒမိုးကြယ်ရဲ့
သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)မှကောက်နှုတ်ပါသည်

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်