Posts

Showing posts with the label ဆေးပညာသုတ

ပန်းသီ၏ကျန်းမာရေးအာနိသင်

Image
ပန်းသီး ရဲ့ ကျန်းမာရေး အစွမ်းထက်ပုံ တွေကို လေ့လာထားတဲ့ အထဲကနေ ထုတ်နုတ်ပြီး သူငယ်ချင်းတွေ အားလုံး သိရှိ စေရအောင်လို့ ဒီနေ့ ပိုပို တင်ပြပေးလိုက် ပါတယ်။ပန်းသီး ရဲ့ထူးခြားတဲ့ အာနိသင်တွေ မှာ (၁) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။ (၂) ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။ (၃) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး ကာကွယ် ပေးခြင်း။ (၄) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။ (၅) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။ (၆) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ခြင်း။ (၇) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ် စေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်ပါတယ်။ (၈) အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း ပန်းသီးတွေထဲမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးထဲကို ရောက်ရှိတဲ့အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှ

နုပျိုကာ အရွယ်တင်မဲ့ သဘာဝရဲ့ အာဟာရများ

Image
  နုပျိုကာ လှပစေဖို့အတွက် အစားအသောက်တွေကလည်း အရေးပါနေပါတယ်။ သုတေသနတွေအရ လေ့လာထားတဲ့ အောက်ပါ သဘာဝ အစားအစာတွေဟာ အနာကျက်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာ အသားအရေကို နုပျိုကာ အရွယ်တင် လှပစေပါတယ်။ (၁) ဖရဲသီး ခရမ်းချဉ်သီး၊ ဖရဲသီး စတဲ့ နီဝါရောင် သစ်သီးတွေဟာ ဘီတာ ကယ်ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ် ပေါကြွယ်ဝပြီး အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ် မခံရအောင် ကာကွယ် ပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ် နှစ်မျိုးစလုံးဟာ အရေပြားရဲ့ အပြင်လွှာမှာ ရှိနေကြတာကြောင့် သူတို့ထဲမှာ ပါဝင်နေတဲ့ အင်တီ အောက်ဆီးဒင့်ဓာတ်ဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားဆဲလ်တွေရဲ့ ထိခိုက် ပျက်စီးမှုကိုလည်း ပြန်လည် ပြုပြင် ပေးပါတယ်။ ပြင်သစ် လေ့လာမှု တစ်ရပ်အရ ဖရဲသီးစားပေးတာဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ထိခိုက်မှုကို ၂ဝရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။ (၂) ဖရုံစေ့  အစွမ်းထက်တဲ့ အရေပြား ကာကွယ် ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးဟာ ရွှေဖရုံစေ့၊ နေကြာစေ့နဲ့ သီဟိုဠ်စေ့တွေမှာ အများအပြား ပါဝင်နေပါတယ်။ ဗီတာမင်အီးဓာတ် ဆုံးရှုံးရင် အရေပြားရဲ့အရည်အသွေးနဲ့ တင်းရင်းလှပမှုတို့ကို လျော့ပါးစေပါတယ်။ အကြောင်းကတော့ ဗီတာမင

ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ

Image
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။  (၁) ဆေးလိပ်မသောက်ပါနှင့်  ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။  (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်  ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။  (၃)လက်ဖက်ရည်မသောက်ပါနှင့်  လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။  (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်  ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေ

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

Image
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြပါတယ်။  အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။   ၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ် မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူတာ လျော့မသွားတော့မှာ၊  အသားအရေ ခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ ... စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုးသမီး အများစုဟာ အသက် ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့ အတူတွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ နားမကြားတာကြောင့် နားအကူ ကိရိယာ တပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မသွားနိုင် မလာနိုင် ဖြစ်လာတော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေတတ်တာပါ။ ကြောက်ရွံ့မှု ကင်းအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တ

ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူး

Image
by NANG KHA YEA on 18.10.2012   ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူးကိုပြန်လည်မျှဝေပေးချင်ပါတယ် ကျန်းမာရေးရာ ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ

သံပုရာသီးလေးနဲ့ အလှပြင်ရအောင်

Image
  သံပုရာသီးလေး အသုံး ဝင်ပုံလေး နဲ့ ပတ်သတ်ပြီး သံပုရာသီးလေး ငယ်ငယ် အစွမ်းတကယ်ထက်လှတယ် post လေးကို myanmar social networkေ တွ မှာတင်ပေးလိုက်တော့  သူငယ်ချင်းေ တွ က comment box မှာ တော်ေ တ်ာများများ ကိုပြန် ပြီး commentေ ပးကြတော့ ကြည်နူးဝမ်းသာ ဖြစ်လိုက်ရတာ အရမ်းပါပဲ ။ နောက်တော့စဉ်း စားမိလိုက် တာက သူငယ်ချင်းေ တွ သံပုရာ သီး အကြောင်းလေးတွေ ထပ်သိ ချင် ကြမှာဘဲ လို့ တွေးမိ ပြီး အခု post လေးကို ထပ်တင်ေ ပးလိုက်တယ်နော်။ *ခံတွင်း ကျန်းမာရေး* သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။   *နှုတ်ခမ်းကွဲခြင်း* မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။   *ဆံပင်ကျွတ်ခြင်း* အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွ

အသည်း အတွက် သိရင်ဖြေကြည့် အဖြေညှိ

Image
အသည်းကင်ဆာ ရောဂါလက္ခဏာကို သိပါသလား။ သိပါတယ်။ ညာဘက် ရင်ဘတ်အောက်ပိုင်း အောင့်တယ်။ တင်းတယ်၊ ညာဘက် ဝမ်းဗိုက်အပေါ်ပိုင်းမှာ အလုံးအကျိတ် ပေါ်တယ်။ ဗိုက်နာတယ်။ ပိန်သွားတယ်၊ မစားချင် မသောက်ချင် ဖြစ်တယ်။ အဖြစ်များတဲ့ ကင်ဆာထဲမှာပါသလား။ အဖြစ်များတဲ့ ကင်ဆာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ကင်ဆာတွေထဲမှာ ပဉ္စမ လိုက်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတယ်၊ အမျိုးသား ကင်ဆာအားလုံးရဲ့ ၇ ရာခိုင်နှုန်း ရှိတယ်။ အမျိုးသမီး ကင်ဆာအားလုံးရဲ့ ၃ ရာခိုင်နှုန်း ရှိတယ်။ အသည်းခြောက်တာနဲ့ ဆက်စပ်မှု ရှိသလား။ အသည်းခြောက်ရင် ကင်ဆာ ဖြစ်နိုင်တယ်။ ဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ ဖြစ်နိုင်ခြေ များတယ်။ အသည်းကင်ဆာဟာ အသည်းခြောက်သူတွေရဲ့၆၀ ရာခိုင်နှုန်းမှာ တွေ့တယ်။ အသည်းခြောက်မှုမရှိတဲ့ လူတွေရဲ့ ၁၀ ရာခိုင်နှုန်းမှာပဲ တွေ့တယ်။ ဆေးပညာအရ Pre-malignant stage လို့ ခေါ်တယ်။ အသည်းရောင် B ပိုးနဲ့ အဆက်အစပ်ရှိသလား။ အသည်းရောင် B ပိုးရှိတဲ့လူတွေမှာ အသည်းရောင် B ပိုးမရှိတဲ့ လူတွေထက် ငါးဆကနေ ၁၅ ဆ ပိုဖြစ်နိုင်တယ်။ တရုတ် (တိုင်ပေ) က အမျိုးသားတွေမှာ လေ့လာချက်အရ အသည်းရောင် B ပိုးရှိခဲ့ရင် အဆတစ်ရာတောင်မှ ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောတ