ပြောရဦးမယ် (၂)..။
ပြောရဦးမယ်..(၂) ။ ပြောရေးရှိက ပြောအပ်လှသည် ဆိုသော မြန်မာစကားပုံရှိသည့်အားလျော်စွာ ပြောစရာကိစ္စက ရှိလာပြန်တော့ ပြောရဦးမယ် အပိုင်း(၂) ကို ရေးသားလိုက်ရပါတော့၏...။ ဒီတစ်ခေါက် ဖောက်သည်ချ ပြောပြမယ့် အကြောင်းကတော့ ကိုယ့်တွေ့ပါပဲ...။ တခြားဟုတ်ရောလားဗျာ...။ မြန်မာနိုင်ငံ သား တိုင်းရင်နှီးထိတွေ့ဖူးနေကြသော ဟောဒီ့အောက်က ပုံပါတဲ့ M.A.I (myanmar airways.) မြန်မာနိုင်ငံပိုင်လေကြောင်းလိုင်း အ ကြောင်းပါပဲဗျာ...။ ဖြစ်ပုံက ဒီလိုဗျ ကကြီးတို့ ကိုယ့်နိုင်ငံမှာ ကိုယ်သင်ထားတဲ့ ပညာနဲ့ လုံခြုံရေးအလုပ်တောင် မရတဲ့ အခါ စိတ်နာနာနဲ့ ထန်း ခေါက်ဖာထဲ ရှိသမျှ အ၀တ်လေးထဲ့ ရောင်းချစရာရှိတာတွေ ရောင်းချပြီး နီးစပ်ရာ သူငယ်ချင်းတွေ ရဲ့ အကူအညီတွေကို ယူပြီး ပြည် တော် စွန့်ဖို့ စဉ်းစားကာ တိုင်းတစ်ပါးမှာ ဖိနပ်တိုက်.... အိမ်သာဆေးဖို့ မြန်မာနိုင်ငံသား ပညာတတ်တစ်ယောက်အနေနဲ့ သိပ်မဝေး လှတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို ထွက် လာခဲ့ ပါတော့တယ်.... အချိ...