Posts

Showing posts with the label ဆောင်းပါး

ပညာရေး = ပြင်ညာရေးမဖြစ်ဖို့

ပညာရေး = ပြင်ညာရေးမဖြစ်ဖို့ ကျွန်တော်ဟာ ကျူရှင်ဆရာတစ်ယောက်ပါ။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အစပ်မှာ ကျူရှင်ထောင်ပြီး တစ်နှစ် ဆယ်တန်းကျောင်းသား ၃၀၀ လောက် စာသင်ရပါတယ်။ ကျူရှင်စာသင်သက် ၁၅ နှစ် ရှိပါပြီ။ # ဘာကားတွေစီးနေသလဲ ကျောင်းအုပ်ကြီးခင်ဗျား? အဲဒီအတောအတွင်းမှာ မိမိကျောင်း အောင်ချက်ကောင်းဖို့ မိမိကျောင်းက ထွက်သွားတဲ့ ကလေးတိုင်း စာတော်ပြီး စာရိတ္တ ကောင်းဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။ မြို့နယ်က အစည်းအဝေး လာတက်ပါဆိုလည်း တက်ရတယ်။ အောင်ချက် မြင့်မားရေး စီမံချက်အတွက် စာကူသင်ပေးပါဦးဆိုလည်း သင်ပေးရတယ်။ ဒါပေမဲ့ ထူးခြားတာက တစ်နှစ်ထက် တစ်နှစ် အောင်ချက် မကျအောင်သာ ထိန်းနိုင်ပြီး ဂုဏ်ထူးရကျောင်းသား နည်းလာပါတယ်။ ဒီတော့ မေးစရာရှိလာပါတယ်။ # အလုပ်ပျက်ပြီးဝင်ငွေကျှဆင်းလာပါသလား ကျောင်းအုပ်ကြီးခင်ဗျား? “ပညာရပ်နယ်ပယ် ကျယ်လာပြီး ဆယ်တန်းမေးခွန်းတွေ လက်ပေါက်စိပ်လာလို့ (အိုင်ဒီယာ ထိထိမိမိ မေးခွန်းတွေ မေးလာလို့) မင်းတို့ရအောင် မသင်နိုင်တော့တာလား” လို့ မေးစရာ ရှိလာပါတယ်။ #မေးပါပြီ ကျောင်းအုပ်ကြီးခင်ဗျား? တိတိကျကျ ဖြေရရင် လုံးဝ မဟုတ်ပါဘူး။ ဆရာအားလုံး (ကျ...