Posts

Showing posts with the label ပုံပြင်

မြွေသားအမိ ပုံပြင်

Image
'' အမေစကား မှတ်ထားပါသားရယ် ၊ အစာတစ်ခုကို မစားခင် ကြည့်ရှုစစ်ဆေးပါ ။ ခရီးတစ်ခုကို မသွားခင်မှာ ၊ ဘေး ရှိမရှိ ကို ကြည့်ရှုစစ်ဆေးပါ ။ အတိုချုပ်ကတော့ ကြည့်ပြီးမှ သွား ၊ ကြည့်ပြီးမှ စား ။ '' တစ်ခါတုန်းက ကျွန်းတစ်ကျွန်းတွင် မြွေသားအမိတို့ နေထိုင်ကြလေ၏ ။မြွေမကြီး၏ အမည် မှာဒေါ်ကြာဖြူဖြစ်ပြီး သားကလေး၏ အမည်မှာ မောင်ပြည့်စုံဖြစ်ပေသည်။မောင်ပြည့်စုံသည် အ လွန်ဆော့၏ သစ်ပင်ပေါ်သို့ တက်ပြီး ဝေါခနဲလျှောချ၏ ဒါကို မိခင်မြွေမကြီး ဒေါ်ကြာဖြူ မြင်သော် '' အရိုးတွေ အဆစ်တွေနာကုန်ရင် ဘယ်နှယ့်လုပ်မလဲ ၊သားလေးမောင်ပြည့်စုံ ရယ် မြွေဆိုတဲ့အမျိုးက ကိုယ်ကို အားကိုးပြီး အစာရှာရတာကွဲ့ ၊ကိုယ်ကို အသုံးပြုပြီး ဘေး ရန်ကို လည်း ကာကွယ်ရတာ '' ဟု ဆုံးမလေ၏ ။ မောင်ပြည့်စုံကလေးမှာ '' ရပါတယ် အ မေရာ ''ဟု ပြောပြီး မိခင်စကားကို အလေးအနက်မထားပဲ ဆော့မြဲဆော့နေလေ၏ ။တစ်ခါ သော် ၀ါးရုံတောတစ်ခုအတွင်းရှိ ၀ါးပင်နှစ်ပင်ကြားတွင် ဆော့ကစားရင်း ညပ်နေသော်အခါ "အမေရေ လာပါ ၊အမေရေ ကယ်ပါ ''အသံ တစာစာနဲ့ ဒုက္ခတွေ့ မှ အမိကိုသတိရပြီတလေ၏ ။ မောင်ပြည့်စုံကလေး ညပ်နေသော ၀ါ...

အဘိုးပြောတဲ့ - ရာဇ၀င်ပုံပြင် ( ၂ )

Image
ပြန်လာပြီ - ပန်ထွာဧကရီ ”အဘိုး သမီးတို့ဒီနေ့ အဘိုးပြောတဲ့ပုံဆက်နားထောင်ဘို့ သူငယ်ချင်းတွေ ပါခေါ်လာ တယ်-သူတို့လဲနားထောင်ချင်လို့တဲ့ ” ” အေး အေး လာကြကွဲ့  လာထိုင်ကြ - ” ” ဟော ဒီမှာ သူတို့ က အဘိုးသောက်ဘို့ လဘက်ခြောက်တွေယူလာတယ် - သမီးတို့ ကလဲ လ္ဘက်သုတ်ယူလာတယ် - အဘိုးလ္ဘက်စားရင်းပုံပြောပေါ့ - ” ရပါတယ် သမီးတို့ရယ် - ရပါတယ်မလိုပါဘူး ကွဲ့  အဘိုးကအခုခောတ်ကလးတွေကို အဘိုးတို့ငယ်ငယ်တုန်းကသိခဲ့ကြားခဲ့ရတာတွေကိုပြန်ပြောဘို့လူရှာနေတာ ကွဲ့  ဟဲ ဟဲ။ ” အဘိုး ဟိုတနေ့က စူဠသမ္ဘ၀ နဲ့ စန္ဒမုက္ခိဘီလူးမတို့ ကမွေးတဲ့ ပန်ထွာဒေ၀ီ တို့ ဇာတ်လမ်းက ပိုစိတ်ဝင်စားဘို့ကောင်းတယ်ဆို - ဒီနေ့  ပန်ထွာမင်းသမီးကလေးအကြောင်းပြောနော် ” ” အေး အေး ပြောရတာပေါ့ - အင်း ပန်ထွာမင်းသမီးကလေး နဲ့ ဘေဒါရီတို့ ရဲ့ ဘ၀က ခတ်ဆင်ဆင် ကလေးကွဲ့  ” ” ဟင် ဘယ်လို ဆင်တာလဲ အဘိုးရဲ့  ဘေဒါရီက သမင်မလေးကမွေးတာလေ - တူနိုင် ပါ့မလား ” ” အေး တူတယ်ကွဲ့  ပန်ထွာမင်းသမီးကမဟာသမ္ဘနဲ့ စူဠသမ္ဘ၀တို့ကိုဖေါင်ပေါ်မှာထမင်း ၀င်ခိုးစားတဲ့ ဘီလူးမ စန္ဒမုက္ခိဘီလူးမ ကမွေးတာကွဲ့  ” သူက ဘီလူးမသမီး ” ဘေဒါရီက သမင်မသမီး ” ” ဘယ်လိုဖြစ်တာလဲ အဘိုးရဲ့  ” ” ဒီလိုကွဲ့ မျက်စိမမြင်တဲ့ ညီ...