Posts

Showing posts with the label ဗိုလ်ချုပ်အောင်ဆန်းအကြောင်း

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

Image
၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။ (ဗိုလ်ဥတ္တမကျော်) ……………………………………………………………………. ရဲဘော်တို့ ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော...

အောင်သန်း၏အောင်ဆန်းအပိုင်း(၄)

(၄)တက္ကသိုလ်သမဂ္ဂ၌ ၁၉၃၄-ခုနှစ်တွင် အောင်ဆန်းသည် အိုင်အေစာမေးပွဲ အောင်မြင်ပြီးနောက် ကျောင်းသားနိုင်ငံရေး ကို စတင်ဆောင်ရွက်ပါသည်။ ထိုနှစ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)အမှုဆောင် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရာ အောင်ဆန်းအရွေးမခံရပါ လူသိနည်းသေး သည့်ပြင် ကျောင်းသားအများက သူ့ကို ‘ဂွစာ’ဟုသာ အသိအမှတ်ပြုထားကြပါသေးသည်။ အရွေးမခံရသော်လည်း အောင်ဆန်းသည် စိတ်ပျက်မသွားပါ။ အောင်ဆန်းသည် သဘောထား ကြီးသူပေတည်း။ မည်မျှသဘောထားသည်ကို မြူနီစီပယ်မင်းကြီးဟောင်း ဦးထွန်းအုန်း၏ ၁၉၆၁-ခုနှစ် ကမ္ဘာ့ကလေးများနေ့ ၁၃-၂-၆၁ သ၀ဏ်လွှာကိုဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါသည်။ ဦးထွန်းအုန်းက ကလေးများထံပို့သည့် ‘ဦးလေးထွန်းအုန်း၏စကားလက်ဆောင်’ဟူသော သ၀ဏ်လွှာ၌ အောက်ပါအတိုင်းဖေါ်ပြထားပါသည်။ “ပထမဦးဆုံး ဦးလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတာကတော့ ၁၉၃၄-ခုနှစ်ကဘဲ။ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသာများသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲလုပ်တယ် ဒီအခါမှာ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်တို့အဖွဲ့တစ်ခုဖွဲစည်းပြီး ရွေးကောက်ပွဲဝင်ကြတယ် ‘ကိုအောင်ဆန်းကိုမဲထည့်ပါ ကျုပ်တို့တာဝန်ယူပါတယ်’တဲ့၊ ဦးလေးကပြန်ပြောလိုက်တယ် ‘ဒါလောက်ရှုသိုးနေတဲ့ လူကိုမဲထ...