Posts

Showing posts with the label နိင်ငံရေးဆောင်းပါး

USDP ဥိးဆောင်မည်. ကချင်က ငြိမ်းချမ်းရေး သပိတ်အကြောင်း

Image
ကချင်အမျိုးသမီးများ ဦးဆောင်၍ ငြိမ်းချမ်းရေးအတွက် သပိတ်မှောက်ကြမည်ဆိုသော်လည်း ထိုသပိတ်ကို ဦးဆောင်မည့်သူများမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အစိုးရနှင့် အကျိုးတူစီးပွားရေးလုပ်ခွင့်ရထားသော ကုမ္ပဏီပိုင်ရှင်များ သို့မဟုတ် ၄င်းတို့နှင့်ဆက်နွယ် ပတ်သတ်နေသူများသာဖြစ်ကြောင်း ကချင်အရေး တက်ကြွလှုပ်ရှားသူ မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှ သိရသည်။ မခွန်ဂျာက ဧရာဝတီမြစ်ကြီး သဘာဝကြောင့် ရေကြီးမှုဖြစ်ရသည်ဟူသော အချက်ကို ကန့်ကွက်ထားပြီး ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးသမားများက အင်မိုင်ခ ခေါ်မေခမြစ်တဖက်တချက်စီ၌ ၃ ဖာလုံစီအကျယ်နှင့် မိုင် ၃၀ ခန့် ရှည်လျားစွာ တူးဆွခြင်းကြောင့်ဖြစ်ကြောင်းတင်ပြကာ သူမဧရာဝတီမြစ်ရေကြီးခြင်းမှာ သဘာဝဘေးဒါဏ်ကြောင့် မဟုတ်ဆိုသည့်အချက်အားထောက်ပံ့ထားသည်။ မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်မှာ - “ “သဘာဝဘေး ဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ ယခင်နှစ်က ပခုက္ကူ ရေကြီးသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်လုံး ယခုမိုးရာသီတွင်ရေလျှံသည်၊ ရေတိုးသည်၊ ရေတိုက်စားသည်၊ ရေလွှမ်းမိုးသည်။ နောက်လည်းဖြစ်အုံးမည်။ “သဘာဝဘေးဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ “သဘာဝဘေးဒါဏ်မဟုတ်” ဟူသော...