USDP ဥိးဆောင်မည်. ကချင်က ငြိမ်းချမ်းရေး သပိတ်အကြောင်း



ကချင်အမျိုးသမီးများ ဦးဆောင်၍ ငြိမ်းချမ်းရေးအတွက် သပိတ်မှောက်ကြမည်ဆိုသော်လည်း ထိုသပိတ်ကို ဦးဆောင်မည့်သူများမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အစိုးရနှင့် အကျိုးတူစီးပွားရေးလုပ်ခွင့်ရထားသော ကုမ္ပဏီပိုင်ရှင်များ သို့မဟုတ် ၄င်းတို့နှင့်ဆက်နွယ် ပတ်သတ်နေသူများသာဖြစ်ကြောင်း ကချင်အရေး တက်ကြွလှုပ်ရှားသူ မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှ သိရသည်။

မခွန်ဂျာက ဧရာဝတီမြစ်ကြီး သဘာဝကြောင့် ရေကြီးမှုဖြစ်ရသည်ဟူသော အချက်ကို ကန့်ကွက်ထားပြီး ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးသမားများက အင်မိုင်ခ ခေါ်မေခမြစ်တဖက်တချက်စီ၌ ၃ ဖာလုံစီအကျယ်နှင့် မိုင် ၃၀ ခန့် ရှည်လျားစွာ တူးဆွခြင်းကြောင့်ဖြစ်ကြောင်းတင်ပြကာ သူမဧရာဝတီမြစ်ရေကြီးခြင်းမှာ သဘာဝဘေးဒါဏ်ကြောင့် မဟုတ်ဆိုသည့်အချက်အားထောက်ပံ့ထားသည်။

မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်မှာ -

“ “သဘာဝဘေး ဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ ယခင်နှစ်က ပခုက္ကူ ရေကြီးသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်လုံး ယခုမိုးရာသီတွင်ရေလျှံသည်၊ ရေတိုးသည်၊ ရေတိုက်စားသည်၊ ရေလွှမ်းမိုးသည်။ နောက်လည်းဖြစ်အုံးမည်။ “သဘာဝဘေးဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ “သဘာဝဘေးဒါဏ်မဟုတ်” ဟူသော အဆိုကို Facebook တွင် တင်သွင်းပါသည်။ အင်မိုင် ခေါ် မေခ – တဖက်တချက်တွင် ၃ ဖာလုံစီအကျယ်နှင့် မိုင် ၃၀ ခန့် ရှည်လျားစွာ တူးဆွခြင်း ခံလိုက်ရသည်။

၎င်း၏ အကျိုးဆက်က မြန်မာနိုင်ငံ၏ အသက်သခင် ဧရာဝတီတွင် တိုက်ရိုက်သက်ရောက်သည်။ အင်မိုင်ခနှင့် မလိခပေါင်းမှ ဧရာဝတီကို မွေးဖွားသည်လေ။ မည်သည့်အင်းအိုင်ချောင်းမြောင်းမှ ယခုကဲ့သို့သော စီးပွားရေးလုပ်ငန်းများ၏ဒါဏ်ကို ကြံ့ကြံ့ခံနိုင်မည်မဟုတ်။ ထိုသို့သော စီးပွားရေးသမားများကို တားဆီးရန် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော် အမတ်များ မှတဆင့်၊ ပြည်နယ်အစိုးရမှတဆင့် တင်ပြ အရေးယူရမည် ဟု ဆိုကြသည်။ ခက်သည်က ထိုလုပ်ငန်းပိုင်ရှင် ထိုဖျက်ဆီးသူများနှင့် ပြည်နယ်အစိုးရသော်လည်းကောင်း၊ လွှတ်တော်အမတ်များသည်သော်လည်းကောင်း ထပ်တူကျနေသည်။

လွှတ်တော်အမတ်များအားလုံး ထိုကဲ့သို့ လုပ်နေသည် ဟု မဆိုလိုပါ၊ သို့သော် ထိုသို့လုပ်နေသူအားလုံးသည် လွှတ်တော်အမတ်များနှင့်သော်လည်းကောင်း၊ ပြည်နယ်အစိုးရနှင့် သော်လည်းကောင်း အခြားသော ပြည်သူများက မပေးမနေရ အပ်ထားသည့် အာဏာကို အပိုင်သိမ်းထားသူများနှင့်သော်လည်းကောင်း မလွှတ်ကင်းပါ။ ထိုသူများ၏ဒါဏ်ကို မနှစ်က ပခုက္ကူဒေသ၌ ခံစားခဲ့ကြသည်။ ယခုနှစ်တွင် မြစ်ကြီးနားမြို့မှ စတင်နေပြီ။ နောက်ထပ် မည်သူ့အလှည့်နည်း၊ စောင့်မျှော်ကြပါ။ နှစ်တိုင်း လာပါမည်။ ပြည်သူသည် စစ်ဘေးဒါဏ်ခံရသည်။ ပြည်သူသည် အာဏာရှင်များ၏လက်ချက်ကြောင့် သဘာဝက ပေးအပ်ထားသော အကာအကွယ်အတားအဆီးများ ပျက်စီးဆုံးရှုံးသဖြင့် ဘေးဒါဏ်ခံရသည်။ ထိုနေရာရှိ ဒေသခံများသည် မြစ်ဆုံကျေးရွာများကဲ့သို့ပင် အတင်းမောင်းထုတ်ခြင်းခံရသေးသည်။ ထို့ကြောင့် ….. “သဘာဝဘေးဒါဏ်မဟုတ်” ဟူသော အဆိုကို Facebook တွင် တင်သွင်းပါသည်။ ကန့်ကွက်သူများ ….. ထုခွဲသေကြပါကုန်။” ဟုဖြစ်ပါသည်။

ထို့ပြင်သူမက ယင်းသို့ ဧရာဝတီမြစ်ရေကြီးမှု၏ တရားခံကုမ္ပဏီပိုင်ရှားများသို့မဟုတ် ၄င်းတို့နှင့်ဆက်နွယ်သူများ ဦးဆောင်မည့် ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲမှာ ၁၉၉၅နောက်ပိုင်း တရုတ်နှင့်ပူးပေါင်းပြီး တနိုင်းဧရိယာတလျောက်သာမက ကချင်ပြည်နယ်တ၀ှမ်းလုံး ရွှေတူးဖော်ခြင်း၊ မူးယစ်ဆေး၊ ပြည့်တန်ဆာနှင့် လူကုန်ကူးမှုများဆိုင်ရာ ရာဇ၀တ်မှုများနှင့် သွယ်ဝိုက်စွာ ပတ်သတ်နေသူများဖြစ်ကြောင်း ဆိုသည်။

မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်မှ အောက်ပါအတိုင်း သိရပါသည်။

“ကျွန်မရဲ့ Album ဖြစ်ပေါ်လာအောင် ဖျက်ဆီးခဲ့တဲ့ ကုမ္မဏီပိုင်ရှင်များက သပိတ်မှောက်ကြမယ်တဲ့။ သူတို့တွေဟာ ဧရာဝတီမြစ်ထဲမှာ ၁၉၉၅ နောက်ပိုင်းကနေ ရွှေတူးဖော်ဖို့ တရုတ်နဲ့ စတင်ပူးပေါင်းခဲ့သူများ၊ တနိုင်းဧရိယာတလျှောက်နဲ့ ကချင်ပြည်နယ် ဒေသတ၀ှမ်းမှာ ရွှေဆိုတဲ့အရာနဲ့ တောတောင်ရေမြေ အားလုံးကို တိုက်ရိုက် ဖျက်ဆီးပြီး ဒေသခံများကို မြေမဲ့ယာမဲ့၊ အိမ်မဲ့ ခြံမဲ့ ဖြစ်စေတဲ့အပြင် မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာမှု၊ လူကုန်ကူးမှုနဲ့ HIV/AIDS ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ သွယ်ဝိုက်တရားခံများလည်းဖြစ်ကြတယ်။ ရလာဒ်အဖြစ် သူတို့တွေ ကြွယ်ဝချမ်းသာပြီး၊ သူတို့ရဲ့ အမျိုးသားများက လွှတ်တော်ထဲ ရောက်ကုန်တယ်။ ကချင်လူထုကတော့ မြောင်းထဲပေါ့။”

ထို့ပြင် ယင်းငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ကြသူများက ဒီဗွီဘီအပါအ၀င် ပြည်တွင်းပြည်ပမီဒီယာများကို ခရီးသွားစာရိတ်၊ နေထိုင်အခင်းအကျင်း၊ အစားအသောက်အားလုံးကို ဦးဆောင်စီစဉ်သူများမှ တာဝန်ယူပေးမည်ဖြစ်ကြောင်း သတင်းကြားသိရသည်။

လာမည့် ဇူလိုင် ၂၈တွင်ပြုလုပ်မည့် ထိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြု ဆန္ဒထုတ်ဖေါ်ခြင်း ခြင်း၌ အဓိကဦးဆောင်သူအမျိုးသမီးများမှာ

၁၊ ဦးခမိုင်တန်- ကြံ့ခိုင်ရေးပါတီ၏ ဇနီးဒေါ်ဂျာခေါန်
၂၊ ဦးခက်ထိန်နန်- စီးလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီကချင်ပြည်နယ်ပါတီ၊ ကြံ့ခိုင်ရေးညီကိုပါတီ၏ ဇနီးဒေါ်နန်ဆိုင်း
၎၊ ဒေါ်လဂျွန်ဆိုင်းတောင်-ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်း -ကြံ့ခိုင်ရေးပါတီ၏ ညီမအရင်း
စုစုပေါင်း အမျိုးသမီး (၅) ဦးမှ ဦးဆောင်၍ ဟန်ပြဆန္ဒထုတ်ဖေါ်ခြင်းပြုလုပ်သွားမည်ဖြစ်သည်။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်