အပိုဆု(ဆောင်းဦးလှိုင်)

” အပိုဆု ”
ဘယ်တော့ ငါ့ကို မင်းပစ်သွားမလဲ ငါမသိ
ဘယ်လောက် ငါ့ကို မင်း ချစ်ဖူးလဲ ငါမကြည့်
ဘယ်အထိ ငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့
ဒါတောင် အစအဆုံး မရှိ ချစ်ခဲ့သည်…………

ဘယ်လောက် ငါ့မှာ အကျိုးအမြတ် ရှိမလဲ ငါမကြည့်
ဘယ်အခါ စိတ်ကလေး ချမ်းမြေ့ ရမယ် ငါမသိ
ဘယ်နေ့ မင်းကြောင့် ဘ၀ပျက်သွားမလဲ ငါမသိ
ဒါကို ပုံအော လို့ ချစ်ခဲ့သည်…………………………..

CHO: အလိုချင်ဆုံး မင်းဆီက ငါ မေတ္တာတရားလေ………….
အပိုဆု လေးတောင်းပါဦးဆို သစ္စာရှိပါမေ…..
ခွဲပြလို့ ရရင် ဒီရင် အနက်ရှိုင်းဆုံး ခွဲပြ………..
ငါဟာ မင်းအတွက် အသက်ရှင် နေထိုင်…….
ဖြစ်တည် တဲ့ ဘ၀…………………………………

နေ့ည စက္ကန့် အချိန် မရွေး…………………….
လောကရဲ့ ရှိတဲ့ နေရာမရွေး………………….
ငါသယ်ဆောင် သွားလိုက် ပါ့မယ်.ဒီအချစ်တို့

ဝမ်းနည်း နဲ့ ၀မ်းသာ အချိန်မရွေး…………….
ဆင်းရဲ နဲ့ ချမ်းသာတာ မရွေး………………….
ဒီအကြင် နာ ပြောင်းလဲတော့မှာ ……………
မဟုတ်ဘူး အချစ်ရယ်………………….

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်