မိန်းကလေးများသိသင့်သောယခုခေတ်စီးပွားတွက်တတ်သောချစ်သူ

ဒီဘလော့ခ်ကိုရေးသားခြင်းမှာအမျိုးသားထိခိုက်စေလိုသောရည်၇ွယ်ချက်မဟုတ်ပါဘူးရှင်။ညီအမများကိုသိစေလိုသောရည်ရွယ်ချက်ဖြင့်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။အမျိုးသားများထိခိုက်နစ်နာလျှင်လည်းသီရိကဘ၀င်မယူပါနဲ့လို့ပဲပြောချင်ပါတယ်။
"ဆန်ပေးမှဆီရတယ်၊လောကမှာဘာမှအလကားမရဘူး"ဆိုပြီးစကားပုံ၁ခုသီရိကြားဘူးတယ်။ဒါပေမဲ့အချစ်၊နားလည်မှု၊
မေတ္တာတရား၊သစ္စာတရားတို့ဆိုတာအပေါ်ကစကားပုံနဲ့လုံးဝမသက်ဆိုင်ပါဘူး။ဒါပေမဲ့ကြားနေ၊မြင်နေရတာတွေကတော့အပေါ်က
စကားပုံအတိုင်းကြင်နာယုယပေးမယ်၊ချစ်ပေးမယ်သို့သော်လိုချင်တာဝယ်ပေးရမယ်ဆိုပြီးအပေးအယူဆန်ဆန်တွေကြားနေရ
တယ်။ယောကျာ်းလေးနဲ့မိန်းကလေးဆိုမိန်းကလေးကပိုပြီးချစ်တတ်ပါတယ်။အဲဒါကိုယခုခေတ်ကောင်လေး(တချို့)ကအခွင့်
ကောင်းယူလာကြတယ်။"အဆင်မပြေဘူး။အကြွေးတွေဝိုင်းနေတယ်။မင်းကြွေးတာလေးမှစားချင်တာ၊သူများချစ်သူတွေဆိုသူတို့
ရဲ့အခက်အခဲကိုဘယ်လိုရင်ဆိုင်ဖြေရှင်းတာ"အဲလိုပြောလာပြီဆိုရင်တော့သူတို့ကိုပိုက်ဆံပေးပါလို့တောင်းရင်မသင့်လျော်လို့
ချော့ပြီးအကူအညီတောင်းတယ်ပေါ့နော်.ဒါကတော့ချူစားခြင်းပါ။လိုချင်တာဝယ်ခိုင်းရင်လည်းချူစားခြင်းပဲပေါ့။အဲဒါကတကယ်တော့အချစ်မဟုတ်ဘူး။နောက်၁ယောက်ကကိုယ့်ထက်ပေးနိုင်ရင်သူများနောက်ပါသွားမှာပဲ။
'ငွေကိုလည်းချူမယ်၊လူကိုလည်းယူမယ်"
ငွေကိုချူတာအကြောင်းမဟုတ်ပေမဲ့လူကိုယူတာတော့အတော်ကိုစိတ်ပျက်စရာပါပဲ။ယခုခေတ်မှာအချစ်နယ်ပယ်ကိုလွန်ပြီးလက်မထပ်ဖြစ်သောစုံတွဲများမှာအလွန်များလာပါပြီ၊အဲ့ဒီထဲမှာကိုယ်မပါစေဖို့အထူးတိုက်တွန်းချင်ပါတယ်။ယောကျာ်းလေးတချို့မှာ
သူတို့ရဲ့ပျော်ရွှင်မှုအတွက်မိန်းကလေးတွေရဲ့ဘ၀ကိုတာဝန်မယူပဲခဏသုံးတတ်လေ့ရှိပါတယ်။
"စားပြီးနားမလည်၊၀ါးပြီးထွေးထုတ်"
ပေါ့ကွယ်။အဲ့လိုမျိုးမဖြစ်စေချင်ပါဘူး။သီရိကညီမတွေကိုအထူးသတိပေးချင်ပါတယ်။
သီ၇ိပြောချင်တာကတော့
မိန်းကလေးဆိုတာချောသည်ဖြစ်စေ။ရုပ်ဆိုးသည်ဖြစ်စေ၊ပိန်သည်ဖြစ်စေ၊၀သည်ဖြစ်စေ၊ပုသည်ဖြစ်စေ၊ရှည်သည်ဖြစ်စေ
ဘယ်လိုအားနည်းချက်တွေလိုအပ်ချက်တွေရှိရှိကိုယ့်ဘ၀ကိုတန်ဖိုးထားရင်တန်ဖိုးရှိတဲ့ချစ်သူ၁ဦးကိုရမှာကမုချမလွဲပဲ။သီရီ
ပြောသလိုချစ်သူမျိုးညီမတို့မှာ၇ှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဖြတ်ပစ်လိုက်ပါနော်။
ပျော်ရွှင်နိုင်ကြပါစေ
အမြဲတမ်းအားပေးပါနော်
သိရီခိုင်ရည်မွန်

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်