လွဲသူ

တွေ့ဆုံရက်စွဲတွေက  နေထိနှင်းလိုပဲ
ချွေးသိပ်စကားတွေကို  ယုံမိတယ်။
ရွှန်းလဲ့အပြုံးတွေအောက်  အရည်ပျော်ကျနေတော့
မထင်ခဲ့ဘူး  ထားရစ်ခဲ့မယ်…..
ဆုတောင်းဂတိတွေက  မီးပျက်ညလိုပဲ
မျှော်လင့်အိပ်မက်တွေကို  ဖျက်ခဲ့တယ်။
ကံခေသူ…ရင်နင့်နှလုံးကို
အရက်မစိမ်၊ ၀ိုင်မစိမ်ဘဲ
ကဗျာနဲ့  စိမ်ခဲ့တယ်။
                         နေလူဟန်

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

Bus ကား​ပေါ်က သမင်​မ​လေး

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်