ရွေ တိ ဂုံ ဘုရား အား ဖူးမျှော်ကြည်ညို နိုင်စေရန်...

အရူးလွယ်အိတ်မှ သူငယ်ချင်းများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်
သူငယ်ချင်းများ အားလုံး ရွေတိဂုံဘု၇ားအား အနီးကပ် ဖူးမျှော် ကြည်ညိုနိုင်စေဖို့
 ကူးယူမျှဝေ ပေးလိုက်ရပါတယ် ရှင်

၁၉၉၉ ခုနှစ် ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲမှ ကျွန်တော်တို့ မိသားစု၏ အလှူတစ်ခုပါ ၊
ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ လင်းစေသော်။
ပန်းလည်တိုင်တွင်ပတ်ကာ စိတ်ကူကောင်းကောင်းဖြင့် လှပသပ္ပယ်စွာ လှူတန်းထားသော
"ရွှေစင်ရွှေသား လေးဆူမြတ်ဘုရား" များမှတစ်ခုပါ။
အစောဆုံးစတင်လှူတန်းမှုမှာ (၁၉၃၁) ခုနှစ်ကဖြစ်တယ်။ ဘုရားလေးဆူပါ ပန်းလည်တိုင်ကာတစ်ခုလျှင်
ရွှေစင် (၆) ကျပ်သားအလေးချိန်ရှိတယ်။ ကြာကလပ်တော် မှ စိန်ဖူးတော်အထိ အားလုံး (၄၅) ခုရှိပါတယ်။
ဒါကိုတော့ "အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။
ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်တွင်ရှိပါတယ်။

၁၉၉၉ ခုနှစ် မတ်လ (၁) ရက်နေ့ ရွှေတိဂုံစေတီတော် ထီးတော်သစ် တင်လှူပွဲကာလအတွင်း ငှက်မြတ်နားတော်ရှိ ရုပ်ပွားတော်အား ရောင်တော်ဖွင့်အပြီး မတ်လ (၁၉) ရက်နေ့တွင် ရောင်ခြည်တော်ကွန့်မြူးစဉ်။
 ငှက်မြတ်နားတော် အဖျားပိုင်းတွင် သံမဏိချုပ်တန်းသစ် (၂) ခု တတ်ဆင်ထားပြီး ဒဏ်ခံစပရိန်သံမဏိဆိုင်းကြိုး (၄) ကြိုးဖြင့် ဘေးတစ်ဖက်တစ်ချက်ဆီမှ ထိန်းချုပ်ထားသည်။ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းပဒေသာ ချောမွေ့စွာ လည်ပတ်နိုင်စေရန် Steel ball များ အသစ်လဲ၍ Hard crease အပြည့်ဖြည့်တင်းထားသည်။
ထီးတော်၏ စုစုပေါင်း ရွှေအလေးချိန် - (၁၄၄.၈၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာပစ္စည်းမျိုးစုံ - (၈၃၈၅၀) ခု - ရွှေ (၃၂၆) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေညောင်ရွက် - (၁၈၀၅) ရွက် - အလေးချိန် (၁၃.၅၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာရွှေကြုတ် - (၉) ခု - အလေးချိန် (၄.၅) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေခေါင်းလောင်း - (၄၇၄) လုံး
ထီးတော်ပေါ်ရှိ ရွှေ၊ ငွေ၊ ကြေး စပ် ခေါင်းလောင်း - (၇၉၃) လုံး
ထီးတော်၏ သံမဏိအလေးချိန် ၊ ထီးခွေ နှင့် ထီးဒေါက်အပါအဝင် - (၄.၄၇) တန်
ထီးတော်၏ ကြေးအလေးချိန် - (၀.၈၃) တန်
ဒီနေရာကတော့ ရွှေငွေပေါင်းကူး ဆပ်သွားဖူးလို့ခေါ်ပါတယ်၊ အောက်ခံငွေသားပေါ်မှာ (၃၄) ဂိတ်ထူတဲ့ရွှေသားကိုအုပ်ပြီး ပူဇော်ထားပါတယ်။ ပုံမှာမြင်တဲ့အတိုင်းပဲ ရွှေဆည်းလည်း၊ ရွှေခေါင်းလောင်း၊
ရွှေကြေးစည်၊ ရွှေညောင်ရွက်များနဲ့ လက်ဝတ်ရတနာများ ချိပ်ဆွဲလှူတန်းထားရာ နေရာဖြစ်ပါတယ်။


ရွှေတိဂုံစေတီတော် ရွှေထီးတော်သစ်၏ ပဉ္စမ ၊ ဆဋ္ဌမ ၊ သတ္တမ ဘုံဆင့်များ။
"အားလုံးဖူးမြှော် ရွှေထီးတော် ပူဇော်ထူးမြတ် အနီးကပ်"
အသစ်တင်လှူမည့် ရွှေထီးတော်အား ရွှေချပူဇော်ခြင်း မပြုလုပ်မှီ ဖူးမြင်ရပုံ။

"တစ်ဘုံမှာ တစ်ဖုံဆန်း ထုံမွှန်းလျက်ပူဇော်ကာ မြန်မာ့ပန်းပညာ"
ယနေ့ တင်လှူပူဇော်ထားသော ရွှေထီးတော်သစ်။

ထီးတော်အသစ် အတွင်းပိုင်းတွင် ကိန်းဝတ်စံပယ်လျှက်ရှိသော ရတနာစီခြယ် ဗုဒ္ဓရုပ်ပွားတော်။
ထီးတော်အသစ်၏ နေရာအသီးသီးတွင် ရှုမကုန် အံ့မခန်း ပန်းထိမ်လက်ရာဆန်းများကို တွေ့မြင်နိုင်လေသည်။ အနုပညာရတနာသိုက်ကြီးဟု တင်စားလောက်အောင်ပင် စုံလင်လှပေသည်။ နဝရတ်ကိုးပါးစီခြယ်ထားသည့် ရတနာရွှေကျောင်းဆောင် ရတနာမျိုးစုံစီခြယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို ထီးတော်သစ်တွင် မြင်တွေ့ဖူးမြှော်နိုင်ပါသည်။
ထီးတော်သစ် ပဉ္စမဘုံ ၊ ဆဋ္ဌမဘုံ အတွင်းပိုင်းရှိ သံမဏိ Frame ပေါ်တွင် အများပြည်သူတို့ လှူတန်းထားသော ဆည်းလည်း ခေါင်းလောင်းများ ၊ လက်ဝတ်ရတနာများ ၊ ရုပ်ပွားတော်များအား တွေ့မြင်ရစဉ်။
ထီးတော်သစ် တည်ငြိမ်မှုရှိစေရန် ပထမဘုံဆင့်နှင့် ဖေါင်းရစ်တော်များကြား အားဖြည့်ထောက်ပံ့ထားသော သံမဏိဒေါက်တိုင်များ ပတ်လည်တွင် အများပြည်သူ လှူတန်းထား သည်များကို တွေ့ရစဉ်။ ဤနေရာတွင် ပြုပြင်ပြီးစီး၍ ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသော ကြာကလပ်တော် ကိုလည်း တွေ့မြင်နိုင်သည်။
"သံသေခေါင်းလောင်း မရွှေ့ပြောင်း"
"ပြဒါးသေ တစ်ဆွေဝ ၊ သံသေ တစ်ပြည်ဝ" ဟု ရှေးက ဆိုရိုးရှိခဲ့လေသည်။
သာယာဝပြောသော နိမိတ်ကိုဆောင်သည့် သံသေခေါင်းလောင်းတို့ကို မပြောင်းမလဲ ရှိမြဲနေရာမှာပင် သိဒ္ဓိမပျက်စေရန် ပြန်လည်းထားရှိခဲ့သည်။
 
မူလပန်းလည်တိုင် ၏ အပေါ်ဆက်နှင့်အောက်ဆက်တို့ကို တွဲပေးထားသော Muff Coupling နေရာတွင် Stainless Steel Round Bar (၈) ချောင်းဖြင့် အားဖြည့်ခဲ့သည်။ အောက်ဖက် Flangeတွင် ဆိုင်းကြိုးတတ်ဆင်ရန် Bracket (၈) ခု တတ်ဆင်ခဲ့သည်။ ဤနေရာသည် ထီးတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အရေးပါသော နေရာတစ်ခုဖြစ်သည်။
ကုသိုလ်ဟောင်းတွင် အသစ်ဆင်၍ ပြုပြင်ကြံ့ခိုင် ပိန္နဲတိုင်။
ပန်းလည်တိုင်ကို ဆက်ရာတွင် (၂) ပေခန့်ရှိသော ကြေညို အဆက်အုံ Muff coupling ကိုသုံး၍ ဆက်ထားကြောင်း တွေ့ရသည်။ အပေါ်ပိုင်းနှင့် အောက်ပိုင်း အဖျားများကို (၁) ပေ ခန့်စီ အဆက်အုံတွင်းထည့်ကာ အဆက်အုံ အခြမ်း (၂) ခြမ်းကို မူလီ (၁၂) သုံး၍ တင်းကြပ်အောင် ဆွဲပြီး ဆက်စပ်မှုရှိစေသည်။ (၁၉၇၀) ခုနှစ် ပြင်းထန်သော ငလျှင်ကြောင့် ကွေးညွှတ်သွားခဲ့ရာ ပြန်လည်တည့်မတ်ပြီး ကွေးညွှတ်သွားခဲ့သော နေရာကို ပိုမို၍ အားကောင်းတောင့်တင်းစေရန် မူလအဆက်အုံအား ပိုကြီးသော သံမဏိအဆက်အုံ အသစ်ဖြင့်ငုံကာ ပြုပြင်တည်ဆောက်ထားခဲ့ကြောင်း တွေ့ရှိရသည်။
 
ရတနာစီခြယ် ညောင်ရွက်များ

၁၉၉၉ မတိုင်မှီ မူလရှိရင်း ရတနာပစ္စည်းမျိုးစုံ - ၅၃၉၀ ခု
အလှူခံရရှိသော ရတနာပစ္စည်းမျိုးစုံ - ၇၉၆၅၉ ခု

ရဟန်းရှင်လူ ပြည်သူအများ ထပ်မံလှူတန်းထားသော ရတနာပစ္စည်းအချို့

၁၉၉၉ မတိုင်မှီ မူလရှိရင်း ရတနာပစ္စည်းမျိုးစုံ - ၅၃၉၀ ခု
အလှူခံရရှိသော ရတနာပစ္စည်းမျိုးစုံ - ၇၉၆၅၉ ခု

ဇွန်းလေးဘုံတွင် ကြည်လင်တောက်ပ ခိုင်မာလှဖို့ ပြင်ကြ ဆင်ကြ ကြိုးစားကြ...ဇွန်းလေးဘုံဟုခေါ်ပါတယ်။ မပြုပြင်မှီပုံပါ။ပိန္နဲတိုင်အဆက် Muff Coupling ကို ငုံပြီးတန်ဆာဆင် ပူဇော်ထားပါတယ်။ ပြင်ပမှကြည့်လျှင်တော့ လုံးဝမမြင်ရပါဘူး။
မှတ်ချက်  ။               ။     Oakkar Nyo Htay  ၏ ဖေ့ဘွတ်မှ ကူးယူမျှဝေခြင်းဖြစ်ပါတယ်ရှင် ။
                                   နောက်ထပ် ရွေတိဂုံ ဘုရားထီးတော်တင်ခြင်း နှင့်  ပတ်သက်သော ပုံများလဲ
                                   ကျန်ရှိပါသေးတယ်ရှင်ဆက်လက်လေ့လာလိုပါက
                                   Oakkar Nyo Htay  မှာ သွားေ၇ာက် ကြည့်ရူ့ နိုင်ပါတယ်ရှင် ။
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်....။

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်