***လှလွန်းသူ***


ပါးပြင်မွှေးမွှေး...ပြည့်ဖောင်းလေး
သနပ်ခါးလေးနဲ့.....ဖွေး။
နှုတ်ခမ်းဖူးလေး နီစွေးကြွယ်
ရင်အေးလွန်းလှတယ်။
မြန်မာဆန်တဲ့ ကောင်မလေး
မြင်သူ နှစ်ခါ....ငေး။
မျက်လုံးဝိုင်းလေး လှလွန်းတယ်
ရင်ဖုံးလေးနဲ့ကွယ်...။
ဆံနွယ်လေးတွေ နက်မှောင်ကျ
ထမီလေးနဲ့..လှ။
လှနိုင်လွန်းတဲ့ နတ်သမီးရယ်
ကြည့်မ၀...ရှု့မ၀တယ်..။
ခေတ်အလှတွေ ယှဉ်ပြိုင်ရွေး
သူ့ ကို မမှီသေး...။
လှနိုင်လွန်းသူလေး...မြင်သူ ဘ၀င်အေး...။




(ကျွန်တော် ပါးတင်တဲ့သနပ်ခါးအပါအ၀င် ဒီလို ကဗျာလေးတွေရေးဖူးပါတယ်ခင်ဗျာ)
ထပ်ရေးရတဲ့ အကြောင်းအရင်းကတော့
သနပ်ခါးကြိုက်တဲ့ မြန်မာဆန်ဆန်မိန်းကလေးတွေကို မြင်ရနည်းသွားလို့ရယ်
ဒီကဗျာကို မဖန်တီးခင် မြင်လိုက်ရတဲ့ မြန်မာမလေးတစ်ယောက်ရဲ့အလှရယ်ကြောင့် ထပ်ရေးဖွဲ့ခြင်းဖြစ်ပါတယ်..။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်