၃ နှစ်သားကလေးက လူဆိုး ၄ယောက်ကို တိုက်ခိုက်အနိုင်ယူ

ဒေါ်မြ ငိုနေပီး။ဘာဖြစ်လို့လဲဆိုတော့ သူ့သား ပျောက်နေတာ ၁ပတ်လောက်ရှိပီး။ကလေးက ၃ နှစ်အရွယ်လေး။တာဝန်ရှိ
သူတွေနဲ့တိုင်ပင်ပီးရှာလည်း မတွေ့တော့။ဒေါ်မြလဲ လက်လျော့လိုက်ပြီး။သူ့သားအတွက် အလှူလုပ်ပေးလိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင် အလှူလုပ်ပြီး နောက်တနေ့မှာ သူ့သားပြန်ရောက်လာတယ်။ဒေါ်မြလည်း ဝမ်းသာအားရ ဆီးကြိုပြီး
သားကို အငမ်းမရမေးပါတော့တယ်။သားက မောနေတော့ ခဏအနားယူပြီး အဖြစ်အပျက်များကို ပြောပြသည်။လူတွေ
လည်းလာနားထောင်ကြတာပေါ့။သားကစပြောပြီး။ "မေမေ သားကို ဈေးသွားဝယ်ဖို့ ခိုင်းလိုက်တဲ့နေ့ကပေါ့ ဈေးမရောက်
ခင်မှာ လူတယောက်က သားလက်ကို ဆွဲပြီး သားက ချစ်စရာလေးတဲ့ ဦးနဲ့လိုက်ခဲ့ပါလား တဲ့ မုန့်တွေလည်း အများကြီး
ကျွေးမယ် တဲ့ အဲလိုပြောတာ။သားလည်း အဟုတ်ထင်ပြီး လိုက်သွားတယ်။ဟိုရောက်တော့ သူပြောသလိုမဟုတ်ဘူး။
သားလက်ကို ကြိုးနဲ့ချည်ထားတယ်။သားတယောက်တော့မဟုတ်ဘူး။သားအရွယ်ကလေး ၆ ရောက်ရှိတယ်။ဘာလုပ်
ဖို့လဲတော့ မသိ။အဲည မှာပဲ သူတို့ အချင်းချင်းတိုင်ပင်နေကြတာ သားကြားသွားတယ်။သူတို့က သားတို့ကို ရောင်းစား
မှာတဲ့။သားလဲ ဒေါသ ထွက်လာတယ်။ဆတ်ဆတ်တုန်အောင် ဒေါသ ထွက်လာတယ်။နောက်မိုးလင်းရော သားတို့ကို
လာခေါ်ဖို့ လူ သုံးယောက်ရောက်လာတယ်။သူတို့က သားတို့ကိုရောင်စားဖို့ ခေါ်သွားမှာလေ။သားလည်းဒေါသတွေ
အရမ်းထွက်နေတယ်။သူတို့က တယောက်ချင်းစီကြိုးဖြည်ပေးနေတယ်။သားကို လည်း ဖြည်ပေးပီးပီးရော သားကို
သူတို့ သုံးယောက်ကို တိုတ်တော့တာပဲ။သူတို့က လူကြီးဆိုပေမယ့် သားလောက် အားမရှိကြဘူး။သုံးယောက်လုံး
မြေကြီးထဲမှာ မထ နိုင်အောင် လဲကျသွားတယ်။နောက်ဆုံး သူတို့ ခေါင်ဆောင် နဲ့တိုက်တယ်။သူ့ခေါင်ဆောင်လည်း
သားကိုမနိုင်ပြန်ဘူး။ခေါင်ဆောင်က တောက် တချက်ခေါက်ပြီး ဟဲ့ ကလေး မင်းက ဘာတွေ စားထားတော့ အားတွေ
ဒီလောက်ကြီးနေတာလဲ တဲ့ သားကိုမေးတယ်။သားက ငါ အိုဗာတင်း နေ့တိုင်း သောက်နေလို့ မင်းတို့ထက် အားပိုကြီး
တာပေါ့ လို့ ဖြေလိုက်တယ်။အဲအခါ ခေါင်ဆောင်ကြီးက သူ့တပည့်သုံးယောက်ကို ကဲ ဟေ့ကောင်တွေ ဒီနေ့ကစပြီး
မင်းတို့ ငါတို့ အိုဗာတင်း ပဲ သောက်ကြမယ် ကြားလား တဲ့။သားကို လွှတ်လိုက်ပါတော့တယ်။ကဲ သူငယ်ချင်းတို့ရေ
ခုနက ကလေးလို အားရှိသွားအောင် အိုဗာတင်းကို နေ့စဉ်သောက်ကြပါစို့။ဟိ ဟိ ဟိ ဟာသလေးပါနော်။အမှန်
မဟုတ်ဘူး။ယခုလိုဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

Bus ကား​ပေါ်က သမင်​မ​လေး

Android မှာ ကျားထိုးမယ် ( Checkers Game for Android )