ချစ်မေတ္တာစာစုများ(၁)

(၁)

သင့်ကိုမချစ်တဲ့လူတစ်ယောက်
စွန့်ခွါထွက်ပြေးသွားလို့
ဝမ်းနည်းပူဆွေးနေစရာ မလိုပါဘူး။
ဘာဖြစ်လို့လဲဆိုရင်
သင်ဆုံးရှုံးရတာက
သင့်ကိုမချစ်တဲ့လူတစ်ယောက်ပါ။
သူဆုံးရှုံးရတာက
သူ့ကိုချစ်တဲ့လူတစ်ယောက်ပါ။
နေလင်းအောင်
(၂)

မင်းကိုစကားမပြောဘဲ
နေ့ပေါင်းများစွာ ကိုယ်နေနိုင်ပါတယ်။
မင်းကိုမတွေ့မမြင်ရဘဲ
လပေါင်းများစွာကိုယ်နေနိုင်ပါတယ်။
ဒါပေမဲ့…
မင်းအကြောင်းမစဉ်းစားဘဲနဲ့တော့
တစ်စက္ကန့်လေးတောင်မှ
ကိုယ်မနေနိုင်ပါဘူးကွယ်။
နေလင်းအောင်
(၃)

မေတ္တာတရားဆီသွားရာလမ်းဟာ
ကျဉ်းမြောင်းလွန်းပါတယ်။
နှစ်ကိုယ့်တစ်စိတ်အဖြစ်
မပေါင်းစည်းနိုင်ဘူးဆိုရင်တော့
အဲဒီလမ်းကျဉ်းပေါ် နှစ်ယောက်အတူ
လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။
နေလင်းအောင်
(၄)

မေတ္တာသက်ဝင် သွားခြင်းဆိုတာ
အဆောက်အအုံတစ်ခုပေါ်ကနေ
ခုန်ချခြင်းနဲ့တူပါတယ်။
“မင်းသေသွားလိမ့်မယ်။ အဲဒီလိုမလုပ်နဲ့”လို့ ဦးနှောက်က ပြောဆိုတယ်။
“မပူပါနဲ့။ ငါဟာ ပျံသန်းနိုင်ပါတယ်”လို့
နှလုံးသားက ပြောဆိုတယ်။
နေလင်းအောင်
(၅)

မေတ္တာသက်ဝင်မိတဲ့အခါ
နာကျင်ခံစားရတယ်။
နာကျင်ခံစားရတဲ့အခါ
မုန်းတီးမိလာတယ်။
မုန်းတီးမိတဲ့အခါ
မေ့ပျောက်ဖို့ကြိုးစားတယ်။
မေ့ပျောက်ဖို့ကြိုးစားတဲ့အခါ
တမ်းတမိလာတယ်။
တမ်းတမိတဲ့အခါ
မေတ္တာသက်ဝင်လာပြန်တယ်။
နေလင်းအောင်
www.naylinaung1.blogspot.com
ကျွန်တော်ရေးသားထားသည့် စာမူများကြိုက်နှစ်သက်မိ၍ မိမိတို့ကိုယ်ပိုင်ဘလော့ဂ်တွင် ပြန်လည်တင်ပြလိုပါက နေလင်းအောင် ကလောင်နာမည်ကို ဖော်ပြပေးပါရန် ပန်ကြားအပ်ပါတယ်။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်