ဒြပ်မဲ့နှလုံးသား

အဆုံးစွန်တွယ်ငြိမိတဲ့ နှလုံးသားတစ်စုံ
ကံကြမ္မာပျက်အောက် ယက်ကန်ကန်နဲ့
အက်ကွဲသံတွေအောက်
မရှုမလှကျဆုံး
လက်တစ်ကမ်းကရှုံးနိမ့်ခြင်းက
ငါ့ကို လှိုက်လှဲစွာကြိုဆိုလျက်
မျက်ဝန်းရိပ်က ဝေ့ဝဲတက်လာတဲ့
အချစ်ရိပ်တွေ
မင်းနဲ့မှ မဆိုင်တော့လေပဲ.....။

ဘဝတစ်ခု အရင်းပြု
လေထဲဆောက်ခဲ့တဲ့
တို့နှစ်ယောက်အိမ်လေး
မပြီးဆုံးခင်လွင့်ပျယ်သွားတဲ့
စိတ်ကူးယဉ်အိပ်မက်တွေကြား
ပျောက်ဆုံးသွားခဲ့ပေါ့.....။
ချစ်ခြင်းဒြပ်ထုကြား
နစ်မြုပ်ခဲ့တဲ့
ငါ့ နှလုံးသား
ခက်ခဲကြမ်းတမ်းစွာ
ပြန်ဆွဲထုတ်ရင်း
လက်ဆွဲနှုတ်ဆက်လိုက်မယ်
တစ်ချိန်တုန်းက ငါချစ်ခဲ့တဲ့
ချစ်ဦးသူ…..သူငယ်ချင်းရယ်...........။

Comments

Popular posts from this blog

Bus ကား​ပေါ်က သမင်​မ​လေး

သရဲပစ်ဂိမ်း

Android မှာ ကျားထိုးမယ် ( Checkers Game for Android )