သက်တန့်ပေါ်က ကကြိုးများ

သက်တန့်ပေါ်က ကကြိုးများ

ကျန်ခဲ့တဲ့ အမှတ်တရတွေက
နှလုံးသားသမိုင်းဝင်လို့ တမ်းတရက်စွဲတွေနဲ့
ဖွားဘက်တော် အလွမ်းတွေက
ငါ့... အတွက်တော့
ညတာရှည်ခဲ့တာ ကြာညောင်းခဲ့ပြီပေါ့....။
နေ့ညတွေ တသွင်သွင်စီးနေတဲ့
ကာလအပိုင်းခြားတွေထဲ လွင့်မြောရင်း..
ငါ.... မကြံစည်မိတဲ့ ပုစ္ဆာက
ဝေဒနာ အဖြေထွက်ခဲ့ပြီလေ...။
ကာလနဂါးလို အိပ်ပျော်ခဲ့တဲ့
ငါ့ အသက်ရှု စက်ယန္တရားဟာ
အမှတ်တမဲ့ ချို့ယွင်းချက်ဖြစ်လို့
ထိရှမှု တစ်ခု ဖြစ်လာခဲ့ပြန်ပြီပေါ့...။
အဝေးမြင်နိုင်တဲ့ ငါ့ရဲ့ တယ်လီစကုတ် တစ်စုံဟာ
အဝန်းအဝိုင်း မျက်တောင် တဖက်မှာ
အကြည်းတန် ဆိုးဝါးလွန်းလို့
စမ်းသပ်ခန်းထဲ ဝင်ရောက်ခဲ့မိတယ်
ဒါပေမဲ့.... ဝေဒနာဟာ ဝေဒနာသာ အထင်သားကြီးပေါ့...။
ဒါနဲ့ ငါ ကိုယ်တိုင် သူ့မျက်ဝန်းအစုံကို
ထာဝရထင်ကျန်မည့် ဓာတ်ပုံတစ်ချက်
အသံတိတ် ရိုက်ခဲ့ဖူးတယ်...
အဲဒီနေ့ အတွေးတိမ်ယံမှာ
အလှပန်းဆိုင်တွေ ယှက်သိုင်းလို့ ကကြိုးဆင်နေပါရဲ့...။
နောက်တနေ့...
ငါ့ အတ္တလွင်ပြင်ထဲ အမည်မသိတဲ့
ပစ်မှတ်ဝင်ရောက်ခဲ့တယ်...
ငါ လက်ခံလိုက်မိတယ်...
သူလည်း မငြင်းဆန်ခဲ့ဘူး...
သိုင်းထားတဲ့ ကြိုးကလေး တစ်ချောင်း
သူယူသွားတယ် ငါ.. မသိလိုက်ဘူး..
အဲဒီနေ့... မေ့မြောနေတဲ့ အနမ်းတွေကို
လှောင်ချိုင့်ထဲမှာ ချိတ်ပိတ်လို့
တပ်မက်ခဲ့တာ အခုထိပေါ့...။
မြားနတ်မောင် ပစ်ခွင်းတဲ့
အဆိပ်လူး မြားတစ်ချောင်း
အလည်ရောက်လာခဲ့တယ်...
အနီးကပ် အငိုက်မိသွားလို့
စူးကနဲ့ ထိရှသွားတာ
ဖြေဆေးမရှိခဲ့ဘူး...
မေ့မြောသွားတယ်
အမှတ်တမဲ့ သတိရလာတဲ့အခိုက်
အေးစိမ့်စိမ့်နဲ့ ခံစားချက်တစ်ခု တိုက်ခိုက်လာတယ်..
ဟာ... သွားပြီ... အချစ်အဆိပ်တက်နေပြီ.....။
တက္ကသိုလ်မြတ်မင်း

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

Bus ကား​ပေါ်က သမင်​မ​လေး

Android မှာ ကျားထိုးမယ် ( Checkers Game for Android )