Posts

Showing posts with the label ကဗျာ

Bus ကား​ပေါ်က သမင်​မ​လေး

Image
အသားကဖြူ ၀င်းနု​နေငုဝါးရှုံး ဆံပင်​သန်​နက်​ ကြက်​​တောင်​စဉ်း အားနွဲတဲ့မူယာ လူတစ်​ကာဆွဲ​ဆောင်​​နေမြဲ ၀တ်​စားတာ မြန်​မာဆန်​ဆန်​နဲ့ ကတိပါ ​ရောင်​ ချိတ်...

ကိုယ်ကပဲ ပေးဆပ်နေ၇တာ အချစ်မဟုတ်ဘူး ကိုယ့်ကို တကယ်ချစ်တဲ့သူက ကိုယ် မပေးဆပ်နေလည်း... အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

ကိုယ်ကပဲ ပေးဆပ်နေ၇တာ အချစ်မဟုတ်ဘူး ကိုယ့်ကို တကယ်ချစ်တဲ့သူက ကိုယ် မပေးဆပ်နေလည်း အနားမှာ ပေတေပြီးနေမှာပဲ ကိုယ့်ကို မချစ်တဲ့လူက ကိုယ်ပေးဆပ်ပြီးချစ်နေလည်း ...

သူငယ်ချင်းလေး ရေ

အမှောင်ရဲ့  ချောင်လေးထဲမှာ နောက်ကျောက ဒဏ်ရာ ကုစားရင်း လဲပြို အဓိပ္ပါယ်မဲ့ နေတဲ့ ငါ .........။ " လဲနေသူအတွက် တစ်ချက်လောက် ရပ်နိုင်ရင် အနာဂတ် ရှိတယ် " စကားသံနဲ့  ကမ်းပေးလာတဲ့ လက်ကလေး ငါ..ငေးနေမိခဲ့တယ် ၊ တစိမ့်စိမ့် စီးမျောသွားတဲ့ ရင်ထဲမှာ အရာတိုင်းကို မျှော်လင့် ချင်လာတယ် ကမ်းလက်ကလေးကို ဆုပ်ကိုင်ရင်း ယိုင်လဲသွားတဲ့ ငါ့..မျက်ရည် ပျော်လို့ ပါ ..ကောင်မလေးရယ် ၊ ဘယ်လောက် ပျော်သွားလဲဆိုရင် မျက်ရည်တွေကို မေးကြည့်လိုက်ပါ ပြောပြနိုင်မှာပါကွာ ၊ " ပထမခြေလှမ်းထက် ပိုအရေးကြီးတဲ့ ခြေလှမ်း ဆိုတာမရှိဘူး အဲဒိအတွက် ဖိနပ်ဆိုတဲ့ အဖော်လည်း ရှိရမယ် " ကောင်မလေးရေ မင်းပြောတဲ့စကားတွေ မင်းကိုယ်တိုင် စီးပေးလိုက်တဲ့ ဖိနပ် ကိုစီးနင်းရင်း ခြေတစ်လှမ်း လှမ်းတိုင်း မင်းနဲ့ ငါ ဝေးသွားနိုင်တာ တွေးမိရဲ့ လား " သတိရတိုင်း လှည့်ကြည့်နေရင် နောက်ကျနေလိမ့်မယ် လေ " ကျေးဇူးပါ ကောင်မလေး ရေ ငါ လျှောက်လှမ်းပါ့မယ် ယုံကြည်မှု့  ကင်းမဲ့ခဲ့တဲ့ လောကကြီးကို မင်းရဲ့ အားပေးခြင်း တွေနဲ့  ရင်ဆိုင်မယ် တစ်ခုလောက် မှာ ခဲ့ပါရစေ ကောင်မလေးရယ် မင်းရဲ့ ပါးပြင်မှာ မျက်ရည်တွေ စီးဆင်းလာခဲ့ရင် ငါ့ကို အော်ဟစ်ခေါ်လိုက်ပါနော် ...

ထာဝရသယ်ရင်း

တေးထပ် ( တထပ်ကျော့ - ပုလဲသွယ် ) ထာ       ၀စဉ် ရွှင်လန်းလို့ ၊ မြင်အဆန်း - တက်နေ ၊ ၀           င်စမ်း - လက်စေရောင်ကို ၊ ကျက်သရေ - ဆောင်နှင်း ။ ရ          င်ထဲ - ရင်ဘ၀င် ၊ ရွှင်အရင် -မြူးတဲ့ - ယဉ်မင်း ။ သူ        တိုင်းထက် - ညွန့်ဝေေ၀ ၊ ကွန့်နေစေ - ပြိုင်မြင်း ။ ငယ်      သောသူ - တောက်လျှင်းဖို့ မြှောက်အဆင်း - ဆောင်ကာ ၊ ချင်း      ချင်းဆုံ - သာစေကြပါပေါ့ ၊ စာဂေန - ထွန်းစို့ကြန်လာ ။ များ      လူရှင့် - ရှု့ကြသဖွယ် ၊ ခုဘ၀၀ယ် - ကြုံဆုံရတာမို့ ၊ အ       တူမို့ - သွားလေလေ ၊ အားတို့စုံနေ ။ ဖွဲ့       တော်သား - ဂုဏ်မငယ်တယ် ၊            ခြုံတကွယ် - မေ့ဘူးကွယ့်လေး ။                ။

လေလွင့်ရွက်ကြွေ

ပျော်စရာစစ်ပွဲတစ်ခုတဲ့ အလိမ်အညာမာယာတွေ လက်နက်ပြည့်တပ်ဆင်ပြီး ဆင်နွှဲလိုက်ကြတာ ငါလှမ်းပစ်လိုက်တဲ့ စကားလုံးတွေနဲ့အတူ ငါ့နှလုံးသား လက်ပစ်ဗုံးလိုပါသွားတာ နင်မသိခဲ့ဘူး ငါစိုက်ပျိုးမွေးမြူခဲ့တဲ့ ယုံကြည်မှုသစ်ပင် အသီးအပွင့်တွေဝေခါနီးမှ နင်လေ....မုသား acid ပြင်းပြင်းတွေလောင်း သံသယပေါင်းတွေကိုမွေးမြူခဲ့တယ် ညှိုးခြောက်သွားတဲ့အပင်ဘေးမှာ ငါ့မျက်ရည်ပူတွေ သွန်းလောင်းရင်း ပြန်လည်ရှင်သန်ဖို့ ငါတောင့်တနေမိပြန်တယ် အစကတည်းက နင်မပေးခဲ့တာပဲဖြစ်ဖြစ် ငါမရခဲ့တာပဲဖြစ်ဖြစ် စိတ္တဇနမ် ဒီအချစ်ကို ရှိတယ်လို့ထင်နေတာကိုက ငါ့မိုက်မဲမှုပါ မရေရာမှုတွေများတဲ့လောကမှာ သေချာမှုနဲနဲတော့ ငါ့ကိုစွန့်ကြဲပါ နင့်ရဲ့ အနာဂတ်စိတ်ကူးတွေထဲမှာ ဘယ်တုန်းကမှ ငါမပါဝင်ခဲ့ဘူးဆိုတာလေး သိခွင့်ရရုံနဲ့ လေ ငါကျန်နေခဲ့ဖို့ ခွန်အားတွေလုံလောက်သွားပြီ နေ၀င်ချိန်တွေနဲ့အတူ ရင်ခွင်ဗလာနဲ့ဒီလူလည်း နှလုံးသားရှိရာအရပ် မှန်းမျှော်လို့နေရင်း တိတ်တိတ်လေး.......ကြွေ

အဖြူရောင်အတွေး

Image

ချစ်သူလေးရေ..... ♥♥

Image
ချစ်သူလေးရေ..... တိမ်ပြာပြာတွေ ရွေ့လျားနေတာ လှလိုက်တာ..... အလွမ်းတွေကိုသာ တိမ်တွေသယ်ဆောင်သွားနိုင်ရင် ချစ်သူလေးအတွက်ပို့ပေးချင်တယ်... ယူမှာလား ???? ချစ်သူလေးရေ.... စိမ်းဖန့်ဖန့်သစ်ရွက်တွေလှုပ်ခတ်နေတာ လှလိုက်တာ..... အလွမ်းတွေကိုသာ သစ်ရွက်လေးတွေသိရင် ချစ်သူလေးကိုပြန်ပြောကြမယ်ထင်တယ်.. ယုံမှာလား  ???? ချစ်သူလေးရေ.... မိုးစက်မိုးပေါက်တွေ ကြွေကျနေတာ လှလိုက်တာ..... အလွမ်းတွေသာ မိုးစက်မိုးပေါက်ကလေးတွေဖြစ်ခဲ့ရင် ချစ်သူလေးကို စကားနာထိုးကြလိမ့်မယ်... လက်ခံမှာလား ???? ချစ်သူလေးရေ... အလွမ်းတွေကို လေပြေတွေကသယ်ဆောင်ပေးမယ်ဆိုရင် မိုးမင်းကြီးကို ခေတ္တရပ်ဆိုင်းပေးဖို့တောင်းပန်မယ်.. အဲ့ဒီအချိန်မှာ တိမ်တွေလဲ လွင့်ပျောက်ကုန်ပြီပေါ့.. သစ်ရွက်စိမ်းလေးတွေ မငိုခင်ပြန်ဆုံခွင့်ရချင်တယ်.. ချစ်သူလေးရေ.....  လွမ်းတယ်.... ♥♥ ငှက်ကလေးရဲ့(ရင်တွင်းဖြစ်)

မြန်မာ့လွတ်လပ်ရေးဖခင်၏ ဘာသာပြန်ကဗျာ

Image
“ အနိုင်မခံ” ငါ့အား ဖုံးလွှမ်းထားအပ်သည့် ညဥ့်နက်သန်းခေါင် အမှောင်အတွင်းမှ အသူတရာမျှ နက်သော ချောက်ကမ်းပါးတွင်မှ ငါ၏ မကြောက်တရားကို ဖန်တီးထားသည့် နတ်သကြားများကို ငါကျေးဇူးတင်ပါ၏ လောကဓံတရား၏ ကြမ်းကြုပ်သောလက်ဆုပ်တွင်းသို့ ငါ သက်ဆင်းကျရောက်ငြားလည်း ငါ ကား မတုန်လှုပ်၊ မငိုကြွေး ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့် ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့် ချင်းချင်းနီ၏ သို့သော် ညွတ်ကား မညွတ် လောက၊ ဒေါသတို့ကြီးစိုးရာ ဤကမ္ဘာ၏ အခြားမဲ့၌ သေခြင်းတရားသည် ကြောက်မက်ဖွယ် ငံ့လင့်၏ သို့သော် ငါအား မတုန်လှုန်သည်ကိုသာ တွေ့ရအံ့ နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင် အစဉ်တွေ့ရလတ္တံ့။ သုဂတိ သို့ သွားရာ တခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ ယမမင်း၏ ခွေးပုရပိုက်တွင် ငါ၏ အပြစ်များ မည်မျှပင်ရေး ခြစ်ထားစေ ငါသာလျှင် ငါ့ကြမ္မာ၏အရှင် ငါသာလျှင် ငါ ဘ၀၏သခင် ဖြစ်တော့သည်။

ထားရစ်ခဲ့ပါ.......။။။

ထားရစ်ခဲ့ပါ အချစ်ရယ် ပြန်မဆုံနိုင်မယ့်ည ကျေနပ်လိုက်ပါမယ် ...သိပ်ချစ်လို့ တစ်ယောက်ထဲငါလွမ်း သီချင်းနားထောင်ရင်းလေ မင်းကြောင့်ဖြစ်တဲ့ သီချင်းတွေဆိုနေရင်းနဲ့ ကြေကွဲတယ် မင်းရဲ့မျက်ရည်သုတ်လိုက် ပါ ငါ့အရှုံးပေးပါတယ် သိပ်ချစ်လို့ပါ.... ကျန်ရစ်သူမှာ အလွမ်း ဒဏ်ရာတွေနဲ့လေ မင်းနှလုံးသားမှာ အခြားလူနေရာပေးလိုက်ပြီပဲ ငါ့လေကြေကွဲတယ် ချစ်သူရယ်... မျော်လင့်မထားတဲ့ အဖြစ်အပျက်နောက်မှာ ဆုံးရှုံးရမယ့် အသိတွေညှိတွယ်လွန်းတယ် အနိုင်ယူရက်တဲ့ ချစ်သူရယ် ဟန်ဆောင်ကောင်းတဲ့ မင်းမျက်ဝန်းမှာ ငါ့..အနာဂတ်အိပ်မက်တွေ ပျက်စီးရပြီလေ...............။။။ သိပ်ချစ်ရတဲ့ ချစ်သူလေးသိပါစေ

ဗလာနှင့်အိမ်မက်(၂) ကဗျာတိုစုလေးများ

အဝေးက    ချစ် မနက်ဖြန်လဲမတွေ့နိုင် သဘက်ခါလဲမတွေ့နိုင် နှစ်ယောက်လုံးက အလွမ်းတွေပွေ့ထားရတယ်။ ဗလာ(၂) ဆနနဲ့ဘ၀ကခြားနားတယ် ဘယ်လိုပြောပြရမလဲ ရင်ထဲမှာတော့ခံစားချက်အပြည့်နဲ့ လက်ထဲမှာတော့.....................။ အိမ်ရှေ့သစ်ပင်ပေါ်က ပန်းငယ် လူတွေကတော့ခွထားတယ်လို့မြင်တယ် သူကိုယ်တိုင်ကတော့မခွဘူး ငါကတော့သူ့ကို သစ်ကပ်ပန်းလို့ပဲ နာမည်ပေးထားလိုက်တယ်။ လူနဲ့တူသော လူ လူလိုလွမ်းတယ် လူလိုဆွေးတယ် တစ်ခါတစ်ခါ လူလို သူလို သီချင်းတွေအော်ဆိုလို့။ အိမ်မက် (၂) အိပ်ရင်နဲ့လမ်းထလျှောက်ခဲ့ဖူးတယ် လမ်းလျှောက်ရင်နဲ့တော့ အိပ်မကြည့်ခဲ့ဘူး။ ၀ရန်တာပေါ်က တေယာသံ တက်လိုက်ကျလျုက် နိမ့်ရင်မြင့်ရင်း ဘိုးတံကိုင်တဲ့လက်ဟာ ရင်ဘတ်တစ်ခုလုံးကိုကိုယ်စားပြုထားတယ်။ ချောင်း၇ိုးလေးဘေးမှာ ဗေဒါပွင့်လေးကိုမြတ်နိုးလို့ ဘဲအုပ်ကိုမောင်းထုတ်လိုက်တယ် ဗဒေါဖုတ်တစ်ခုလုံးမှာ ဘဲခြေရာတွေ မွစာကြဲလို့။ အိပ်ရာပေါ်ကခေါင်းအုံး တက်ဖိလိုက် သက်ပြင်းချလိုက် ပြန်ထလိုက် တစ်ခါတစ်ခါ မျက်ရည်သုတ်စရာလဲဖြစ်ဖူးတယ်။ ကြိုးမဲ့ခဲ့ရသော ဘယ်ကိုမျောရမှန်းလဲမသိ လှည့်ကြည့်စရာလဲမရှိဘူး ဒီအတိုင်းလေးပဲမျှောလိုက်နေလိုက်တယ်။ အသဲကွဲသီချင်း ထ...

မင်းနဲ့အတူတူ

တကယ်လို့တစ်နေ့မှာ မင်းငိုချင်တဲ့အခါ င့ါကိုခေါ်လိုက်ပါ မင်းကို ရယ်မောစေရမယ်လို့ ငါကတိမပေးနိုင်ပေမယ့် မင်းနဲ့အတူ ငါလိုက်ငိုနိုင်ပါတယ်... တကယ်လို့တစ်နေ့မှာ မင်းအဝေးတစ်နေရာကို ထွက်ပြေးသွားချင်တဲ့အခါ ငါ့ကိုခေါ်ဖို့ ကြောက်ရွံ့မနေပါနဲ့.. မင်းကို ထွက်မပြေးစေဖို့ ငါကတိမပေးနိုင်ပေမယ့် မင်းနဲ့အတူလိုက်ပြေးနိုင်ပါတယ်... တကယ်လို့တစ်နေ့မှာ ဘယ်သူ့စကားကိုမှ မင်းနားမထောင်ချင်တော့တဲ့အခါ ငါ့ကိုခေါ်ပါ... မင်းနဲ့အတူငါရှိနေပြီး မင်းဘေးနားမှာ ငြိမ်ငြိမ်လေးနေနေပါ့မယ်လို့ ငါကတိပေးပါတယ်...

***လှလွန်းသူ***

Image
ပါးပြင်မွှေးမွှေး...ပြည့်ဖောင်းလေး သနပ်ခါးလေးနဲ့.....ဖွေး။ နှုတ်ခမ်းဖူးလေး နီစွေးကြွယ် ရင်အေးလွန်းလှတယ်။ မြန်မာဆန်တဲ့ ကောင်မလေး မြင်သူ နှစ်ခါ....ငေး။ မျက်လုံးဝိုင်းလေး လှလွန်းတယ် ရင်ဖုံးလေးနဲ့ကွယ်...။ ဆံနွယ်လေးတွေ နက်မှောင်ကျ ထမီလေးနဲ့..လှ။ လှနိုင်လွန်းတဲ့ နတ်သမီးရယ် ကြည့်မ၀...ရှု့မ၀တယ်..။ ခေတ်အလှတွေ ယှဉ်ပြိုင်ရွေး သူ့ ကို မမှီသေး...။ လှနိုင်လွန်းသူလေး...မြင်သူ ဘ၀င်အေး...။ (ကျွန်တော် ပါးတင်တဲ့သနပ်ခါးအပါအ၀င် ဒီလို ကဗျာလေးတွေရေးဖူးပါတယ်ခင်ဗျာ) ထပ်ရေးရတဲ့ အကြောင်းအရင်းကတော့ သနပ်ခါးကြိုက်တဲ့ မြန်မာဆန်ဆန်မိန်းကလေးတွေကို မြင်ရနည်းသွားလို့ရယ် ဒီကဗျာကို မဖန်တီးခင် မြင်လိုက်ရတဲ့ မြန်မာမလေးတစ်ယောက်ရဲ့အလှရယ်ကြောင့် ထပ်ရေးဖွဲ့ခြင်းဖြစ်ပါတယ်..။

သက်တန့်ပေါ်က ကကြိုးများ

Image
သက်တန့်ပေါ်က ကကြိုးများ ကျန်ခဲ့တဲ့ အမှတ်တရတွေက နှလုံးသားသမိုင်းဝင်လို့ တမ်းတရက်စွဲတွေနဲ့ ဖွားဘက်တော် အလွမ်းတွေက ငါ့... အတွက်တော့ ညတာရှည်ခဲ့တာ ကြာညောင်းခဲ့ပြီပေါ့....။ နေ့ညတွေ တသွင်သွင်စီးနေတဲ့ ကာလအပိုင်းခြားတွေထဲ လွင့်မြောရင်း.. ငါ.... မကြံစည်မိတဲ့ ပုစ္ဆာက ဝေဒနာ အဖြေထွက်ခဲ့ပြီလေ...။ ကာလနဂါးလို အိပ်ပျော်ခဲ့တဲ့ ငါ့ အသက်ရှု စက်ယန္တရားဟာ အမှတ်တမဲ့ ချို့ယွင်းချက်ဖြစ်လို့ ထိရှမှု တစ်ခု ဖြစ်လာခဲ့ပြန်ပြီပေါ့...။ အဝေးမြင်နိုင်တဲ့ ငါ့ရဲ့ တယ်လီစကုတ် တစ်စုံဟာ အဝန်းအဝိုင်း မျက်တောင် တဖက်မှာ အကြည်းတန် ဆိုးဝါးလွန်းလို့ စမ်းသပ်ခန်းထဲ ဝင်ရောက်ခဲ့မိတယ် ဒါပေမဲ့.... ဝေဒနာဟာ ဝေဒနာသာ အထင်သားကြီးပေါ့...။ ဒါနဲ့ ငါ ကိုယ်တိုင် သူ့မျက်ဝန်းအစုံကို ထာဝရထင်ကျန်မည့် ဓာတ်ပုံတစ်ချက် အသံတိတ် ရိုက်ခဲ့ဖူးတယ်... အဲဒီနေ့ အတွေးတိမ်ယံမှာ အလှပန်းဆိုင်တွေ ယှက်သိုင်းလို့ ကကြိုးဆင်နေပါရဲ့...။ နောက်တနေ့... ငါ့ အတ္တလွင်ပြင်ထဲ အမည်မသိတဲ့ ပစ်မှတ်ဝင်ရောက်ခဲ့တယ်... ငါ လက်ခံလိုက်မိတယ်... သူလည်း မငြင်းဆန်ခဲ့ဘူး... သိုင်းထားတဲ့ ကြိုးကလေး တစ်ချောင်း သူယူသွားတယ် ငါ.. မသိ...

ဒြပ်မဲ့နှလုံးသား

အဆုံးစွန်တွယ်ငြိမိတဲ့ နှလုံးသားတစ်စုံ ကံကြမ္မာပျက်အောက် ယက်ကန်ကန်နဲ့ အက်ကွဲသံတွေအောက် မရှုမလှကျဆုံး လက်တစ်ကမ်းကရှုံးနိမ့်ခြင်းက ငါ့ကို လှိုက်လှဲစွာကြိုဆိုလျက် မျက်ဝန်းရိပ်က ဝေ့ဝဲတက်လာတဲ့ အချစ်ရိပ်တွေ မင်းနဲ့မှ မဆိုင်တော့လေပဲ.....။ ဘဝတစ်ခု အရင်းပြု လေထဲဆောက်ခဲ့တဲ့ တို့နှစ်ယောက်အိမ်လေး မပြီးဆုံးခင်လွင့်ပျယ်သွားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေကြား ပျောက်ဆုံးသွားခဲ့ပေါ့.....။ ချစ်ခြင်းဒြပ်ထုကြား နစ်မြုပ်ခဲ့တဲ့ ငါ့ နှလုံးသား ခက်ခဲကြမ်းတမ်းစွာ ပြန်ဆွဲထုတ်ရင်း လက်ဆွဲနှုတ်ဆက်လိုက်မယ် တစ်ချိန်တုန်းက ငါချစ်ခဲ့တဲ့ ချစ်ဦးသူ…..သူငယ်ချင်းရယ်...........။

လွဲသူ

တွေ့ဆုံရက်စွဲတွေက  နေထိနှင်းလိုပဲ ချွေးသိပ်စကားတွေကို  ယုံမိတယ်။ ရွှန်းလဲ့အပြုံးတွေအောက်  အရည်ပျော်ကျနေတော့ မထင်ခဲ့ဘူး  ထားရစ်ခဲ့မယ်….. ဆုတောင်းဂတိတွေက  မီးပျက်ညလိုပဲ မျှော်လင့်အိပ်မက်တွေကို  ဖျက်ခဲ့တယ်။ ကံခေသူ…ရင်နင့်နှလုံးကို အရက်မစိမ်၊ ၀ိုင်မစိမ်ဘဲ ကဗျာနဲ့  စိမ်ခဲ့တယ်။                          နေလူဟန်

အချစ်မုသားအား အပြုံးနှင့်တိုက်ခိုက်သူ

ငါးပါးသီလထဲမှာ စိတ်ပူရတဲ့   တစ်ပါးတော် သီလ ဟာ    မုသားစကားပါ ....ဒါထက်      အချစ်ရဲ့ မုသားစကားက    ပိုဆိုးလှပါ့တယ်....။    ချစ်လျက်နဲ့မုန်းတယ်     လို့ပြောရတဲ့ မုသား    မလွှဲမရှောင်ပဲ ပြောလိုက်တော့လည်း    မုသားမပါ လကာင်္မချောဆိုတဲ့      စကားအတိုင်းပဲ စိတ်ညစ်လှပါ့တယ်..။   ချစ်သူ့ရယ် ငါတို့နှစ်ယောက်ကြားမှာရှိတဲ့    မုသားတစ်ခုဟာ ဘယ်သူလာ ဖြေရှင်းပေးနိုင်မှာလဲ   ကျေနပ်ပါ့တယ်ကွာ မင်းဆီက အချစ်မရရင်တောင်    အမုန်းမရခဲ့တာကို ကျေးဇူးတင်လှပါ့ပြီ    တခြားသူတွေ မုန်းခွှင့်ရှိပါ့တယ်       ဒါပေမယ့် မင်းမမုန်းလိုက်ပါနဲ့     ငါ့အချစ်တွေက မင်းအတွက်       အမုန်းဖြစ်စေလို့ လာ ...ကဗျာတစ်ပိုဒ်လောက်ပေးချင်သေးတယ်   " စိတ်ညစ်သူရဲ့ အလွမ်း     ဘယ်သူက လာနမ်းမှာလဲ     တမ်းတသူရဲ့ အချစ်...     ဘယ်နေရာမှာ သိုလှောင်ရမလဲ    ...

ချစ်ခြင်းတရားရဲ့ နောက်ကွယ်

`မေ့လိုက်ပါလို့ ´´ရေးခဲ့တဲ့စာသား ငါ့မျက်လုံးအိမ်ထဲမှာ......... အခါခါမြင်ယောင်ပြီး ကြေကွဲမှုတွေ....... ရင်နဲ့ မဆံ့ပါဘူး။။။။။။။။ မင်းနဲ့ ငါပျော်ရွင်ဖွယ်ကောင်းတဲ့ အတိတ်ရဲ့အချိန်တွေက..... နည်းခဲ့ပေမဲ့ ရင်ထဲမှာ အချိန်တိုင်းမြင်ယောင်ဆဲပါ။။။။။ မိန်းမတယောက်ရဲ့ ဂုဏ်သိက္ခာကို ၀ပ်ဆင်းပြီး အောက်ကျနောက်ကျ တောင်းပန်တတ်တဲ့ လူသားထဲမှာ..... ငါဘယ်တော့မှမပါဘူး။။။။။ ခံစားရလွန်းလို့  ရူးသွပ်သွားပါစေ ဘယ်တော့မှဖွင့်မပြောဘူး ရင်ကွဲပြီး......သေသွားပါစေ ဝေဒနာကို.....ရင်မှာပိုက်လို့  တယောက်ထဲ.....ကြိတ်ခံစားမယ် ဒီပွဲမှာ......မင်းနိုင်ပါတယ်။။။။။။။။ တံခွန်

နှုတ်ဆက်ခြင်းရဲ့ အဓိပ္ပါယ်(ဇာတ်သိမ်းပိုင်း)

တာတာ့လို့  လက်ပြခွင့်မရတဲ့...... သေခြင်းတရားရဲ့ အဓိပ္ပါယ်တစ်ခုနဲ့........ တွေ့ ကြုံလာခါမှ....... ၃နဲ့ ၄လို ကျော့ခိုင်းခြင်း.... အဓိပ္ပါယ် တစ်ခုနဲ့............ နင်နဲ့ ငါ............ လမ်းခွဲမယ်လို့ ဆုံးဖြတ်ထားခဲ့တာ.........။ မခွဲချင်ပါသော်လည်းခွဲခွါ.......... မဆုံချင်ပါသော်လည်း ဆုံဆည်းခွင့်တွေကို............ ဖန်တီးပေးခဲ့တာဟာလည်း............. ကံတရားရဲ့ ........... အဓိပ္ပါယ်တစ်ခုပေါ့ဟာ..............။ နင်ဟာလေ.......... ငါ့ရဲ့ နှလုံးသားထဲကို............. မဖိတ်ခေါ်ဘဲ ရောက်လာပြီး........ မနှင်ထုပ်ဘဲ ထွက်ပြေးသွားခဲ့တာဆိုတော့ အိပ်မက်ရဲ့ ............ အဓိပ္ပါယ်တစ်ခုပေါ့ဟာ.......။ ချစ်တတ်လာတဲ့ ............... ငါ့ရဲ့ နှလုံးသားဟာ...... အိပ်မက် တစ်ခုသာ ဖြစ်ခဲ့ရတယ်ဆိုတာ................။

ဗလာနဲ့အိမ်မက် ကဗျာစုလေးများ

(၁) အိမ်မက် အိပ်နေရင်းပြုံးခဲ့ရတာ အကြိမ်ကြိမ် ဒါပေမယ့်တစ်ခါမှ ပြုံးပြီးမအိပ်ခဲ့ရဘူး။ (၂) ဗလာ ဘာမှမရှိဘူး ဒါပေမယ့် အဲ့ဒီမှာ တစ်ခုခုတန်ဖိုးရှိနေတယ် သေချာတယ် အဲဒီတန်ဖိုးက ဘာမှမရှိဘူး။ (၃) အချစ် မျှော်ရတာမောတယ် ဒါပေမယ့် ပြေးလိုက်ရတာပိုမောတယ်။ (၄) ချစ်ခဲ့ရတဲ့သူ၊ အူခဲ့ရတဲ့တစ်ညတာ ပြန်တွေးမိရင် အိပ်မက်ထဲမှာတောင် လန့်လန့်နိုးနေဆဲ ဘယ်သူအကြောင်းလဲတော့ ဘယ်တော့မှမမေးနဲ့။ (၅) အိမ် ဖိနပ်ချွတ်ပြီးတာနဲ့ ဖုန်တက်နေတဲ့ကြမ်းပြင်ကို နင်းမိတယ် ဒီနေ့လဲ ကန်စွန်းရွက်နဲ့ ငပိရည်ကျိုပဲနေမှာပါလေ။ (၆) စစ်ပွဲ မြွေလဲသေခဲ့ပြီ တုတ်လဲကျိုးခဲ့ပြီ အိပ်ပျော်နေတာခုထိမနိုးသေးဘူး။ (၇) ကျောင်းတုန်းကသူငယ်ချင်းလေး ရင်ခုန်ခဲ့ရသလိုပဲ ရင်ခုန်တယ် ရင်ခုန်ခဲ့တယ် ခုထိရင်ခုန်တုန်း။ (၈) ပုရွက်ဆိတ်အုံ မာနတစ်ခုပဲ ရန်မစရင်ရှိမှန်းတောင်မသိရဘူး ကျူးကျော်စော်ကားမိရင်တော့ အသက်ပေးဖို့ဝန်မလေးတဲ့ မာန။ (၉) ဇာတိမြို့ကလေးမှာနှင်းတွေေ၀၀ါးတယ် စိုစွတ်တယ် အေးချမ်းတယ် ပြန်ရောက်နိုင်မယ်မထင်တော့ဘူး ရွှေခြေကျင်းမြို့အထက်က ငါ့ဇာတိကို။ (၁၀) စိတ်ကူးယဉ်သူ မီးညှိတယ် ဖွာတယ် ရှိုက်တယ် ပြန်မှုတ်ထုတ်လိုက်တယ် စိတ်ကူး၊အိမ်မက် ၊ မျှော်...

ကျောင်းဖွင့်ချိန်

Image
အခါဝသာန်အချိန်မှန်ရောက်ပြီမို့ မိုးသေးငယ်ဖြောက်ဖြောက်ရွာ မြေသင်းနံ့သင်းပျံ့မွှေးချိန်တွင် ပေါ်ကဖြူအောက်ကစိမ်းကျောင်းသားကျောင်းသူ ကြည့်ရင်သည်လူ ငယ်ဘ၀ကိုလတမ်းမိတယ်လေး သူတို့ကိုကြည့်ရင်းမကြာခင်စာသင်ရမယ်နင်တို့သည် နောက်နာဂတ်တက်လူတွေပ ကျောင်းဆိုတဲ့ပညာဘဏ်တိုက်ကြီးဆီသို့ ချီတက်ကာပညာကိုကြိုးစားသင်လိုက်ပါ နောက်တစ်ခောတ်မှဓူဝံဖြစ်မယ်ကွယ့်အားတင်းလိုက်စမ်း