မင်းနဲ့အတူတူ

တကယ်လို့တစ်နေ့မှာ မင်းငိုချင်တဲ့အခါ င့ါကိုခေါ်လိုက်ပါ
မင်းကို ရယ်မောစေရမယ်လို့ ငါကတိမပေးနိုင်ပေမယ့်
မင်းနဲ့အတူ ငါလိုက်ငိုနိုင်ပါတယ်...

တကယ်လို့တစ်နေ့မှာ မင်းအဝေးတစ်နေရာကို
ထွက်ပြေးသွားချင်တဲ့အခါ ငါ့ကိုခေါ်ဖို့ ကြောက်ရွံ့မနေပါနဲ့..
မင်းကို ထွက်မပြေးစေဖို့ ငါကတိမပေးနိုင်ပေမယ့်
မင်းနဲ့အတူလိုက်ပြေးနိုင်ပါတယ်...

တကယ်လို့တစ်နေ့မှာ ဘယ်သူ့စကားကိုမှ
မင်းနားမထောင်ချင်တော့တဲ့အခါ ငါ့ကိုခေါ်ပါ...
မင်းနဲ့အတူငါရှိနေပြီး မင်းဘေးနားမှာ ငြိမ်ငြိမ်လေးနေနေပါ့မယ်လို့
ငါကတိပေးပါတယ်...

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်