လယ်တီဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ



~~~~~~~ လယ်တီဆရာတော်၏ နွားမေတ္တာစာ ~~~~~~~~

လူတို့ လို တီတာတာ ၊ မပြောတတ် ရှာကြလို့ 

ငုတ်တုတ်သာ မပြန်လှန် ၊ပြုသမျှ ခံရသည်

ဌာန်ကရိုဏ်း ပြတ်သား ၊နှုတ်လျာများ တတ်အားလျှင်

နွား တို့ ဆိုရန် ၊ ခွင့်ရှိသည် အမှန်မှာ...

မြန်မာနှင့်ကုလား ၊နှစ်ပြည်ထောင် တိုင်းသားတို့ 

ဖြစ်ပွားသည့် တွက်တာသည် ၊ ငါတို့ မှာသတ္တု

သူတို့ ဘေး သူတို့ ဘိုး ၊ သူတို့ နွယ်တစ်ရိုး

တစ်မျိုးလုံးတစ်ဆွေလုံး ၊ သူတို့ တိုင် မဆုံး

ဒို့ တစ်တွေ ပုခုံးမှာ ၊ မီးဟုန်းဟုန်း ထမတတ်

ဒို့ လုံ့ လ ဒို့ စွမ်းအန် ၊ ဒို့ အပင်ပန်းခံနိုင်လို့ 

အကုန်လုံး စုချေသည် ။

ဆန်စပါး ပြောင်း နှမ်း ၊ ဗူး ခရမ်း ပဲမျိုး

မြေပြင်လုံး ဖြိုးမောက်အောင် ၊ တိုးတက်သည့် ဘဏ္ဍနှင့်

လိုရာတိုင်း ပြည့်စုံ ၊ ကုံလုံကြအသီးသီး

ကျောင်းကြီးဆောက် ဘုရားတည်

တစ်တိုင်းလုံးကြွယ်သည်မှာ ၊ ဘယ်သူက အရင်းဟု

စဉ်းစားဖွယ်မရှိ ၊ထင်အလင်း သိပါလျှက်

သတိပင်မပေါ် ၊ ကျေးဇူးကို မမျှော်........

စိတ်အချော် တိမ်းပါး ၊ မိတ်မတော် စိမ်းကားလျက်

ဒို့ အသား ဒို့ အသဲ ၊ဒို့ အဆီ ရွှဲရွှဲကို

ထမင်းပွဲ အလယ် ၊ အနင့်သားတယ် ပြီးလျှင်

ရယ်ကာနှင့်ပြုံးကာ ၊ အရသာ ခံစား၍

လင်မယားတတွေ ၊ မြုံ့ကြသည့် အနေမှာ

မြဲနိုင်ပေ့ သူတို့ ကိုယ် ၊ မျိုရက်ပေ့ သူ့ ခံတွင်း

ဒို့ . လုပ်သည့် ထမင်းကို ၊ဒို့ ဟင်းလျာ အသားနှင့်

စားကြသည့် ဖြစ်နဲကို ၊ ဒို့ အသဲနာလိုက်ကဲ့......
 

Photo: ~~~~~~~ လယ်တီဆရာတော်၏ နွားမေတ္တာစာ ~~~~~~~~ လူတို့ လို တီတာတာ ၊ မပြောတတ် ရှာကြလို့  ငုတ်တုတ်သာ မပြန်လှန် ၊ပြုသမျှ ခံရသည် ဌာန်ကရိုဏ်း ပြတ်သား ၊နှုတ်လျာများ တတ်အားလျှင် နွား တို့ ဆိုရန် ၊ ခွင့်ရှိသည် အမှန်မှာ... မြန်မာနှင့်ကုလား ၊နှစ်ပြည်ထောင် တိုင်းသားတို့  ဖြစ်ပွားသည့် တွက်တာသည် ၊ ငါတို့ မှာသတ္တု သူတို့ ဘေး သူတို့ ဘိုး ၊ သူတို့ နွယ်တစ်ရိုး တစ်မျိုးလုံးတစ်ဆွေလုံး ၊ သူတို့ တိုင် မဆုံး ဒို့ တစ်တွေ ပုခုံးမှာ ၊ မီးဟုန်းဟုန်း ထမတတ် ဒို့ လုံ့ လ ဒို့ စွမ်းအန် ၊ ဒို့ အပင်ပန်းခံနိုင်လို့  အကုန်လုံး စုချေသည် ။ ဆန်စပါး ပြောင်း နှမ်း ၊ ဗူး ခရမ်း ပဲမျိုး မြေပြင်လုံး ဖြိုးမောက်အောင် ၊ တိုးတက်သည့် ဘဏ္ဍနှင့် လိုရာတိုင်း ပြည့်စုံ ၊ ကုံလုံကြအသီးသီး ကျောင်းကြီးဆောက် ဘုရားတည် တစ်တိုင်းလုံးကြွယ်သည်မှာ ၊ ဘယ်သူက အရင်းဟု စဉ်းစားဖွယ်မရှိ ၊ထင်အလင်း သိပါလျှက် သတိပင်မပေါ် ၊ ကျေးဇူးကို မမျှော်........ စိတ်အချော် တိမ်းပါး ၊ မိတ်မတော် စိမ်းကားလျက် ဒို့ အသား ဒို့ အသဲ ၊ဒို့ အဆီ ရွှဲရွှဲကို ထမင်းပွဲ အလယ် ၊ အနင့်သားတယ် ပြီးလျှင် ရယ်ကာနှင့်ပြုံးကာ ၊ အရသာ ခံစား၍ လင်မယားတတွေ ၊ မြုံ့ကြသည့် အနေမှာ မြဲနိုင်ပေ့ သူတို့ ကိုယ် ၊ မျိုရက်ပေ့ သူ့ ခံတွင်း ဒို့ ....လုပ်သည့် ထမင်းကို ၊ ဒို့ ဟင်းလျာ အသားနှင့် စားကြသည့် ဖြစ်နဲကို ၊ ဒို့ အသဲနာလိုက်ကဲ့......

ဖော်ပြပါစာသည် အကျဉ်းမျှသာဖြစ်ပါသည်။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (အပြည့်အစုံ) ဖတ်ရှူလိုပါက လယ်တီဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (အပြည့်အစုံ)

 

                                                                  လေးစားစွာဖြင့်    ....    မောင်မြင့်


Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်