မလေးရှားနိုင်ငံ မှ မြန်မာပြည်သားလုပ်သားများအတွက် သက်ဆိုင်သူများသိစေရန် SHARE ပေးကြပါ

အများသိစေရန် SHARE ပေးကြပါ.... ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ...

မလေးရှားနိုင်ငံ၊ ကူးလင်းမြို့တွင် ၄-၈-၂၀၁၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မြန်မာပြည်သားများ လုပ်ကိုင် နေ သည့် စက်ရုံ တွင်ပေါက်ကွဲမူ့ တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။
 
စက်ရုံ မှာ (ဂတ်စ်)ဖြည့်သည့် လုပ်ငန်း ဖြစ်ပါတယ်။ ဖြစ်ပွားချိန်တွင် မြန်မာပြည်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒဏ်ရာ ရရှိသူများမှာ ဇော်မျိုးခိုင် - မကွေးတိုင်၊ ရေစကြိုမြို့နယ်၊ အောင်သာရွာ မှဖြစ်ပြီး ကိုဇော်လင်း မှာပုဂံ
ညောင်ဦးခရိုင်၊ ငါးသရောက်မြို့နယ်၊ ထန်းငယ်တော ရွာကလိုသိရပါတယ်။
 
ကိုကရင်၊ မိုးလွင်၊ ကိုထွန်း ဆိုသူ ၃ ဦးမှာ ဘယ်နယ်က ဆိုတာ စုံစမ်း နေတုန်းပါ။
 
 
ကိုဇော်လင်း ဆိုသူမှာ ၈-၈-၂၀၁၂ ရက်နေ့တွင် ပီနန်း ဆေးရုံးကြီးတွင် သေဆုံး သွားပါတယ်။
 
၁၁-၈-၂၀၁၂ ရက်နေ့တွင် ဇော်မျိုးခိုင် ဆိုသူမှာလဲ အလော့စတား ဆေးရုံတွင် သေဆုံး သွားပြန်ပါတယ်။
 
၁၂ - ၈ -၂၀၁၂ ရက်နေ့တွင် ကူးလင်းဆေးရုံ တွင် ကိုကရင် နှင့် မိုးလွင် တို ထပ်မံသေဆုံး သွားပြန်ပါတယ်။
 
 
သေဆုံးသွားသူ (၄) ဦးအား နာရေးကူညီမူ့ အသင်း (ပီနန်း - မလေးရှား)မှ တာဝန်ယူဆောင် ရွက်ပေးမှာ ဖြစ် ပါတယ်။ ကျန် (၃)ဦး ကိုဘယ်နယ်က ဆိုတာ သူငယ်ချင်းများ ခင်မင် ရင်နှီးသိရှိပါက အမြန်ဆုံး ဆက်သွယ်ပေး ကြပါ ခင်ဗျာ။
 
ဆက်သွယ်ရန်= ကိုပုပ္ပါး (ခ) ကိုဝင်းသန်းထွန်း (နာရေးကူညီမူ့အသင်း၊ ရုံးတာဝန်ခံ) ဖုန်း-၀၁၂-၄၉၉၉ ၅၆၁----၀၁၀-၃၉၂၉ ၅၈၀ သို့ ဆက်သွယ်ပေးကြပါ ခင်ဗျာ။
 
 
မိတ်ဆွေ သူငယ်ချင်း အပေါင်းမှ လဲ အများသိစေရန် share ပေးကြပါ ခင်ဗျာ။
 

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်