အင်တာနက်မှာ မိနစ် 20 အချိန်ပေးပြီးငွေရှာနည်း နှင့် PayPal Account သစ်ဖောက်နည်;
မင်္ဂလာပါခင်မျာ..ကျနော် အရင်တစ်လောကဘဲ Nerdbux ကနေတစ်ကယ်ငွေထုတ်လို့ရခဲ့တဲ့အတွက် ပုံနှင့်
တကွ အားလုံးကိုတင်ပြခဲ့ပြီပါပြီ ဒီကနေ့ မနက် 1 နာရီ (5.9.2013 ) အချိန်မှာတော့ The-Bux လို့ခေါ်တဲ့
ငွေရှာတဲ့ဆိုဒ်တစ်ခုကနေ ငွေ 4 $ထုတ်ကြည့်ရာ အဆင်ပြေပြီးတကယ်ထုတ်လို့ရခဲ့ပါတယ်ခင်မျာ..ဒါကြောင့်
အသစ်ဖြစ်တဲ့အတွက် မိတ်ဆက်ပေးလိုက်ပါပြီ..တစ်နေ့ကို 20 မိနစ်လောက်ဘဲအချိန်ပေးရတာပါ... ကျနော်စမ်းလုပ်နေတာ နှစ်ပတ်ဘဲရှိပါသေးတယ်.. ဒီလိုငွေရှာနည်းကိုသုံးမယ်ဆိုရင် မိမိရဲ့ကွန်ပျူတာတစ်လုံးတည်းမှာဘဲ..မိမိရဲ့အကောင့်တစ်ခုတည်းသာဖွင့်သုံးပါ...အခြားသောအကောင့်တွေ
..ဒါမှမဟုတ် အကောင့် နောက်ထပ်တစ်ခုထပ်ဖွင့်ပြီးသုံးခြင်းရှောင်ပါ Suspended လုပ်ခြင်းခံရတတ်ပါတယ်..
ဒီအင်တာနက်လိုင်းနဲ့သုံးတယ်ဆိုရင် ဒီအင်တာနက်လိုင်းနဲ့ဘဲ အသုံးပြုပါ...အထူးသဖြင့် ဒီလိုနည်းတွေက
ကိုယ်ပိုင်အင်တာနက်ရှိသူတွေအတွက် အရမ်းကိုအဆင်ပြေလွယ်ကူပါတယ်..ဖုန်းနဲ့လည်း လုပ်လို့၇ပါတယ်...ဒါကြောင့် အင်တာနက်မှာ တစ်နေ့ကို မိနစ် 20 လောက်ပဲအချိန်ပေးလိုက်ပါ..တကယ်
ကိုရလို့ ဖြန့်ဝေပေးနေရခြင်းဖြစ်ပါတယ်.. တစ်ခုမေးစရာရှီလာပါတယ်..ငွေဘယ်လိုထုတ်မလဲဆိုတာပေါ့..
ဟုတ်ကဲ့... PayPal ကနေငွေထုတ်ပါ့မယ်..ဘယ်လိုထုတ်မလဲဆိုတော့ www.shwemoney.com မှာအသေး
စိတ်စုံစမ်းနိုင်ပါတယ်..ကျနော်တို့လည်း အဲဒီကိုဆက်သွယ်ပြီးငွေထုတ်ကြတာမလို့ပါ..အိုကေ.. အခု
ကျနော်ငွေတစ်ကယ်ထုတ်လို့ရခဲ့တဲ့ဆိုဒ်ကတော့ The Bux ဆိုတဲ့ဆိုဒ်ဘဲဖြစ်ပါတယ်ခင်မျာ.... ယုံယုံကြည်
ကြည်နဲ့ တစ်လနီးပါးလောက်စိတ်ရှည်ရှည်ထားပြီးလုပ်ပါ..ကျွန်တော်တို့ကလည်း ဒါတွေကိုစိတ်ဝင်စားတဲ့
အတွက်အမြဲစမ်းသပ်တယ်..စမ်းသပ်လို့အိုကီတယ်ဆိုရင် အများပြည်သူထံချပြလိုက်တာပါ..ပြီးတော့ ဒီလိုနည်းလမ်းတွေရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ရင်းနှီးစေချင်တဲ့သဘောပါ..ကဲစလိုက်ကြရအောင်
အိုကေ အရင်ဆုံး Register လုပ်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။

Register ကို နှိပ်ပြီးပါက အောက်က ပုံအတိုင်း ပုံစံ ဖြည့်ပေးလိုက်ပါ ။

Full Name မှာ သင်အသုံးပြုမည့်နာမည်ပေါ့။ ဥပမာ maungmaung ပေါ့။ Username မှာလဲ Full Name မှာ သုံးတဲ့ နာမည်ကို ပြန်ထည့်ပါ စာလုံးများကို ဆက်ရေးပါ။ Password နဲ့ Confirm Password ကို ကြိုက်ရာ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားပေါ့နော့ ။E-mail Address နဲ့ Confirm E-mail Address မှာ သင်အသုံးပြုမည့် Gmail ကို ထည့်နိုင်ပါတယ်။ Referrer မှာတော့ ဘာမှ ထည့်စရာ မလိုပါဘူး သူဖာသာသူ ဖြည့်ထားပြီးသားပါ။
Pyament Account နေရာမှာ နှစ်ခု ထဲက တစ်ခုရွေးချယ်ပြီး ထည့်နိုင်ပါတယ် ဒါက ပိုက်ဆံ ထုတ်ဖို့ အကောက် ဖြစ်ပါတယ် Payza အကောက်တို့ PayPal အကောက်တို့ မရှိပါက လက်ရှိ Register လုပ်ထားတဲ့ Email ကို ယာယီ ထည့်ထားနိုင်ပါတယ် နောက်မှ ပြန်ပြောင်းလို့ ရပါတယ် ။ အားလုံးပြီးစီးသွားပါက The-Bux ကနေပြီးတော့ သင့် Email ထဲသို့ Mail တစ်စောင် ပို့ထားပါမယ် ဖွင့်ကြည့်ပြီးတော့ သူပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း သင့်ရဲ့ Username နဲ့ ID No တို့ကို တွေရပါမယ်။ Send ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သင်ဟာ Mamber တစ်ယောက် ဖြစ်သွားပါပြီ ။

Send ကို နှိပ်ပြီးပါက သင့်ရဲ့ အကောက်က active ဖြစ်သွားပါပြီ ။ ကဲ Login ဝင်ပြီးတော့ လုပ်ငန်း စလိုက်ကြပါစို့ ။ Login ဝင်ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း မိတ်ဆွေရဲ့ Account Pag ထဲကို ရောက်သွားပါပြီ ။ဒါကတော့ ကျွန်တော် အကောက်ပါ ။

အကောက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ကြော်ငြာ များ ကလစ်ရန် View Ads ကို နှိပ်ပါ။

ပုံမှာ ပြထားတဲ့ အတိုင်း ကြော်ငြာ များ ရှိတဲ့နေရာကို ရောက် သွားပါပြီ ။ ကြော်ငြာ ကြည့်ရန် အတွက် အပေါ်က ခေါင်းစဉ်ကို နှိပ်ပါ ။ နှိပ်ပြီးပါက အောက်က ပုံအတိုင်း နောက်စာမျက်နှာ တစ်ခုကို ကူးသွားပါ့မယ်

ရောက်ရှိသွားတဲ့ စာမျက်နှာ ကိုဘဲ ကြည့်ပါ ။ တခြား စာမျက်နှာ ကူလိုက်ပါက ကြော်ငြာ ကြည့်တာ အလုပ်မလုပ်ဘဲ ပိုက်ဆံ မရ ဖြစ်တက်ပါတယ် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း အစိမ်းတန်းလေး အချိန်ပြည့်အောင် စောင့်လိုက်ပါ ။ အချိန်ပြည့်ပါက အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ပုံသေးလေး ငါးပုံ ပေါ်လာပါမယ် ။ ဇောက်ထိုး ဖြစ်နေတဲ့ ပုံ လေးကို နှိပ်လိုက်ပါ။

အောက်က ပုံအတိုင်း အမှတ်ခြစ်လေးနဲ့ Thanks for watching! ပေါ်လာရင် အဲ့ဒီ စာမျက်နှာကို ပြန်ဖျက်လို့ ရပါပြီ။

အဲ့ဒီအတိုင်းဘဲ ရှိသမျှ ကြော်ငြာတွေကို ကုန်အောင် ကလစ်လိုက်ပါ။ ကြော်ငြာ အသစ်တွေကိုတော့ နောက်နေ့မှ ပြန်ချပေးပါ့မယ်။ The Bux မှာ ကြော်ငြာ ကလစ်ခြင်း အပြင် တခြား နည်းလမ်းဖြင့်လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ ကြော်ငြာ ကလစ်တာကို အချိန်တစ်ခု သက်မှတ်ပြီး ကလစ်မယ် ဆိုရင်တော့ ပို ကောင်းတာပေါ့။ ကြော်ငြာ ကလစ်ပြီးပြီ ဆိုရင် အပေါ်ဘက်က Account ဆိုတာလေးကို နှိပ်လိုက်ပါ။

ပုံမှာ ပြထားတဲ့ အတိုင်း မိတ်ဆွေ တို့ရဲ့ အကောက် ထဲကို ရောက်ရှိသွားပါမယ် ။ ဒါကတော့ ကျွန်တော့် အကောက်ပေါ့။ Account Page ထဲ ရောက်တဲ့အခါ Account Balance မှာ ဒီနေ့ ကလစ်လို့ ရတဲ့ ကြော်ငြာခ တွေကို တွေ့ရပါလိမ့်မယ် ။ အခုမှ စလုပ်တဲ့ သူတွေကတော့ $0.060 လောက်ဘဲ ရဦးမှာပါ။ နောက်တနည်း Video ကြည့်ပြီး ပိုက်ဆံ ထပ်ရှာပါ့မယ် ပုံမှာ ပြထားတဲ့ အတိုင်း WHTCH VIDEOS ဆိုတာလေးကို ကလစ်လိုက်ပါ။

လောလောဆယ်တော့ Video တစ်ခု ရှိနေပါတယ် ။ တစ်ခါတလေ နှစ်ခု ရှိပါတယ်။ တခါတလေလဲ တစ်ခုမှ မရှိပါဘူး ။ အချိန်လဲ ဘယ်လောက်မှ မကြာပါဘူး ဗီဒီယို ကို ပြီးအောင် ကြည့်တာက ကောင်းပါတယ်။ ပြီးသွားရင်တော့ အကောက်ထဲကို ပိုက်ဆံ ရောက်ရှိသွားပါပြီ။
နောက်ထပ် ပိုက်ဆံရှာတဲ့ နည်းကတော့ ကံစမ်းမဲ နှိုက်သလိုပါဘဲ အချိန်ရတဲ့ လူတွေ လုပ်ပါလို့ အကြံ ပေးချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကံစမ်းမဲ ပေါက်လွယ်လို့ပါ ။ ကျွန်တော်တောင် တော်တော် ပေါက်ပြီး သွားပြီ။ :D

ကံစမ်းမဲ နှိုက်ရန် ပုံမှာ ပြထားတဲ့ အတိုင်း Account page ၏ဘယ်ဘက်တွင်ရှိသော Earn Money menu tab The Grid ကိုနှိပ်လိုက်ပါ။

ပုံမှာ ပြထားတဲ့ အတိုင်း အကွက်တွေ အများကြီးနဲ့ ပုံဆီ ရောက်သွားပါ့မယ်။ ကြိုက်ရာ အကွက်ကို ရွေးနှိပ်လိုက်ပါ ။ ကံကောင်းချင်ရင်တော့ 2 $ ခွဲအထိ ပေါက်နိုင်ပါတယ်။ တစ်နေ့ကို ကံစမ်းမဲ အကြိမ် နှစ်ဆယ် နှိုက်ခွင့် ရှိပါတယ်။

ဒီစာတန်းက မဲပေါက်တာပါ။ :D 1000 နော် ပေါက်တာ ...

ဒီလို ဒီလို မဲပေါက်တာပါ ။

မဲနှိုက်ရတာ အရမ်း တန်ပါတယ် ။ အချိန်ရရင် မဲနှိုက်ကြပါ။ မနှိုက်မနေရလို့တော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။

The Bux မှာနောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ points မှ cash သို့ ပြောင်းခြင်းပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း နှိပ်ကြည့်လိုက်ပါ။

ကလစ်အချက်ရေ ၁၀၀၀ ကို ၁ဒေါ်လာနှင့် လဲနိုင်ပါတယ်။
နောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ ရှယ်ယာ (Referral) ဝယ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကတော့ PTC သမားတိုင်း လုပ်ကို လုပ်ရမဲ့ အလုပ်ပါ ။ ကိုယ့်ကို အဓိက ပိုက်ဆံ ရှာပေးမှာကတော့ referral ပါဘဲ ။ Referral ဘယ်လို ဝယ်ရမလဲ ဆိုတော့ အရင်ဦးဆုံး မိတ်ဆွေတို့မှာ $0.1500 ရှိဖို့ လိုအပ်ပါတယ် ။ $0.1500 ဆိုတာ ကျွန်တော်တို့ ကြော်ငြာ သုံးရက် ကလစ်စာပေါ့ ။ ကံကောင်းတဲ့လူဆိုရင်တော့ နှစ်ရက်တည်းနဲ့ ရနိုင်ပါတယ်။ ရှယ်ယာ(Referral) ဝယ်ဖို့အတွက် အရင်ဦးဆုံး လုပ်ရမှာက ရသမျှ ဝင်ငွေကို Purchase balance ထဲသို့ ပြောင်းပြောင်းပြီး ထည့်ပေးထားရပါမယ်။ Purchase balance မှာ $0.1500 ရမှ ရှယ်ယာ ဝယ်လို့ ရပါမယ်။ Purchase balance ထဲကို ငွေ ပြောင်းဖို့ အတွက် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Add funds ဆိုတာကို နှိပ်လိုက်ပါ။

Add funds ကို နှိပ်လိုက်ပါက အောက်က ပုံအတိုင်း ပေါ်လာပါမယ်။ Account Balance ကို ရွေးချယ်လိုက်ပါ။

Account Balance ကို ရွေးပြီးပါက amount မှာ ကိုယ်ပြောင်းမဲ့ ငွေပမာဏကို ရိုက်ထည့်ပါ။ ဥပမာ $0.054 ပေါ့။

အနည်းဆုံး ပြောင်းလို့ ရကတော့ $0.01 ပါ။ မိတ်ဆွေတို့မှာ ရှိနေတဲ့ ငွေ ပမာဏကို ရိုက်ထည့်ပြီး Send ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် account balance ထဲမှာ လက်ကျန်ငွေ မရှိတော့ပေမဲ့ Purchase balance မှာ ငွေရောက်သွားပါပြီ။ အဲ့ဒီနည်းအတိုင်းဘဲ နေ့တိုင်းနေ့တိုင်း ရသမျှ ငွေတွေကို Purchase balance ထဲသို့ လွဲထည့်ထားပါ။ သုံးရက်လောက် လုပ်ပြီးပါက မိတ်ဆွေတို့ဆီမှာ $0.1500 အထက် ရှိနေပါပြီ ။ ဒါဆိုရင် ရှယ်ယာ ဝယ်နိုင်ပါပြီ။ Referral (ရှယ်ယာ) ဝယ်ရန်အတွက် အောက်က ပုံမှာပြထားတဲ့အတိုင်း Account page တွင်ရှိသော Rent Refs ဆိုတာလေးကို နှိပ်လိုက်ပါ။

အောက်က ပုံအတိုင်း ပေါ်လာပါမယ်။

Referrals တစ်ခုရဲ့ ဈေးနှုန်းက $0.1500 ဖြစ်ပါတယ်။ အများနှင့်ဝယ်တဲ့အခါလည်း တစ်ခုချင်း ဈေးနှုန်းနှင့် အတူတူပါပဲ ။ အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဘဲ ရသလောက် ဝယ်သွားပါ့မယ်။ ငွေပမာဏလည်း လုံလောက်တဲ့အတွက် Referrals ဝယ်ရန် Rent Now! ကို နှိပ်လိုက်ပါ။

Referrals ဝယ်ပြီးတဲ့အခါ Account ကိုပြန်သွားလိုက်ပါ။ Rented Referrals နေရာတွင် ဝယ်ထားတဲ့ Referrals အရေအတွက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ Referrals(ရှယ်ယာ)တွေ ဟာ အလုပ်မလုပ်သေးပါဘူး ။ သူတို့ကို Auto အလုပ်လုပ်အောင် ပြောင်းရပါမယ်။

ဝယ်ထားတဲ့ Referrals(ရှယ်ယာ) တွေကို Auto အလုပ်လုပ်ခိုင်းရန်အတွက် ဘယ်ဘက်တွင် ရှိသော Referrals ဆိုသော Menu tab မှ Rented Referrals ကို နှိပ်လိုက်ပါမယ် ။ (PTC site များတွင် Referrals(ရှယ်ယာ) တစ်ခါ ဝယ်ပြီးတိုင်း နောက်ထပ်ဝယ်ဖို့ ၇ ရက်စောင့်ရပါတယ်။ )

AutoPay မှာ Disable ဖြစ်နေပါတယ်။ အဲ့ဒါကိုပြောင်းဖို့ click here to change it ကို နှိပ်လိုက်ပါ။
ကျွန်တော့်ပုံမှာ ပြထားတာကတော့ ကျွန်တော် Enable ပြောင်းထားပြီးသားမို့ပါ။
AutoPay မှာ Enable ဖြစ်သွားတဲ့အတွက် Referrals(ရှယ်ယာ)တွေ အလုပ်လုပ်ရန် အသင့်ဖြစ်သွားပါပြီ။ လက်ကျန်ရက်၊ ကလစ် ပေးထားတဲ့ အရေအတွက် ၊ ဝင်ငွေ ၊ စတဲ့အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။

ပိုက်ဆံတွေ များလာတဲ့ အခါ မထုတ်သေးပါဘူး ။ Referrals အရေအတွက် 2000 မှ 7000 အထိရတဲ့ Ultimate member အဆင့်ထိရောက်အောင် တဖြည်းဖြည်းပဲ ပိုက်ဆံ စုပြီး ဝယ်သွားပါ့မယ်။ ငွေထုတ်တဲ့အခါ Paypal account မှ ထုတ်ယူနိုင်ပါတယ်။ (PayPal account လျှောက်နည်းကို ဒီမှာ လေ့လာလိုက်ပါ)
သတိထားရမှာက Referral တစ်ခုရဲ့ AVG ကို အနည်းဆုံး 2.00 ကျော် လောက်ရှိနေရပါမယ်။ မိတ်ဆွေတို့ကိုယ်တိုင် နေ့စဉ်ကြော်ငြာတွေ ကုန်အောင်ကလစ်မယ်ဆိုရင် Referrals တွေကလည်း ပုံမှန် ဖြစ်နိုင်ပါတယ်။ Avg=2.00 အောက်ကျနေတဲ့ Referrals ဆိုရင် တပတ်လောက်စောင့်ကြည့်လို့ Avg မတက်လာဘူးဆိုရင် လေးထောင့်ကွက်ကို အမှတ်ခြစ်ပေးပြီး ပေါ်လာတဲ့ အကွက် မှာ Recycle ရွေးပေးလိုက်ပါ ။ Avg ပြန်တက်လာပါလိမ့်မယ်။

ကဲဒီလောက်ဆို ပြောပြထားတာ တော်တော် လုံလောက်နေပါပြီ ။ Account upgrade လုပ်တာတို့ Direct Referrals / Downline ရှာတာတို့ ကိုယ်ပိုင် ကြော်ငြာ ထည့်တာတို့ နဲ့လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ် ဒါကိုတော့ အသေးစိပ် မပြောပြတော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင် လုပ်နေရင်နဲ့ တဖြည်းဖြည်း နားလည်လာမှာပါ ။ ကျွန်တော်တို့ ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Account upgrade လုပ်ပြီး နောက်ဆုံး Ultimate member ဖြစ်ဖို့နဲ့ ရှယ်ယာ အများဆုံး ဝယ်နိုင်ဖို့ ဖြစ်ပါတယ်။ ကြိုးစားပြီး ပုံမှန် အလုပ်လုပ် သွားမယ်ဆိုရင်တော့ ၁နှစ်ကျော် ၁နှစ်ခွဲမှာ ဖြစ်နိုင်ပါတယ်။
အရေးကြီးတဲ့ အပိုင်း ပိုက်ဆံ ဘယ်လို ထုတ်မလဲ ဆိုတာ ရှင်းပြပါ့မယ် ...

မိတ်ဆွေတို့ရဲ့ အကောက်မှာ ငွေတွေ များပြားလာလို့ ထုတ်ယူတော့မယ်ဆိုရင်တော့ Account page မှာရှိတဲ့ Global menu မှ Withdraw မှာထုတ်ယူနိုင်ပါတယ်။ The Bux ရဲ့ minimum payout က 3$ ပါ။ မိတ်ဆွေတို့ရဲ့အကောက်မှာ 3$ ရှိပြီဆိုရင် ထုတ်လို့ရပါပြီ။အများဆုံး ဒေါ်လာ ၂၅၀ ကို နေ့စဉ်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ဖို့ PayPal account / email တစ်ခုရှိရပါမယ်။..
ကဲ..ဒါကတော့ The Bux မှာငွေရှာနည်းအပြည့်အစုံပါဘဲ
အခြားတိကျသေချာတဲ့ ငွေပေးတဲ့ဆိုဒ်မှာရှာချင်သေးတယ်ဆိုရင်
Clixsense ဆိုတာရှိပါတယ် အနည်းငယ်ရှုပ်ထွေးတဲ့အသွင်အပြင်ရှိပေမယ့် ငွေပေးအလွန်တိကျပါတယ်
မန်ဘာဝင်ချင်ပါက ဒီမှာနှိပ်ပြီးဝင်နိုင်ပါတယ်။
နောက်တစ်ခု Clixzor ဆိုတာရှိပါသေးတယ် ကြော်ငြာများသလို..ငွေပေးလဲအရမ်းကိုများပါတယ်..ကျနော်စမ်းထုတ်ပြီးပါပြီခင်မျ.
မန်ဘာဝင်ချင်ပါက ဒီကိုနှိပ်ပြီးဝင်နိုင်ပါတယ်.. အကုန်လုံးကတော့ လုပ်ပုံလုပ်နည်းသဘောတရားအတူတူတွေချည်းပါဘဲခင်မျာ..အဆင်ပြေကြပါစေ။ ဒီဆိုဒ်သုံးခုကို Connection အနည်းငယ်မျှရှိရုံနဲ့လုပ်လို့ရပါတယ် ..The Bux ကတော့နည်းနည်းမြန်တာပေါ့..ကဲ.. PayPal
Account ဖောက်နည်းလေးစလိုက်ရအောင်...
PayPal Account ဘယ်လိုဖောက်မလဲ..

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။

နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။ တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။

Personal ကိုရွှေးပြီးကလစ်ပါ ။ Email address ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့ စာလုံးအကြီးတစ်လုံးပါပါစေ။

ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။

ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ

အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ အဆင်ပြေပါပြီ။ Security questions ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ Security questions မသိရင် ၀င်မရပါဘူး။
.png)
ဒါဆိုရင်တော့ အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။ မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။
PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။
Comments
Post a Comment