Zero Investment Strategy

Zero Investment Strategy

Probux ကို ဥပမာပေးပြီး ရှင်းပြပေးပါမယ်။ တနေ့တနေ့ကို အွန်လိုင်းမှာ မိနစ် ၂၀ ၀န်းကျင်လောက်တော့ အချိန်ပေးရပါလိမ့်မယ်။ ကိုယ့်အိတ်ထဲကနေ စိုက်ထုတ်ပြီး အလုပ်လုပ်ဖို့ မလိုပါဘူး။ တကယ်လို့ အကောင့်မရှိသေးဘူးဆိုရင် ဒီမှာ Register လုပ်လိုက်ပါ။

Probux မှာ အကောင့်လုပ်ပြီးတာနဲ့ ကြော်ငြာတွေ အားလုံးကို ကြည့်လိုက်ပါ။ 0.06$ လောက်ပဲ ရပါလိမ့်မယ်။ အဲဒီနေ့အဖို့ ကြော်ငြာကြည့်ဖို့ ပြီးပါပြီ။ ထပ်ပြီးတော့ ကြော်ငြာရောက်လာရင်လဲ သုံးလေးခု ၀န်းကျင်လောက်ပဲ ထပ်ရောက်လာလိမ့်မယ်။ 24 နာရီပြည့်တာနဲ့ ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက် နေပါလိမ့်မယ်။ အကုန်လုံးကို ကြည့်ပါ။ အဲဒီအတိုင်း ကြော်ငြာတွေကို 0.8$ လောက် ရတဲ့အထိ နေ့တိုင်း ပုံမှန်ကြည့်ကြည့်သွားပါ။

ရတဲ့ 0.8$ ကို main balance ထဲကနေ refer ၀ယ်ဖို့အတွက် rental balance ကို ရွှေ့လိုက်ပါ။ Rent refer မှာ refer 3 လိုင်း ၀ယ်လိုက်ပါ။ 0.6 $ ပဲ ကျပါလိမ့်မယ်။ တော်တော်များများက main balance ထဲမှာ 0.6$ ရရင်ကို refer 3 လိုင်း ၀ယ်ချင်နေကြပါတယ်။ အဲဒီလို မလုပ်ပါနဲ့။ တကယ်လို့ ၀င်ငွေကောင်းကောင်းမရလို့ ပြန်လဲချင်တယ်ဆိုရင် ဒါမှမဟုတ် ၀င်ငွေကောင်းလို့ ရက်တိုးချင်တယ်ဆိုရင် ငွေမရှိဘဲ ဖြစ်သွားတတ်ပါတယ်။

Rented referral page မှာ AutoPay ကို Enable လုပ်ထားလိုက်ပါ။ အဲဒါက အလုပ်ကောင်းကောင်း လုပ်တဲ့ refer တွေကို တစ်ရက်ထပ်ပြီး ပိုငှားလိုက်ဖို့အတွက်ပါ။ သူ့ဆီကနေ ၀င်ငွေရတယ်ဆိုရင် တစ်ရက်ပိုပြီး ငှားလိုက်တာပါ။

Rental balance ထဲကို ကလစ်လို့ ရတဲ့ငွေတွေ အမြဲဖြည့်ဖြည့်ထားပါ။ တကယ်လို့ Refer Avg Click က 2 အောက် ရောက်နေတယ်ဆိုရင် ဒါမှမဟုတ် သုံးရက်၊ လေးရက်လောက် inactive ဖြစ်နေတယ်ဆိုရင် Recycle လုပ်ပစ်ပြီး အသစ်နဲ့ လဲယူပါ။ ပိုက်ဆံကို လုံးဝ မထုတ်ပါနဲ့။ ကိုယ်တိုင်လဲ ပုံမှန်နေ့တိုင်း ကလစ်နေပါ။

Refer ဆီက ရတဲ့ဝင်ငွေရယ်၊ ကိုယ်တိုင်ကလစ်လို့ ရတဲ့ဝင်ငွေရယ်ဆိုရင် ၀င်ငွေက ပိုပိုကောင်းလာပါလိမ့်မယ်။ တပတ်ပြည့်လို့ Refer တွေ ထပ်ငှားလို့ ရတယ်ဆိုရင် ငွေလက်ကျန် ထားပြီး Refer တွေ ထပ်ငှားလိုက်ပါ။ Refer တွေ များလာလေလေ၊ ပိုပြီး ၀င်ငွေကောင်းလာလေလေ ဖြစ်ပါတယ်။

အဲဒီအတိုင်း ဆက်ဆက်ငှားသွားပြီး Refer 200 ပြည့်တာနဲ့ Refer ငှားတာကို ရပ်လိုက်ပါ။ ရှိပြီးသား Refer တွေကို avg click 2 ကျော်အောင် ဂရုစိုက်ပြီး နေပါ။ အဲဒီအချိန်မှာ ကိုယ်ရတဲ့ငွေကို သတိထားကြည့်ပါ။ ငွေအရကြမ်းလာတာကို တွေ့ရပါလိမ့်မယ်။

80$ ရသည်အထိ စုပါ။ 80$ ရပြီဆိုတာနဲ့ golden member အဖြစ် upgrade လုပ်လိုက်ပါ။ အဲဒီအချိန်မှာ Refer အရေအတွက်မတိုးပေးမယ့် membership upgrade လုပ်လိုက်တဲ့အတွက် ၀င်ငွေက နှစ်ဆတက်သွားပါလိမ့်မယ်။ အရင်ကထက်ပိုပြီး ငွေအရ များလာပါလိမ့်မယ်။

Refer တွေကို ဆက်ပြီးတော့ ငှားပါ။ Refer အရေအတွက် 2000 ရောက်ပြီဆိုတာနဲ့ ရပ်ပြီးတော့ ငွေကို စုပြီးတော့ Ultimate member ဖြစ်အောင် upgrade လုပ်လိုက်ပါ။ Utimate အဆင့်ကို ရောက်သွားပြီဆိုရင် ၀င်ငွေက တော်တော်ကိုများနေပါပြီ။ Refer 4000 အထိ ရအောင် ဆက်ဝယ်ပါ။ အဲဒီအချိန်ကျရင် ငွေတွေကို ထိုင်ကြည့်မနေပါနဲ့တော့။ Cash out လုပ်ပြီး ထုတ်ပါ။

နောက်ဆုံးအဆင့်ကတော့ အဲဒီ Refer 4000 ကို avg click တွေကို သေချာကြည့်ရင်းနဲ့ ငွေထုတ်နေရုံပါပဲ။ အဲဒီလိုဖြစ်ဖို့ကလည်း အချိန် သုံးနှစ်လောက်ထိ ပေးရပါမယ်။ စိတ်တော့ နည်းနည်း ရှည်ဖို့ လိုပါတယ်။ အောက်မှာ Membership အလိုက် Refer တွေဆီကနေရမယ့် တစ်နေ့ဝင်ငွေတွေကို တွက်ပြထားပါတယ်။

Standard Members:
200 Referrals x 0.005$ x 4 Ads per day = $4.00 per day

Golden Members:
200 Referrals x 0.01$ x 4 Ads per day = $8.00 per day
1000 Referrals x 0.01$ x 4 Ads per day = $40.00 per day
2000 Referrals x 0.01$ x 4 Ads per day = $80.00 per day

Ultimate Members:
4000 Referrals x $0.01 x 4 Ads per day = $160.00 per day

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်