How to Cashout in Probux


Probux ကနေ ငွေထုတ်ဖို့အတွက်ဆိုရင် အရင်ဆုံး အကောင့်ကို Login ၀င်လိုက်ပါ။ Main balance ထဲမှာ ရှိတဲ့ ငွေပမာကိုပဲ ထုတ်ယူလို့ ရတာပါ။ Rental ထဲကို ရောက်နေတဲ့ ငွေပမာဏကိုတော့ ထုတ်ယူလို့ မရပါဘူး။ Rental ထဲကို လိုသလောက်ပဲ ထည့်ထားဖို့ အကြံပေးချင်ပါတယ်။ Probux ကနေ ငွေထုတ်မယ် ဆိုရင် အနည်းဆုံး 5$ ပြည့်မှ ထုတ်လို့ရပါတယ်။


ငွေထုတ်ဖို့အတွက် Cashout ကို နှိပ်လိုက်ပါ။

ပြီးရင် ငွေထုတ်ချင်တဲ့ Payment Method ကို Payza, Paypal, Neteller စသည်ဖြင့် ရွေးပေးပါ။ ကျွန်တော်ကတော့ Paypal ကနေ ထုတ်မှာဖြစ်တဲ့အတွက် Paypal ကိုပဲ ရွေးလိုက်ပါတယ်။


ပြီးရင် ကျွန်တော်တို့ ငွေထုတ်မယ့် Paypal အကောင့်ရဲ့အီးမေးကို မှန်မမှန် စစ်ခိုင်းပါတယ်။ တကယ်လို့ ကိုယ့် Paypal အကောင့်ရဲ့ အီးမေးလိပ်စာမဟုတ်ဘူးဆိုရင် ပြန်ပြီးတော့ Probux အကောင့်ရဲ့ Setting ကနေ ပြန်ပြောင်းပေးဖို့ လိုပါတယ်။ ငွေလွှဲခ အနေနဲ့ Fee တော့ အနည်းငယ်ဖြတ်ပါတယ်။ အကောင့်အီးမေးမှန်တယ်ဆိုရင် Yes ကို နှိပ်လိုက်ပါ။
ပြီးရင် Probux ထဲက ငွေကို Paypal အကောင့်ဆီကို ပို့လိုက်ပြီဆိုတဲ့ Message တက်လာပါလိမ့်မယ်။ အဲဒါဆိုရင် Paypal အကောင့်ထဲကို Probux ကနေ ငွေလွှဲတာ ပြီးသွားပါပြီ။


ပြီးရင် Probux အကောင့်ထဲကို ၀င်ကြည့်လိုက်ပါ။ Main balance မှာ 0.0000$ ဖြစ်သွားတာကို တွေ့ရမှာပါ။


ပြီးရင် ကိုယ့်ရဲ့ Paypal အကောင့်ထဲကိုလည်း ၀င်ကြည့်လိုက်ပါ။ Probux ကနေ ငွေပို့ထားတာကို တွေ့ရမှာပါ။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်