ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော်

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော်
***********************

ပဲပုတ်အပါး......................၁၀ ချပ်
ဂျူးမြစ်............................၂၀ ကျပ်သား
မြေပဲလှော်........................၁၀ကျပ်သား
ကြက်သွန်နီ......................၄ လုံး
ကြက်သွန်ဖြူ.....................၁၀တက်
ငရုတ်ကြန်းမှုန်. ................၁ ဇွန်း( ထမင်းစားဇွန်း)
ဆား၊ အချိုမှုန်. ................သင့်ရုံ

ပဲပုတ်တွေကို အလျားလက်မ၀က် အနံ၁စင်တီမီတာအပိုင်းများဖြစ်အောင်ကပ်ကြေးနဲ.ညှပ်ပါ။

ဂျူးမြစ်တွေကို လက်မ၀လောက်လှီးဖြတ်ပြီးရေဆေး..စစ်ထားပါ။(ဖြစ်နိုင်ပါက
နေပူမှာ ၁နာရီလောက်လှန်းထားပါ)

မြေပဲလှော်တွေကို လုံးခြမ်းကွဲလောက်သာထောင်းပါ။

ကြက်သွန်နီ၊ အဖြူတွေကိုအရွယ်ညီပါးပါးလေးတွေလှီးပါ...။

ဒယ်အိုးတစ်လုံးမှာဆီများများဖြင့် ကြက်သွန်နီ ၊ ဖြူတွေကို ကြွပ်နေအောင်
သီးသန်.စီကြော်ပြီး.ဆီစစ်အအေးခံထားပါ။

နေလှန်းထားသောဂျူးမြစ်တွေကိုလည်း..ဆီပူပူမှာ..ကြွပ်အောင်ကြော်ပြီးဆီ
စစ်ထားပါ...။

ပိုလျှံနေသောဆီများကို စစ်ထုတ်ယူထားပြီး..လက်ကျန်ဆီအနည်းငယ်မှာ
ပဲပုတ်တွေကိုလည်း..ကြွပ်အောင်ကြော်ပါ။ (သတိပြုရမှာက ပဲပုတ်ကြော်ချိန်
မှာမီးကိုလျှော့ချထားရမှာဖြစ်ပြီး..မတူး ၊မခါးအောင်သတိပြုကြော်ပါ။

နောက်ဆုံး..ဆီအနည်းငယ်လေးမှာ..နနွင်းမှုန်.အနည်းငယ်ကိုဆီသတ်ပြီး
ငရုတ်ကြမ်းမှုန်.များထည့်ပြီးအိုးကင်းပူတိုက်တဲ့ပုံစံပြုလုပ်ပါ(မီးမပြင်းစေရ)
ဆား၊ အချိုမှုန်.လည်းပေါင်းထည့်ပါ။

မြေပဲထောင်းကိုဦးစွာထည့်ပြီး..ပဲပုတ်၊ ဂျုးမြစ်ကြော်၊ ကြက်သွန်နီ၊ ဖြူကြော်များထည့်ပြီး...သမအောင်မွှေပေးလိုက်ရင်..ပုံမှာပြထားသလို အဆင်ပြေပြေ..ဂျူးမြစ်၊ ပဲပုတ်၊ မြေပဲထောင်းကြော်လေးရပါပြီ..

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်