ဝက်ပုစွန် ဖက်ထုပ်ပြုတ်

ပါဝင်ပစ္စည်းများ
အသင့်လုပ်ပြီး ဖက်ထုပ်ဂျုံရွက် - ၃၅ရွက်
ကြက်ပြုတ်ရည် - ၁.၂လီတာ
ကြက်သွန်မြိတ်ပါးပါးလှီး - သုံးပင်။
အစာသွတ်ရန်
အဆီမပါဝက်သား - ၂၀ကျပ်သား(နုပ်နုပ်စဉ်းပါ)
အခွံနွှာပြီးပုစွန် - ၁၀ ကျပ်သား (နုပ်နုပ်စဉ်းပါ)
ကြွက်နားရွက်မှိုခြောက် - တစ်ကျပ်သား (ရေစိမ်ပြီးပျော့လျှင်နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်မြိတ်ပါးပါးလှီး - နှစ်ကျပ်ခွဲသား
ကြက်သွန်ဖြူမြိတ်ပါးပါးလှီး - နှစ်ကျပ်ခွဲသား
တရုတ်နံနံပင်ပါးပါးလှီး - နှစ်ကျပ်ခွဲသား
ဆား - အနည်းငယ်
နှမ်းဆီ - အနည်းငယ်
ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ်
ချက်ပြုတ်နည်း
၁။ အစာသွတ်ရန် ပစ္စည်းများကို ဆား၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့် သင့်ရုံတို့ကို ရောနှော၍နယ်ပါ။
၂။ ပြီးလျှင် ဖက်ထုပ်ရွက်များဖြင့်ထုပ်ပါ။
၃။ အားလုံးထုပ်ပြီးလျှင် ရေနွေးဆူဆူဖြင့် သုံးမိနစ်ခန့်ပြုတ်၍ ဆယ်ယူထားပါ။
၎။ ပြုတ်ပြီးဖက်ထုပ်များကို ကြက်ပြုတ်ရည်ထဲထည့်ကာ ဆူအောင်တည်ပါ။ နောက်ထပ် နှစ်မိနစ်ခန့်ချက်ပါ။
၅။ ပြီးလျှင် ကြက်သွန်မြိတ်ဖြူးကာ ပူပူနွေးနွေး သုံးဆောင်ပါ။
မှတ်ချက်
အကယ်၍ ဖက်ထုပ်ကို စွတ်ပြုတ်အရည်သောက်အစား အခြောက်စားချင်လျှင်တော့ ရေနွေးဖြင့် ပြုတ်၍ ဖက်ထုပ်များကို ရေစစ်ကာ ဆယ်ယူပါ ပဲငံပြာရည်အပျစ်၊ သကြား၊ ဆား၊ တရုတ်ဟင်းချက်ဝိုင်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်နုပ်နုပ်စဉ်း၊ တရုတ်နံနံနုပ်နုပ်စဉ်းနဲ့ စီချွမ်ငရုတ်သီးအနှစ်တို့ကို ရော၍ ပြုလုပ်ထားသော ဆော့စ်နှင့် တွဲဖက်သုံးဆောင်ပါ။

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

Bus ကား​ပေါ်က သမင်​မ​လေး

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်