သင်္ကြန်ရောက်ပြီ


သင်္ကြန်ရောက်ပြီ
လွမ်းစရာတစ်ခုကြုံတိုင်းမင်းကိုသတိရတယ်
အခုလဲသတိရပြန်ပြီ
တိုက်ဆိုင်တိုင်း
သတိရတယ်
ရှုခင်းလှလှမြင်ရင်သတိရတယ်
လွမ်းမောဖွယ်ကောင်းရင်းသတိရတယ်
မိုးတွေရွာရင်သတိရတယ်
နေတွေပူရင်သတိရတယ်
အချိန်တိုင်းလိုပဲ
အခုမောင်းမကန်လမ်းမှာ
ငုဝါပန်းတွေပွင့်နေလဲမင်းကိုသတိရနေတာပဲ
သင်္ကြန်မှာ ငါတစ်ယောက်တည်းပျော်ရမှာကိုတွေးရင်း
လွမ်းနေတယ်ချစ်သူ
ဒီသင်္ကြန်မတိုင်ခင်လေးမင်းနဲ့သာချစ်သူဖြစ်ခွင့်ရရင်
အသဲ အသက် ကိုယ့်ဘ၀တစ်ခုလုံးမင်းကိုပေးမယ်
ယုံကြည်မှာလား  ချစ်သူရယ်
သင်္ကြန်မှာချမ်းအေးနေတဲ့မင်းကို
ကိုယ်ရင်ခွင်နွေးနွေးနဲ့ပွေ့ဖက်ထားမယ်
မင်းဘ၀တစ်လျောက်ကိုယ့်ရင်နွေးငွေ့ကို
နွေးထွေးစွာခုံလှုံနိုင်စေရမယ်ချစ်သူရယ်
ငုဝါတွေပွင့်နေပြီ
ပိတောက်ပွင်ဖို့ မိုးတွေရွာပေးနေပြီ
ကိုယ့်အချစ်ကကော ဘယ်ချိန်များမှ
လန်းဆန်းလာဖို့  အချစ်မိုးတွေရွာနိုင်မှာလဲနော် 
                                      ပုံ
          လျှပ်တစ်ပျက်ခံစားချက်ဖြစ်  ချစ်သူသို့

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်