Online ပေါ်မှာ ကိုယ်ပိုင် လက်မှတ်တစ်ခု ထိုးကြည့်ရအောင်

Online ပေါ်မှာ ကိုယ်ပိုင် လက်မှတ်တစ်ခု ထိုးကြည့်ရအောင် လူတစ်ယောက်ဟာကိုယ်ပိုင်လက်မှတ်တစ်ခုကို တလေးတစားနဲ့ တန်ဖိုးထားသင့်တယ်ဆိုတာကိုကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ လက်မှတ်တွေ အများကြီးထိုးစရာ ကိစ္စတွေရှိလာတဲ့ အခါမှာ တစ်ခုချင်းစီမှာ လက်မှတ်လိုက်ထိုးဖို့ အဆင်မပြေတော့တာမျိုးတွေ ၇ှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ လက်မှတ်တစ်ခုကို ( အပျော်သဘောနဲ့ ပဲ ဖြစ်ဖြစ် ) online ကနေ ဖန်တီးပေးထားလို့ ရပါတယ်။ လွယ်လွယ်လေးပါပဲ။ ပထမဆုံး www.mylivesignature.com ကိုဝင်ပါ။ သူ့ မှာ လက်မှတ်တစ်ခု ဖန်တီးဖို့  အပိုင်း (၃) ပိုင်းရှိပါတယ်။ ပထမတစ်ခုက---သူပေးထားတဲ့ အဆင့်လေးတွေအတိုင်း လိုက်လုပ်ရတာပါ။ creationwizard လို့ ခေါ်ပါတယ်။ ပထမဆုံး ကိုယ့်အမည်ကို ရိုက်ထဲ့ပေးရုံပါပဲ။ပြီးရင်သူ့ အဆင့်လေးတွေအတိုင်းလိုက်လုပ်သွားရမှာပါ။နောက်ဆုံးအဆင့်မှာမှာ save လုပ်ပြီးယူရပါတယ်။ html နဲ့လိုချင်ရင်လဲထုတ်ပေးတာမို့  blog ရေးနေတဲ့ ဘော်ဒါတွေသည်းခြေကြိုက်ဖြစ်မှာပါ။ နောက်တစ်ခုက -- mouse ကိုသုံးပြီး paint ထဲမှာပုံဆွဲသလို ဆွဲပေးရမှာပါ။ တတိယတစ်ခုကတော့---scan ဖတ်ထားတာကို သုံးပြီး ဖန်တီးရတာပါ။ ကျွန်တော်စမ်းကြည့်တာတော့ပထမဆုံးနည်းကမဆိုးဘူးဗျ။ ဒါပေမဲ့ လူဆိုတာကလဲ အကြိုက်ကတစ်မျိုးစီဆိုတော့ကိုယ်တိုင်သုံးကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ crazybagက member တွေonline ပေါ်မှာ လက်မှတ်တစ်ခု ဖန်တီးကြည့်ရင်းပျော်ရွှင်နိုင်ကြပါစေခင်ဗျာ...။ အဆင်မပြောတာရှိရင်လဲပြောပေးကြပါ။ ။
အရူးလွယ်အိပ်မှကူးယူသည်

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်