California Roll


ပါဝင်ပစ္စည်းများ
ရေညှိအပြားကြီး၊
ဆူရှီထမင်း၊
ပုစွန်ဥ၊
ပုစွန်၊
ကဏန်းချောင်း၊
ဂျပန်သခွားသီး၊
ထောပတ်သီး၊
ဆလတ်ရွက်၊
တရုတ်မျှစ်၊
မယောနိစ်၊
ရှလကာရည်။
ပြုလုပ်နည်း
ဆူရှီထမင်းရဖို့ ထိုင်းဆန်ကို ရှလကာရည် အနည်းငယ်နဲ့နှပ်ပြီး ချက်ပါ။ ရလာတဲ့ ထမင်းကို ရေညှိပြားပေါ်မှာ ဖြန့်တင်ပြီး ကပ်သွားအောင် လက်နဲ့ တဖြည်းဖြည်းနှိပ်ပေးပါ။ ပြီးရင် ထမင်းပေါ်ကို အချောင်းသေးသေးလေး ဖြတ်ထားတဲ့ တရုတ်မျှစ်၊ သခွားသီး၊ ကဏန်းချောင်း၊ ဆလတ်ရွက်၊ ပုစွန်နဲ့ ထောပတ်သီးတို့တင်ပြီး လိပ်ပါ။ ရလာတဲ့ ထမင်းလိပ်ကို ပုစွန်ဥတွေနဲ့ရောမွေပြီး ခြောက်တုံး၊ ခုနစ်တုံးခန့် လှီးလိုက်ပါ။ တည်ခင်းဖို့အတွက် ပန်းကန်ထဲသို့ လှလှပပ စီထည့်ပြီး မယောနိစ်နဲ့ ပုစွန်ဥကို အပေါ်က ထပ်တင် ပြီးပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။ ပုစွန်ဥကျွတ်ကျွတ်လေးနဲ့ အရမ်းကိုနူးညံ့ပြီး ခပ်စိမ့်စိမ့်အရသာရှိတဲ့ ထမင်း၊ ပြီးတော့ ထည့်ထားတဲ့ အသားနဲ့ အသီးအရွက် တွေအားလုံးဟာ စားရတာ တကယ်ပဲအစပ်အဟပ် တည့်လှပါတယ်။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်