ရှားပါးသောမြန်မာပြည်မှ ဓါတ်ပုံများ တဲ့ (ကျန်တာလေးတွေထပ်တင်တာ)
ဒုတိယကမ္ဘာစစ်ကာလ အတွင်း ဗြိတိသျှတော်ဝင်လေတပ်မှ အရာရှိ
Squadron Leader Joseph Heaven နှင့် မုံရွာမြို့အနီး ကျေးရွာတရွာမှ မြန်မာကလေးငယ်တဦး

၁၈၉၀ ခုနှစ် ကျိုက်ထီးရိုး ဘုရားမြင်ကွင်း(ဘာမှကို မရှိသလောက်အောင် ပြောင်ရှင်းနေတာပါလား။ လူစုစုရပ်နေသော နေရာမှာ ရင်ပြင်တော် မုဒ်ဦး နားမရောက်ခင် ဈေးတန်း အနောက်နားမှ ရသေ့တောင်သို့ ဆင်းသော လမ်းတနေရာဖြစ်သည်ဟု မှန်းဆမိပါသည်။)

၁၉၀၀ ပြည့်နှစ်ဝန်းကျင် မြန်မာနိုင်ငံမှ ပွဲလမ်းသဘင်တခု

တချိန်တုန်းက မန္တလေး

ဒုတိယကမ္ဘာစစ်ကာလ အတွင်း ဂျပန်လက်အောက်မှ လွတ်မြောက်လာခါစ ပခုက္ကူ မြို့ရောက် မြန်မာ အမျိုးသမီး စစ်သူနာပြု Sarah Bwe (ကရင် အမျိုးသမီး ဖြစ်နိုင်ပါသည်။)

ဒုတိယကမ္ဘာစစ်ကာလ အတွင်း မြန်မာပြည်အလယ်ပိုင်းရှိ သဲချောင်းပေါ်မှ အင်္ဂလိပ်တပ်များ

ဒုတိယကမ္ဘာစစ်ကာလ အတွင်း မြန်မာပြည်ရှိ ဂျပန်တပ်များအတွက် ဗြိတိသျှ တော်ဝင်လေတပ်မှ လက်ဆောင်ပေးခဲ့သော ဗုံးတလုံး
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Comments
Post a Comment