Posts

Showing posts from 2015

အမှားကို​ကြောက်​ခြင်း

အလုပ်နဲ့ပက်သက်ပြီး​​​အမှားကျူး လွန်​ရမှာကိုလုံးဝမ​ကြောက်​ပါနဲ။့ ငါလုပ်​ရင်​မှားများမှားသွားမလားလုံးဝမစိုးရိမ်​ပါနဲ့။ မှားတာဟာမ​ကောင်းဘူး မှားရင်​ဘ၀ပျက်​သွားနိုင်​တယ်​လို့တစ်​ချို့ကဆိုကြပါတယ်။ အဲဒါဟာအမှားမလုပ်​ဘဲသာမန်​ဘ၀မှာကိုယ်​​ယောက်​​ပျောက်​​နေကြတဲ့ လူ​တွေရဲ့စကားပါ။ နားမ၀င်​ပါနဲ့။ မှားသွားမှာမ​ကြောက်​ပါနဲ့။ များများမှားပါ။ မှားကသင်​ခန်းစာယူပါ။ ​ကျောင်းကသင်​​ပေးလိုက်​တဲ့မှားတာမ​ကောင်းဘူးဆိုတဲ့အသိ ​တွေ​ဝေ​နေတဲ့စိတ်​​တွေထုပ်​ပြစ်​လိုက်​ပါ။ ကိုက​ကောင်းတယ်​ထင်​​ရွေးချယ်​ထားတဲ့အလုပ်​ကိုမှားမှားမှန်​မှန်​မရှက်​မ​ကြောက်​လုပ်​ပါ။ ​အောင်​မြင်​​နေတဲ့လူ​တွေဟာအမှားများဆုံးလုပ်​တဲ့လူ​တွေပါ ။ မ​အောင်​မြင်​တဲ့သူ​တွေဟာ မှားမှာ​ကြောက်​တာနဲ့အမှန်​ကိုမ​ရောက်​နိုင်​သူ​တွေပါ။ ဘယ်​သူဘာ​ပြော​ပြောအ​ရေးကိုမစိုက်​ပါနဲ့။ သင့်​ဘ၀ကိုသူ့ပါးစပ်​ထဲလမ်းမဆုံးပါ​စေနဲ့။ ဒီလိုအမှား​ကြောက်​လို့ ကဲ့ရဲ့ခံရလို့ ​ပျောက်​သွားမယ်​ဆိုရင်​။ သင်​မ​ပေါ်နိုင်​​တော့ပါဘူး မြန်​မြန်​လုပ်​ များများမှား မှန်​မှန်​ပြင်​ မြန်​မြန်​​အောင်မြင်ကြပါ​​စေ။