အမှားကို​ကြောက်​ခြင်း

အလုပ်နဲ့ပက်သက်ပြီး​​​အမှားကျူး လွန်​ရမှာကိုလုံးဝမ​ကြောက်​ပါနဲ။့
ငါလုပ်​ရင်​မှားများမှားသွားမလားလုံးဝမစိုးရိမ်​ပါနဲ့။
မှားတာဟာမ​ကောင်းဘူး မှားရင်​ဘ၀ပျက်​သွားနိုင်​တယ်​လို့တစ်​ချို့ကဆိုကြပါတယ်။
အဲဒါဟာအမှားမလုပ်​ဘဲသာမန်​ဘ၀မှာကိုယ်​​ယောက်​​ပျောက်​​နေကြတဲ့ လူ​တွေရဲ့စကားပါ။
နားမ၀င်​ပါနဲ့။
မှားသွားမှာမ​ကြောက်​ပါနဲ့။
များများမှားပါ။
မှားကသင်​ခန်းစာယူပါ။
ကျောင်းကသင်​​ပေးလိုက်​တဲ့မှားတာမ​ကောင်းဘူးဆိုတဲ့အသိ ​တွေ​ဝေ​နေတဲ့စိတ်​​တွေထုပ်​ပြစ်​လိုက်​ပါ။
ကိုက​ကောင်းတယ်​ထင်​​ရွေးချယ်​ထားတဲ့အလုပ်​ကိုမှားမှားမှန်​မှန်​မရှက်​မ​ကြောက်​လုပ်​ပါ။
အောင်​မြင်​​နေတဲ့လူ​တွေဟာအမှားများဆုံးလုပ်​တဲ့လူ​တွေပါ ။
မ​အောင်​မြင်​တဲ့သူ​တွေဟာ မှားမှာ​ကြောက်​တာနဲ့အမှန်​ကိုမ​ရောက်​နိုင်​သူ​တွေပါ။
ဘယ်​သူဘာ​ပြော​ပြောအ​ရေးကိုမစိုက်​ပါနဲ့။
သင့်​ဘ၀ကိုသူ့ပါးစပ်​ထဲလမ်းမဆုံးပါ​စေနဲ့။
ဒီလိုအမှား​ကြောက်​လို့ ကဲ့ရဲ့ခံရလို့ ​ပျောက်​သွားမယ်​ဆိုရင်​။ သင်​မ​ပေါ်နိုင်​​တော့ပါဘူး

မြန်​မြန်​လုပ်
များများမှား
မှန်​မှန်​ပြင်
မြန်​မြန်​​အောင်မြင်ကြပါ​​စေ။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်