ပျိုမေတို့ အတွက်လက်သည်းပုံစံလှလှလေး ကိုယ်တိုင်ဖန်တီးရအောင်


လက်သည်းအလှဆင်တာကို လူတိုင်းနှစ်သက်စွာပြုလုပ်နေကြပါပြီ။ လက်သည်းကို လှလှလေး ပြင်ဆင်ထားတာကြောင့် သင့်လက်ကလေးကို ပိုပြီးလှပနေစေသလို ယုံကြည်မှုလည်း ပိုစေပါတယ်။ လွယ်ကူပြီး လှပမှုရှိတဲ့ ပုံဖော်မှုလေးတွေကို ကိုယ်တိုင် ပြုလုပ်နိုင်အောင် ဖော်ပြပေးလိုက် ပါတယ်။ အောက်ခံ လက်သည်းနီ အရောင်ပေါ်မှာ အနက်ရောင်းလေးနဲ့သာ အလှဆင်ပေးနိုင်ပါတယ်။
၁။ ကြည်လင်လှပနေစေဖို့
အောက်ခံ လက်သည်းနီအကြည်ကို ဆိုးပြီးချိန်မှာတော့ လက်သည်းထိပ်ပိုင်းလးကို ငွေမှုန်ပါတဲ့ လက်သည်းဆိုးဆေးနဲ့ဆိုးပါ။ အနက်ရောင် လက်သည်းဆိုးဆေးကို သွားကြားထိုးတံလေးနဲ့ လက်သည်းရဲ့ ဘေးတစ်ဖက်စီမှာ အစက်ကလေးတွေ လိုက်ချလိုက်ပါ။
၂။ အသားဆောင်တဲ့ဒီဇိုင်း
အုတ်ကျိုးရောင် ခပ်ဖျော့ဖျော့လေးဟာ သင့်အသားအရောင်ကို ပိုပြီးလင်းနေစေပါတယ်။ အုတ်ကျိုးရောင် ငွေမင်လက်သည်းဆိုးဆေးကို လက်သည်းထိပ်ပိုင်းလေးကိုဆိုးပြီး လက်သည်းဆိုးဆေး အနက်ရောင်ကို စုတ်တံအသေးလေးနဲ့ နှစ်ကြောင်းစီလိုက်ခြစ်ပေးပါ။
၃။ ဆွဲဆောင်မှုပိုစေဖို့
ငွေရောင်၊ ပုလဲရောင်၊ နို့နှစ်ရောင် စတဲ့လက်သည်းဆိုးဆေးအရောင်ပေါ်မှာ လက်သည်းဆိုးဆေးအမည်းရောင်ကို အစက်လေးတွေ၊ ဒေါင်လိုက်စင်းလေးတွေ၊ ဘေးတစောင်းအစင်းလေးတွေ ဖန်တီးကြည့်ပါ။
၎။ သစ်ရွက်ပုံစံ
အောက်ခံလက်သည်းနီ အရောင်ထက် အနည်းငယ် ပိုဖျော့တဲ့ လက်သည်းနီအရောင်ကို သစ်ရွက်လေးအဖြစ် သုံးပေးပါ။ အနက်ရောင် လက်သည်းဆိုးဆေးနဲ့ သစ်ရွက်ပုံစံလေး ဖန်တီးပါ။
၅။ ဘယ်ရီသီးဒီဇိုင်း
အနီရောင်၊ ခရမ်းရောင်နဲ့ အပြာရောင်လေးတွေနဲ့လည်း အလှဆင်နိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ လက်သည်းနီအရောင်ကိုဆိုးပြီးမှ လက်သည်းထိပ်ပိုင်းလေးကို အစိမ်းရောင် တောက်တောက်လေး ဆိုးလိုက်ပါ။ လက်သည်းဆိုးဆေး အနက်ရောင်ကို ပထမလက်သည်းဆိုးဆေးပေါ်မှာ အစက်လေးတွေလိုက်ချပေးပါ။
၆။ ပျိုမေတို့အကြိုက်
ကိုယ် ကြိုက်နှစ်သက်တဲ့ အောက်ခံ အရောင်ပေါ်မှာ လက်သည်းရဲ့ ထောင့်တစ်နေရာ ကနေ ထန်းလက်သုံးလက်ပုံစံ ဖြာထွက်နေအောင် ဆွဲပေးပါ။ အောက်ခံလက်သည်းနီ အရောင်ထက်ဖျော့တဲ့ အရောင်ကို ရွေးချယ်ပုံဖော်ပေးပါ။
Ref :Good Healthမှာပြန်လည်မျှဝေပါတယ်...

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

Bus ကား​ပေါ်က သမင်​မ​လေး

Android မှာ ကျားထိုးမယ် ( Checkers Game for Android )